တစ်စုံတစ်ယောက်စီကဘဲဖြစ်ဖြစ်၊ Crush ဆီကဘဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကနေဘဲဖြစ်ဖြစ် Move on လုပ်ဖို့ ဆိုတာ လူတိုင်းခေါင်းစားရတဲ့ အခြေအနေတစ်ခုပါ။

နည်းလမ်းအမှားတွေ သုံးမိပြီး ပိုဆိုးလာတာမျိုး၊ နေသားမကျတာမျိုးတွေရှိနေကြတာမို့ ဒီ မေးခွန်း ကတော့ အမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီတော့ ဘယ်လို နည်းလမ်းတွေက Move on လုပ်တဲ့ အခါမှ အသုံးဝင်နိူင်မလဲ ဆိုတာ ဝေမျှပေးသွားပါမယ်နော်။

1. လက်ခံခြင်း

ခြေလှမ်းသစ်တစ်ခုကို စတင်ဖို့ အတွက် ဖြစ်သွားတဲ့ အခြေအနေတွေကို အရင်ဆုံး လက်ခံနိူင်အောင် ကြိုးစားပါ။ သူကတော့ ဒီလို မလုပ်လောက်ပါဘူး။ ဒီလို မဖြစ်နိူင်ပါဘူးဆိုပြီး အတွေးများနေမယ့် အစား ဒီကိစ္စက ဖြစ်သွားပြီးပြီ။ နောက်ပြန်လှည့်လို့ မရတော့ဘူးဆိုတာကို ကိုယ်တိုင် လက်ခံကြည့်ပါ။

2. ရုန်းထွက်ခြင်း

အရာရာကို လက်ခံပြီးပြီဆိုရင်တော့ ကိုယ့် စိတ်ထဲမှာ ဒီ အခြေအနေကနေ ရုန်းထွက်မယ် သေချာပြီဆိုတဲ့ အနေအထားရှိရပါမယ်။ ပုံမှန် ကိုယ်နေနေကြ အခြေအနေတစ်ခုမှာဆက်ရှိနေသရွေ့ အရင်က အတွေးမျိုးတွေနဲ့ ဆက်ပြီးပိတ်လှောင်နေဦးမှာပါ။ ဒါကြောင့် ကိုယ့်အတွက် အခြေအနေအသစ်တစ်ခုကို ဖန်တီးဖို့လိုအပ်ပါတယ်။

3. ပြောင်းလဲခြင်း

ဘာတွေပြောင်းလဲရမလဲဆိုတော့ ကိုယ်ထွက်သွားချင်နေတဲ့ အခြေအနေတစ်ခုက လူတွေနဲ့ အဆက်အဆံ မလုပ်ဖို့ရယ်၊ နေ့စဉ် လှုပ်ရှားမှုတွေရယ်ပါ။ ကိုယ် အိပ်နေကြ၊ ထနေကြ အချိန်မဟုတ်တာ၊ စားနေကြဆိုင်မဟုတ်တာ၊ ကြည့်နေကြရုပ်ရှင် အမျိုးအစားမဟုတ်နာ စသဖြင့် အကျင့်သေးသေးလေးတွေကနေ အသစ်တွေကို ကိုယ်တိုင် ရှာကြည့်တာပါ။

ပတ်ဝန်းကျင်အသစ်၊ သူငယ်ချင်းအသစ် ရှာလို့လည်းရသလို Facebook သုံးနေကြသူက IG တို့ YouTube တို့ပြောင်းလဲသုံးလို့ရပါတယ်။ မဖြစ်နိူင်ဘူးထင်ပင်မယ့် ပြောင်းလဲမှုကို သဘောကျတဲ့ လူ့သဘာဝဖြစ်လို့ အချိန်တစ်ခုဘဲလိုအပ်ပါတယ်။

4. အဆိုးဆုံးအရာတွေကို မလုပ်နဲ့။

ဒါက လူတော်တော်များများလုပ်မိကြပါတယ်။ ဘာလဲဆိုတော့ ကိစ္စတစ်ခုခုဖြစ်သွားရင် ပါဝင်သမျှလူတိုင်းကို ရန်သူအဖြစ် ထားလိုက်တာပါ။ ဥပမာ- Block လိုက်တာမျိုး၊ တကယ်တမ်းကျတော့ Block လိုက်ပင်မယ့်လည်း ကိုယ်က ပြန် လိုက်ရှာမိတာမျိုး ၊ သူငယ်ချင်းတွေက လာပြနေကြတာမျိုးရှိနိူင်တာမို့ unfollow, unfriend တွေကို လုပ်လို့ရပါတယ်။ ကိုယ် Block ထားတာမဟုတ်မှန်းလဲ တခြားသူတွေသိပါစေ။

ဒါမှ တင်သမျှလာပြီး မပြကြမှာပါ။ လူတွေက စိတ်က Block ထားတဲ့သူတွေကို ပြန်ကြည့်ချင်ကြပြီး friend list ထဲရှိနေရင် သိပ် မကြည့်ဖြစ်ကြပါဘူး။ အပြင်လောကမှာလည်း ရန်သူကြီးလို မတွေးလိုက်ပါနဲ့။ အဲ့ဒီစိတ်က ကိုယ့်ကို ပူလောင်စေပြီး ဘဉ်အရာမဆို လိုက်ပြိုင်ချင် သိချင်နေမှာမို့ သာမန် လူတွေအဖြစ် သဘောထားလိုက်ပါ။

5. အနားယူပါ။

Social Media သုံးတာ၊ ရုပ်ရှင်ကြည့်တာတွေက တစ်ချို့ အတွက် အကျိုးသိပ်မရှိတာကြောင့် ဖြစ်နိူင်ရင် လုံးဝ အနားယူလိုက်တာ ကောင်းပါတယ်။ Facebook ဖျက်နိူင်ရင် ဖျက်ပါ။ ကျမဆို အရင်က Fb ကို ဖျက်ပြီး ပြန်ပြန်ကြည့်ချင်နေတာမို့ မဖျက်ဘဲ ဒီတိုင်းထားပြီး ဖွင့်အကြည့်တဲ့ နည်းက ပိုပြီး အသုံးဝင်ပါတယ်။ ဒါကြောင့် ကိုယ် Break ယူတဲ့ နည်းက စိတ်ထဲ ဘာမှရှိမနေဘဲ သေချာအနားယူတယ်ဆိုတာမျိုး ဖြစ်စေချင်တာမို့ စိတ်ရှင်းတာမှန်သမျှ အကုန် လုပ်ပါ။

6. အလုပ်များပါစေ။

ငြိမ်ငြိမ်နေလေ အတွေးပိုများလေဆိုသူတွေအတွက် To do list တွေ တစ်သီကြီးနဲ့ နေ့တိုင်း အလုပ်ရှိနေအောင် လုပ်ပါ။ ဒါဆို အလုပ်လည်း အများကြီးပြီးသလို အလုပ်ရှုပ်နေတာဟာ Move on လုပ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ကိုယ့်အတွက်လည်း အောင်မြင်မှုတွေရနိူင်တဲ့ အချက်ပါ။

7. မျှော်လင့်ချက်မထားနဲ့။

ဖုန်းလေးများ၊စာလေးများဝင်လာမလာဆိုပြီး မမျှော်ပါနဲ့။ အရာအားလုံးက ပြီးဆုံးသွားတာမို့ အတွေးတွေနဲ့ အမှားအမှန်တွေ၊ မဖြစ်နိူင်တာတွေကို စဉ်းစားမနေပါနဲ့တော့။ ကိုယ့်အတွက် ကနေ့ဟာ ဘယ်လိုနေ့ဖြစ်မလဲဆိုတာလောက်ဘဲ တွေးပြီး အကောင်းဆုံးနေသင့်ပါတယ်။

8. ခံစားပါ။

ဘာကိုမှဟန်ဆောင်ပြီး ကြိတ်မှိတ် Move on လုပ်စရာမလိုပါဘူး။ ဝမ်းနည်းစရာရှိရင် ဝမ်းနည်း၊ ငိုစရာရှိရင်ငို ပြီးရင် လုပ်စရာရှိတာဆက်လုပ်တာဟာ သင့်အတွက် Move on ဖြစ်နေတာပါ။ ကိုယ်တိုင် ဒီ ခံစားချက်တွေကို တဖြည်းဖြည်း မှေးမိန်အောင် ကြိုးစားနေဆဲ ကာလမို့ ဟန်ဆောင်စရာ ဘာမှ မလိုပါဘူးနော်။

9. စကားပြောပါ။

စကားပြောချင်တဲ့သူမှန်သမျှနဲ့ သွားပြောပါ။ ကိုယ်ခံစားနေရတဲ့ အရာက လွှဲရင် တခြားအကြောင်းအရာတွေကို focus ထားပြောပါ။ ဘာလို့လဲဆ်ု ကိုယ့်အကြောင်းဘဲ ပြောနေရင် ရင်ဖွင့်တဲ့ သဘောဖြစ်မှာဆိုပြီး နှစ်ယောက်လုံး ပြောလို့ရတဲ့ စကားဝိုင်းဖြစ်ပါစေ။

10. တစ်ယောက်တည်းမကျော်ဖြတ်နဲ့။

အခြေအနေအသစ်တစ်ခုဆီ သွားနေတာမို့ သူငယ်ချင်းအသစ်၊ အတွေးအသစ်၊ အတွေ့အကြုံအသစ်တွေ လိုကို လိုအပ်ပါတယ်။ အခန်းထဲတံခါးပိတ်အဆွေးသီချင်းနားထောင်နေတာက Move on လုပ်တာကို ဘာမှ အားမပေးတဲ့အတွက် ကိုယ်က စိတ်ရော လူရော အသစ်ဆိုတာမျိုးနဲ့ ဖြတ်သန်းဖို့က အရေးကြီးပါတယ်။

Move on လုပ်နိုင်ပါတယ်

ဒီလို ယုံကြည်ထားပါ။ အခြေအနေတစ်ချို့နဲ့ အချိန်အနည်းငယ်ဘဲလိုပါတယ်။ စကတည်းက မဖြစ်နိူင်ဘူးလို့ တွေးထားရင် ခက်ခဲပါတယ်။ ကိုယ်ဟာ လူသားတစ်ယောက်မို့ Move on လုပ်တာဟာ ထင်သလောက် မခက်ခဲပါဘူး။

ဒီလိုဘဲ လုပ်စရာတွေ၊ အောင်မြင်စရာတွေ၊ ပျော်ရွှင်စရာတွေ အများကြီး ထပ်ရှိနေသေးတဲ့ အတွက် ကြိုးစားပြီး Move on လုပ်ခဲ့ကြတဲ့သူတွေချည်းဘဲမို့ ကိုယ့်ကိုကိုယ် လည်းလုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။