မိုးအေးအေးမှာ အလိုအပ်ဆုံး အနွေးဓာတ်ကိုပေးနိုင်တဲ့အရာကို ပြောပါဆိုရင် ချစ်ရသူရဲ့ နွေးထွေးမှုနဲ့ အရည်သောက် ဟင်းရည်ပူပူလေးတစ်ခွက်ကိုပဲ ညွှန်းရလိမ့်မယ်ထင်ပါတယ်။ မိုးရာသီနဲ့လည်းလိုက်ဖက်ပြီး ပုံမှန်နဲ့မတူတဲ့ အသစ်အဆန်းလေးတွေကိုမှ မြည်းစမ်းကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ဒီတစ်ခါမှာတော့ ဒေသအသီးသီးက အရည်သောက် ဟင်းရည် (၅)မျိုးကို ပြောပြပေးလိုက်ပါတယ်။

မုန်ညင်းစော

မုန်ညင်းစောဟာဆိုရင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှ ဆင်းသက်လာတဲ့ ရှမ်းရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ်။ ဝက်သုံးထပ်သား သို့မဟုတ် ဝက်အရိုးနဲ့ ချက်လေ့ရှိတဲ့ ဒီဟင်းရည်ဟာဆိုရင် မုန်ညင်း၊ မန်ကျည်းသီးအနှစ်၊ ကြံသကာ၊ ခရမ်းချဉ်သီးအနှစ် တို့ပါဝင်ပြီး ထူးခြား အရသာရှိတဲ့ ဟင်းရည်တစ်ခွက်လည်းဖြစ်ပါတယ်။ မိုးအေးလို့ အနွေးဓာတ်လိုနေသူတွေအတွက် ချိုချဉ်အရသာလေးကိုမှ မွှေးပျံ့တဲ့အနံ့နဲ့ပြည့်စုံတဲ့ ဒီဟင်းရည်ပူပူလေးက ပြီးပြည့်စုံတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေမှာပါ။

ငါးခူပအုံးချဉ်စပ်သောက်ဆမ်း

တနင်္သာရီတိုင်းမှာဆိုရင် ငါးခူပအုံးချဉ်စပ်သောက်ဆမ်းဟာ ထင်ရှားတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဟင်းရည်ကို ငါးခူ၊ ပအုန်းရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်နဲ့ ငရုတ်သီး စတာတွေနဲ့ ချက်လေ့ရှိပြီး ဒီဟင်းရည်ဟာဆိုရင် တုပ်ကွေးတိုက်ဖျက်ရာမှာ အစွမ်းထက်တဲ့ ဆေးတစ်လက်လို့လည်း ညွှန်းကြပါတယ်။ ဒါ့ကြောင့် ရှူးရှူရှဲရှဲ အရသာနဲ့ ငါးခူပအုံးချဉ်စပ်သောက်ဆမ်းလေးဟာဆိုရင် နာလန်ထစသူတွေ၊ အအေးမိနှာစေးနေတဲ့သူတွေကို လန်းလန်းဆန်ဆန်းဖြစ်သွားစေမယ့် ဟင်းရည်လေးတစ်ခွက်ပဲဖြစ်ပါတယ်။

ငါးခူပအုံးချဉ်စပ်သောက်ဆမ်း

တနင်္သာရီတိုင်းမှာဆိုရင် ငါးခူပအုံးချဉ်စပ်သောက်ဆမ်းဟာ ထင်ရှားတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဟင်းရည်ကို ငါးခူ၊ ပအုန်းရည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်နဲ့ ငရုတ်သီး စတာတွေနဲ့ ချက်လေ့ရှိပြီး ဒီဟင်းရည်ဟာဆိုရင် တုပ်ကွေးတိုက်ဖျက်ရာမှာ အစွမ်းထက်တဲ့ ဆေးတစ်လက်လို့လည်း ညွှန်းကြပါတယ်။ ဒါ့ကြောင့် ရှူးရှူရှဲရှဲ အရသာနဲ့ ငါးခူပအုံးချဉ်စပ်သောက်ဆမ်းလေးဟာဆိုရင် နာလန်ထစသူတွေ၊ အအေးမိနှာစေးနေတဲ့သူတွေကို လန်းလန်းဆန်ဆန်းဖြစ်သွားစေမယ့် ဟင်းရည်လေးတစ်ခွက်ပဲဖြစ်ပါတယ်။

ဆာဘူးသီး

ပြောင်းဆန်နဲ့ နွားနောက်သားတို့နဲ့ ချက်လေ့ရှိတဲ့ ဆာဘူးသီးဟာလည်း ထင်ရှားတဲ့ ချင်းရိုးရာအစားအစာတစ်ခုဖြစ်ပါတယ်။ နွားနောက်သား မရတဲ့အခါ အမဲသားနဲ့လည်း ချက်လေ့ရှိကြတဲ့ ဒီဆာဘူးသီးဟာ  မိုးရွာတဲ့နေ့တွေအတွက် သင့်တော်တဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။  ပြောင်းဆန်နဲ့ နွားနောက်သား (သို့မဟုတ်) အမဲသားနဲ့ ချက်လေ့ရှိတဲ့ ဆာဘူးသီးဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အပြင်  ချိုမြပြီးလန်းဆန်းသွားစေတဲ့ အရသာရှိတာကြောင့် စားဖူးသူတိုင်း ခံတွင်းတွေ့ကြပါတယ်။

ငါးနှပ်မွန်ချက်

ငါးနှပ်မွန်ချက်က မိုးအေးအေးလေးမှာချက်စားသင့်တဲ့ နောက်ထပ် အရည်သောက် ဟင်းတစ်မျိုးဖြစ်ပါတယ်။ အာဗြဲငါး၊ မရမ်းခြောက်ပြားအနှစ်၊ စိမ်းစားငါးပိ၊ စပါးလင် နဲ့ အခြား ဟင်းခတ်ပစ္စည်းတွေ ထည့်ချက်လေ့ရှိတဲ့ ဒီဟင်းဟာဆိုရင် သူ့ရဲ့ထိမိတဲ့အရသာကြောင့် စားဖူးသူတိုင်း ခံတွင်းတွေ့စေမှာပါ။  ငါးနှပ်အစို (အာ‌ဗြဲငါးအစို) ရဲ့ ချိုတဲ့အရသာ ကို မရမ်းပြားရဲ့အချဉ်ဓါတ်နဲ့ ပေါင်းစပ်ထားတဲ့ ဒီအရည်သောက်လေးကို ငရုတ်သီးထောင်းလေးပါ ထည့်စားလိုက်ရင်တော့ သူ့ရဲ့ ရှုးရှုးရှဲရှဲ အရသာလေးက ရာသီဥတုအေးအေးမှာ အရမ်းကို အစပ်အဟပ်တည့်နေမှာပါ။

ချမ်းအေးတဲ့ဒီရာသီမှာ အရည်သောက်ဟင်းရည်ပူပူလေးတစ်ခွက်က ခံတွင်းတွေ့စေနိုင်မယ့်အပြင် မိုးတွင်းမှာဖြစ်လေ့ရှိတဲ့ နှာစေး ချောင်းဆိုး အအေးမိဝေဒနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို မတူညီတဲ့ဟင်းရည်တစ်မျိုးလောက် ချက်သောက်ကြည့်မယ်ဆိုရင်ကိုပဲ အိမ်မှာနေရင်း မတူညီတဲ့မြို့တွေကို ခရီးထွက်နေရသလို ခံစားရမှာဖြစ်ပြီး ဟင်းအမယ်အသစ်တွေကိုလည်း မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။