မင်္ဂလာပါ…. hug fun ကလေးတို့ရေ
ဒီနေ့မှာတော့ ပျော်ရွှင်စရာလေးတွေနဲ့အတူ fun ကလေးတွေကို နှုတ်ဆက်လိုက်ပါတယ်နော်
သီတင်းကျွတ်ပြီးခါစလည်းဖြစ်သလို ဆောင်းရာသီရဲ့ အငွေ့အသက်လေးတွေ စတင်ခံစားရတဲ့ ကာလလေးမို့ သဘာဝတရားကြီးက fun လေးတွေရဲ့စိတ်ကို ကြည်နူးမှုလေးတွေ ပေးစွမ်းနေမှာပါ ဒီလိုအချိန်မှာ နေ့စဉ် တက်ကြွပျော်ရွှင်နေစေဖို့ Daily Planner လေးကို ဖော်ပြပေးလိုက်ပါတယ်နော် ရာသီဥတုက အေးလာပြီမို့ ဒီ Planner လေးအတိုင်း အစဉ်လိုက် လိုက်လုပ်ကြည့်လိုက်တော့နော်
(၁) အိပ်ရာစောစောထပါ မင်မင်ကတော့ နံနက် ၅နာရီထပါတယ်နော် ရေကို ဖန်ခွက်တစ်ခွက် သောက်ပါ ပြီးရင် သန့်ရှင်းရေးလုပ်ချိန် မိနစ် ၃၀ ယူပါ ရေမချိုးပါနဲ့အုံးနော်
(၂) ပီးတာနဲ့ အိမ်ရဲ့ဝရန်တာလေးကိုထွက်ပါ လေအေးလေးတိုးဝေ့လာတာနဲ့အတူ လတ်ဆတ်နေတဲ့ လေကို တစ်ဝကြီး ရှုပါ ၃မိနစ်ခန့်အချိန်ယူပါ၊ ပီးရင်တော့ ကိုယ်လက် လေ့ကျင့်ခန်း လှုပ်ရှားမှုတစ်ခုခု လုပ်ပါ ကြိုက်နှစ်သစ်တဲ့ Music လေးတစ်ခုကို နားကျပ်လေးတပ်ပြီး နားထောင်ပါနော်
(၃) ပြီးရင်တော့ ချွေးထွက်လာတာနဲ့ ရေငတ်လာပါလိမ့်မယ် ချွေးကို ပုဝါလေးနဲ့သုတ်ပြီး ကုန်ခန်းသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ဖို့ ရေကို ဝအောင်သောက်ပါနော် ပြီးရင်တော့ အမောလည်းဖြေ ချွေးတိတ်အောင်လည်းစောင့်ရင်း ခဏနားရင်း လေကို တစ်ဝရှုပါ
(၄) ကဲ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်က တော်တော်လေး ပေါ့ပေါ့ပါးပါး ဖြစ်လာပါပြီ ရေချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်ပါတော့မယ်နော် စိတ်ကြိုက် ဖီး/လိမ်း/ ခြယ်/သ ပြီးရင်တော့ သပ်ရပ်ပြီး စမတ်ကျတဲ့ ယူနီဖောင်း ဒါမှမဟုတ် မိမိအလုပ်နဲ့သင့်တော်မဲ့ Dress တစ်ခုခု စမတ်ကျကျ လှလှပပ လေး ဝတ်ပြီး ကိုယ်လုံးပေါ်မှန်မှာ မိမိကိုယ်ကို တစ်ဝကြီး ကြည့်ပါနော် အလတ်ဆတ်ဆုံး အပြုံးလေးနဲ့ တစ်ဝကြီး ပြုံးပါ ပြီးရင်တော့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာအရ ဘုရားကို အာရုံပြုဆုတောင်းပါ တစ်နေ့တာ အင်အားတွေ အပြည့်ရပါလိမ့်မယ်
(၅) ကဲ ရုံးသွားဖို့ အဆင်သင့်ဘဲဆိုရင်တော့ အကြိုက်ဆုံး မနက်စာကို စိတ်ကြည်လင်စွာနဲ့ စားလိုက်ပါနော် မနက်စာဟာ ခန္ဓာကိုယ်မှာ တစ်နေ့လုံးအတွက် လိုအပ်တဲ့ အဟာရကို ဖြည့်တင်းပေးတာမို့ ဂရုတစိုက်လေး စားပါနော်
(၆) ရုံးရောက်လို့ အလုပ်စလုပ်ပြီဆိုတာနဲ့ စိတ်ကို ကြည်လင်နေအောင် ဂရုစိုက်ပါ သတိရတိုင်းစ ပြုံးပါ ဒါဆိုရင်တော့ အလုပ်ထဲမှာ တစ်နေ့တာ ကြုံတွေရသမျှ ပြသနာတွေက အဆင်ပြေစွာ အောင်မြင်စွာနဲ့ကို ပြေလည်နေတော့မှာပါနော်
(၇) ကဲ အခုဆိုရင် နေ့ခင်းစာ စားချိန်တောင်ရောက်လာပါပြီ နေ့ခင်းစာကို အချိန်မကျော်လွန်ခင် စားဖို့ ဂရုစိုက်လိုက်ပါနော် အလုပ်လေးကို စနစ်တကျ စီမံခန့်ခွဲဖို့ နေ့လည်စာ စားချိန် သတ်မှတ်တာလေးကလည်း အထောက်အကူပြုပါလိမ့်မယ်
(၈) အရေးကြီးဆုံးက နေ့ခင်းစာစားပြီးတာနဲ့ မထိုင်မိဖို့ပါနော် လမ်းလေးလျှောက်ပါနော်
(၉) ကဲအခုဆိုရင်တော့ တစ်နေ့တာ အလုပ်လုပ်ရတာက ပျော်စရာအကောင်းဆုံး စိတ်ခွန်အားအပြည့်နဲ့ အဆင်ပြေပြေ ဖြတ်သန်းနေနိုင်ပါပြီနော် ဘယ်လောက်တောင် ပြီးပြည်စုံလိုက်တဲ့ လုပ်ငန်းခွင်လေးလဲ စိတ်ကလည်း ကြည်နေတယ် အလုပ်ကလည်း အဆင်ပြေနေတယ် အဟာရကလည်း ပြည့်ဝနေတယ် လေ့ကျင့်ခန်းလုပ်ထားလို့ ခန္ဓာကိုယ်ကလည်း ပေါ့ပါးနေရော
(၁၀) ကဲ ရုံးဆင်းလို့ ညနေအိမ်ပြန်ပါပြီနော် ဒီအချိန်မှာ အရေးကြီးဆုံးက ညနေပိုင်း Workout ပါနော် Fitness Center မသွားနိုင်လည်း အိမ်မှာ ချွေးထွက်တဲ့အထိ အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာလေးမှာ မိနစ် ၃၀ ခန့် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ဖို့ မမေ့ပါနဲ့နော် တစ်နေကုန် ကုန်ခမ်းထားတဲ့ အင်အားတွေ ပင်ပန်းထားသမျှတွေအတွက် ကိုယ်ကြိုက်တဲ့ Music လေး နားထောင်ပြီး လှုပ်လှုပ်ရှားရှာလေး လုပ်လိုက်ပါ
(၁၁) ကဲ ချွေးတိတ်အောင်စောင့်နော် ရေအဝသောက် ပြီးမှ ရေချိုးပါရှင် ရေချိုးပြီးရင်တော့ ညနေစာ စားချိန်ကို အတတ်နိုင်ဆုံး စောစော စားပါနော် ညနေပိုင်းက ကိုယ်ပိုင်အချိန်လေး ဖြစ်လို့ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခု လုပ်ရင်း မအိပ်ခင် စိတ်ခွန်အားကို ပြင်ဆင်ပါ
(၁၂) အရေးအကြီးဆုံးကတော့ မအိမ်ခင် ကိုယ်ကြိုက်တာတွေဘဲ လုပ်ပါ ပြောပါ နားထောင်ပါ ဒါဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အရေးအကြီးဆုံးအချက်ပါနော် ကဲအခုဆိုရင်တော့ နှစ်ခြိုက်စွာ အိပ်စက်ရင်း မနက်ဖြန်တိုင်းအတွက် ဒီတိုင်းလေး ပြုမူနေထိုင်သွားမယ်ဆိုရင်တော့ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါပြီနော်
ဒီစာစုလေးမှာ အလုပ်ကို ပျော်ရွှင်အောင်ဘယ်လိုလုပ်ပြီး ပျော်ရွှင်စွာ အောင်မြင်ဖို့ လျှို့ဝှက်ချက်လေးတွေကို ရအောင်ရှာလိုက်ပါနော်…..
ချစ်ခြင်းဖြင့် …
Hug for you…..
