စိတ်တွေရှုပ်နေတယ်။ ဘယ်ကနေ ဘယ်လို စိတ်ကိုကြည်အောင် ထားရမလဲ မသိဖြစ်နေတယ်။ ဘာတွေရှုပ်နေလဲ မသိဘူး ဖြစ်နေတယ်ဆိုရင် ဒီစာလေးကို ဖတ်ကြည့်ပါ။
စိတ်ရှုပ်နေရခြင်းအကြောင်းအရာက (၂) ချက်ဘဲရှိပါတယ်။
ကိုယ်မြင်နေရတဲ့ အရာတွေကို စိတ်တိုင်းမကျတာနဲ့ ကိုယ့်ရဲ့ ဦးနှောက်ထဲက အတွေး တွေ ရှုပ်နေတာ ကြောင့်ပါ။
ဒီတော့ ကိုယ့် အတွက် အဖြေရှာဖို့ ရာ တစ်ဆင့်လွယ်သွားပါပြီ။
မြင်နေရတဲ့ အရာတွေ အတွက် ဘယ်လိုရှင်းမလဲ?
၁။ အရေးအကြီးဆုံး အချက်က ကိုယ့်အတွက် မလိုအပ်တာတွေကို သိမ်းထားမိနေလို့ပါ။ Skincare တွေ Makeup တွေ ဝယ်တယ်။ ဘူးတွေ သိမ်းထားမိတယ်။ Plastic အိတ်လှလှလေးတွေ သိမ်းထားမိတယ်။
ကျွန်မ မှာလည်း ဒီအကျင့်ရှိပါတယ်။ သူများကိုလည်း မပေးဖြစ်ဘူး။ ကိုယ့် အတွက်လည်း အသုံးမဝင်ဘူး။ ဒီအကျင့်လေးရှိရင် ပြင်လိုက်ပါ။
Foundation/ lipstick နံပါတ်လေး သိမ်းချင်ရင် Note နဲ့ မှတ်ပါ။ ဘူးခွံတွေ ပစ်လိုက်ပါ။ ဒီလိုဘဲ ပစ္စည်းသေးသေးလေးတွေ ၊ ငယ်ငယ်ကရင်း အခုထိ ပြန်မသုံးဖြစ်တော့တာတွေရှိနေရင် ပေးလိုက်တာမျိုး လုပ်လိုက်ပါ။ ဒီလောက်ဆိုရင် ကိုယ့်အနားက ရှုပ်နေတဲ့ အရာတော်တော် များများရှင်းသွားပါပြီ။
ဒီအတွက် တစ်ရက်လောက် အချိန်ပေးပြီး ကိုယ် သိမ်းထားမိနေတာတွေကို ရှင်းထုတ်လိုက်ပါ။
၂။ နောက် တစ်ချက်က အခန်းထဲမှာ အပင်လေးတွေထားပါ။ အစိမ်းရောင်က လူရဲ့ စိတ်ကို ကြည်စေတဲ့ အတွက် အပင်သေးသေးလေးတွေ ထည့်ထားပါ။
၃။ ချက်ချင်းထလုပ်တဲ့ အကျင့်ထားပါ။
စိတ်အတွက်ရော အမြင်အတွက်ပါ ဒီအကျင့်က အရေးပါပါတယ်။ ပစ္စည်းတစ်ခုယူပြီးရင် သူ့နေရာသူ ပြန်ထားပါ။ အမှိုက်တွေကို ချက်ချင်းရှင်းပါ။ ကိုယ် စိတ်ထဲ ဘဝင်မကျဖြစ်နေရင် ထလုပ်လိုက်ပါ။ လုပ်စရာရှိနေတဲ့ အလုပ်တွေကို အရင်ပြီးအောင် လုပ်ပြီးမှ အနားယူပါ။
၄။ ဖုန်းသုံးနေတာရပ်ပါ။ အခန်းထဲကနေအပြင်ထွက်ပါ။ လေကောင်းလေသန့်ရှူပါ။ ကိုယ့်ရဲ့ အမြင်ကြည်သွားတာနဲ့ စိတ်က တစ်ဝက်လောက် ကြည်သွားပါပြီ။
၅။ Overthinking လျော့ပါ။ Overthinking နဲ့ ပတ်သက်ပြီး စာလေးတွေရှိလို့ဖတ်ကြည့်ပါ။
၆။ အကောင်းမြင်ပါ။ သူဘာလို့ ဒါမျိုးဖြစ်နေတာလဲဆိုတာထက် ဒါက သူ့အကြောင်းဘဲ ဆိုတာမျိုး ကိုယ့် အတွက် တွေးစရာကြီး ဖြစ်မနေအောင် ထားလိုက်ပါ။
၇။ အိပ်ရေးဝအောင် အိပ်ပြီး အစားပုံမှန်စားပါ။
၈။ ရာသီလာတဲ့ အချိန်မှာ အားရှိအောင်နေပါ။ သန့်ရှင်းမှုကို ဂရုစိုက်ပါ။ ကော်ဖီတွေ၊ သွေးအားနည်းတာတွေ မစားမသောက်မိအောင် ဂရုစိုက်ပါ။
၉။ ကိုယ့်ကိုကိုယ် သတိပေးပါ။ စိတ်ရှုပ်နေတယ်ဆိုပြီး အချိန်အကြာကြီး ကိုယ့်ဘာသာ ဒုက္ခပေးနေမယ့် အစား ရေချိုးလိုက်တာ၊ အဝတ်တွေရှင်းလိုက်တာ မျိုးက အများကြီး အဆင်ပြေပါတယ်။
နောက်ဆုံး ပြောရရင် ကိုယ်က အမြဲ စိတ်ရှုပ်နေတတ်တဲ့သူ၊ စိတ်မကြည် တတ်တဲ့သူဆိုရင် အကောင်းဆုံးကတော့ ကိုယ် နေထိုင်နေတဲ့ နေရာကို ရှင်းလင်းထားတာ အကောင်းဆုံးပါ။
ဒီအတွက် idea လေးတွေလည်း တင်ပေးလိုက်ပါမယ်။
နောက်တစ်ခုက အရာအားလုံးကို ခေါင်းထဲ မထည့်ဖို့ပါ။ တစ်ချို့အရာတွေက ကိုယ့်ကို စိတ်ဒုက္ခပေးရုံက လွှဲလို့ ဘာမှ အကျိုးမပြုတာကြောင့် ကိုယ် လုပ်ရမယ့် အလုပ်တွေ ကိုဘဲ focus ထားပါ။ ခေါင်းထဲက ထုတ်ပစ်ဖို့ ကြိုးစားကြည့်ပါ။
အဆင်ပြေကြပါစေနော်။