ကျူးလစ်ပန်းဟာ နှင်းဆီပြီးရင် အချစ်ရဲ့ သင်္ကေတလို့ နာမည်ကျော်ပါတယ်။ Victorian တွေကတော့ ပေးကမ်းရက်ရောခြင်းရဲ့သင်္ကေတလို့ သတ်မှတ်ခဲ့ကြပါတယ်။ Tulip ပန်းတွေကို စတင်စိုက်ပျိုးခဲ့တဲ့ Turkey လူမျိုးတွေကတော့ Tulip ပန်းတွေဟာ ကမ္ဘာမြေပေါ်က နိဗ္ဗာန်ဘုံပဲလို့ တင်စားခဲ့ကြပါတယ်။
(၁၅၆၀) ခုနှစ် ဝန်းကျင်လောက်မှာတော့ Turkeyကနေ Netherland နိုင်ငံကို ရောင်းချကြပါတယ်။ Tulip ဆိုတဲ့ နာမည်ကတော့ Persian စကားလုံး “Delband” ဆိုတဲ့ စကားလုံးက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ Turban (ခေါင်းပေါင်း)ပါ။ Tulip ရဲ့ပုံစံက ခေါင်းပေါင်းပုံစံနဲ့ တူလို့ပါတဲ့။
Turkey မှာတော့ သူတို့ရဲ့ ခေါင်းပေါင်းတွေကို Tulip ရိုးတွေနဲ့ အလှဆင်လေ့ ရှိပါတယ်။ Tulip ပန်းတွေဟာ Lily ပန်းတွေနဲ့လည်း မျိုးနွယ်တူပါတယ်။ Wikipedia အရ Tulip ဟာ အာဖကန်နစ္စတန် နိုင်ငံနဲ့ အီရန်နိုင်ငံရဲ့ National Flower ပါ။
Valentine’s Day မှာတော့ နှင်းဆီပြီးရင် ဒုတိယ ရောင်းအားအကောင်းဆုံး ပန်းဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ သဇင်ပန်းက တန်ဖိုးကြီးသလို၊ ရှေးယခင် ကမ္ဘာ့သမိုင်းမှာလည်း Tulip တွေဟာ စျေးအကြီးဆုံးပန်းတွေ ဖြစ်ခဲ့ပါတယ်။ (၁၆၀၀)ခုနှစ် ကာလများဆီတုန်းကတော့ ဒီပန်းတွေဟာ သာမန် အလုပ်သမား တစ်ယောက် တစ်နှစ်လုပ်ခရဲ့ ဆယ်ဆနီးပါးကို တန်ဖိုးကြီးခဲ့ပါတယ်။
Tulip ဟာ အချစ်ကို ကိုယ်စားပြုပါတယ်။ ပန်းရဲ့ အရောင်တွေ အလိုက်လည်း အဓိပ္ပါယ် ကွဲပြားပါတယ်။ Tulip အနီရောင်ဟာ
ပြီးပြည့်စုံတဲ့ အချစ်လို့ အဓိပ္ပါယ်ရပါတယ်။ Believe Me လို့ ပြောတဲ့အခါမှာလည်း သုံးပါတယ်။ အဝါရောင်ဟာ အချစ်ကို ငြင်းပယ်ခြင်းရဲ့ အရောင်ပါ။
အဝါရောင် Tulip တွေ တစ်စုံတစ်ယောက်ကို ပေးတဲ့ အဓိပ္ပါယ်ကတော့ သင်ဟာ သူ့ကို ချစ်ပေမယ့် သူက သင့်ရဲ့ ခံစားချက်ကို ပြန်လည်တုံ့ပြန်မှာ မဟုတ်တာ သင်သိတယ်လို့ ဆိုလိုပါတယ်။ အဖြူရောင် Tulip တွေကို ပေးရင်တော့ “ငါမင်းကို တောင်းပန်ပါတယ်” တဲ့။
ခရမ်းရောင် Tulip ဟာ တော်ဝင်ဆန်ခြင်းကို ကိုယ်စားပြုပြီး ပန်းရောင် Tulip တွေကတော့ ပျော်ရွှင်မှုနဲ့ Good Wishes တွေလို့ ဆိုလိုပါတယ်။ ခရင်မ်အရောင် Tulip ကတော့ “ငါမင်းကို ထာဝရ ချစ်နေမယ်” လို့ ဆိုပါတယ်။