မိဿရာသီခွင် – Aries (2024 February လ အတွက် ဟောစာတမ်း)

ယခုလသည် Aries ရာသီခွင်များအတွက် ဘက်ပေါင်းစုံမှ ကောင်းမွန်သော အပြောင်းအလဲများ ရှိလာနိုင်ပါမယ်။ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ လက်ရှိ ရပ်နားထားရသော လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ပါမယ်။ မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးပါ။ ကုန်ကျစရိတ်များကြောင့် စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရတတ်ပါတယ်။ ဘာသာရေး၊ လူမှုရေး ကိစ္စရပ်များတွင် စိတ်အား ထက်သန်စွာ ပါဝင်ဆောင်ရွက်ရတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
အချစ်အားဖြင့် ယခုလ အစောပိုင်းတွင် အနည်းငယ် ခက်ခဲနေနိုင်ပါမယ်။ ကံတရား၏ စမ်းသပ်မှုတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ အထူးသဖြင့် တစ်ဦးပေါ် တစ်ဦး နားလည်မှု၊ ယုံကြည်မှုတို့ဖြင့် လျှောက်လှမ်းပေးပါ။ မိမိချစ်ခင် နှစ်သက်သူ အပေါ် ထားရှိသော ချစ်ခြင်း မေတ္တာ၊ ကတိကဝတ်များကို အလေးထားပါ။ စစ်မှန်သော ချစ်ခြင်း မေတ္တာတို့ဖြင့် စိန်ခေါ်မှုများ ကျော်ဖြတ်ပီးနောက် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။ အချစ်ရေးအားဖြင့် ပိုမို ရင့်ကျက် တည်ငြိမ် လာပါမယ်။ အိမ်ထောင်‌သည်များ အနေနှင့်လည်း မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုကို ပြသပေးရန် လိုအပ်ပါမယ်။ အပြန်အလှန် ဖေးမ ကူညီမှုတို့ဖြင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus (2024 February လ အတွက် ဟောစာတမ်း)

ယခုလသည် Taurus ရာသီခွင်များ အတွက် ပျမ်းမျှအားဖြင့် ကောင်းမွန်သော လတစ်လ ဖြစ်ပါတယ်။ အသက်‌မွေးဝမ်းကြောင်း အလုပ်အတွက် အဆင်ပြေနေနိုင်သော်လည်း စီးပွားရေးတွင် အတက်အကျ ရှိနေနိုင်ပါမယ်။ ငွေကြေး အနေအထား ကောင်းမွန်နေပါမယ်။ သို့သော် အပိုဇိမ်ခံ ပစ္စည်းများ အတွက် ငွေကြေး သုံးစွဲခြင်းကို ရှောင်ရှားပေးပါ။ အချစ်ရေးအားဖြင့် အချိန်အတော်ကြာ အနှောက်အယှက်များ ရှိနေတတ်ပါတယ်။ ကျန်းမာရေးအရ လအစောပိုင်း ကာလတွင် ပိုမို ဂရုစိုက်ပေးပါ။

အချစ်ရေး
ယခုလသည် Taurus ရာသီခွင်တို့၏ အချစ်ရေး ကံတရားသည် နိမ့်ပါးနေတတ်ပါတယ်။ လအ‌စောကတည်း စတင်၍ ဂရုစိုက်ပေးရန် လိုအပ်ပါလိမ့်မယ်။ မိမိတို့၏ အချစ်ရေးတွင် လျှိုဝှက်ချက်များ မထားရှိပါနှင့်။ မဟုတ်ပါက စိတ်အနှောင့်အယှက် ဖြစ်ကာ သံသယစိတ်များ ဝင်ရောက်လာနိုင်ပါမယ်။ နာလည်မှု လွှဲမှားမှုများကို အချိန်မှီ ဖြေရှင်းပေးပါ။ အိမ်ထောင်ရေးအတွင်း အတက်အကျများနှင့် ပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့် အပိုကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ပါနှင့်။ လဝက်‌ နောက်ပိုင်းကာလတွင် အခြေအနေ ပြန်လည် ကောင်းမွန်ကာ အချစ်ရေး ပြန်လည် ပွင့်လန်းလာပါမယ်။

မေထုန်ရာသီခွင် – Gemini (2024 February လ အတွက် ဟောစာတမ်း)

ယခုလအတွင်း Gemini ရာသီခွင်တို့သည် ပျမ်းမျှထက် သာလွန်သော ရလာဒ်များ မျှော်လင့်နိုင်ပါတယ်။ အသက်မွေးဝမ်းကြောင်းကို ပိုမိုအားထုတ်ပေးပါ။ အောင်မြင်မှုကို ရရှိပါလိမ့်မယ်။ ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ သို့သော် အကျိုးအမြတ် ရရှိနိုင်သလို အနှောင့်အယှက်များလည်း ရှိနေတတ်သည်ကို သတိထားပေး ရပါလိမ့်မယ်။ အအေးမိခြင်းစသော ကျန်းမာရေး ပြဿနာများ ခံစားရနိုင်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ယခုလတွင် Gemini ရာသီခွင်တို့သည် အချစ်ရေး၊ အိမ်ထောင်ရေးတို့နှင့် စပ်လျဉ်း၍ အဆင်ပြေလာပါမယ်။ ချစ်မှန်သော ချစ်ခြင်းမေတ္တာကို နားလည် သဘောပေါက်လာပါမယ်။ တစ်ဦးပေါ် တစ်ဦး ခံစားချက်များကို အလေးထားကာ ပိုမိုရင့်ကျက်လာပါမယ်။ အိမ်ထောင်‌သည်များ အနေနှင့် ပိုမို ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အိမ်ထောင်ရေး အဆင်ပြေ၊ သာယာနေပါမယ်။ သို့သော် ဒုတိယ လဝက်တွင် အိမ်ထောင်ရေး ကိစ္စများ ပိုမိုများးလာနိုင်ပါမယ်။ မိမိတို့၏ ဆက်ဆံရေးအပေါ် ဆိုးကျိုး သက်ရောက်နိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးပါ။

ကရကဋ်ရာသီခွင် – Cancer (2024 February လ အတွက် ဟောစာတမ်း)

ယခုလသည် Cancer ရာသီခွင်များ အတွက် အလုပ်ကိစ္စများ အဆင်ပြေနေမည် ဖြစ်ပြီး ငွေကြေးရေးရာ ကိစ္စရပ်များတွင် အတက်အကျတို့နှင့် ပြည့်နှက်နေတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အပြုအမူနှင့် ပက်သက်၍ ဂရုစိုက်‌ပေးပါ။ ဤကာလအတွင်း ခရီးလမ်းကြောင်း သွားလာရတတ်ပါတယ်။ မိသားစုဝင်များနှင့် အတူ သာသနာရေး ကိစ္စရပ်များ လုပ်ဆောင်ရတတ်ပါတယ်။ ကျန်းမာရေးအရ စိတ်ဖိစီးစေနိုင်သော ကိစ္စရပ်များမှ ရှောင်ရှားပေးရန် လိုအပ်ပါမယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ချစ်သူ ရှိကြသော Cancer ရာသီခွင်များ အနေနှင့် လအစောပိုင်း ကာလတွင် အဆင်ပြေနေပါမယ်။ အချစ်ရေးကို အပြည့်အဝ ပုံဖော်နိုင်ပါမယ်။ ဒါ့အပြင် ပျော်ရွှင်စရာ ကောင်းသော အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။ Single များ အနေနှင့် အချစ်ရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။ အဖြေ စောင်ဆိုင်းနေပါက ‌သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။ သို့သော် အိမ်ထောင်သည်များ အနေနှင် လ၏ အစတွင် အနည်းငယ် အားနည်းနေနိုင်ပါတယ်။ ယောက္ခမများ အကြား ငြင်းခုံမှုများ ဖြစ်ပေါ်လာနိုင်ပြီး အိမ်ထောင်ရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစောကတည်းက ကောင်းမွန်သော နားလည်မှုကို ဦးစွာ ရယူပေးရန် လိုအပ်ပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo (2024 February လ အတွက် ဟောစာတမ်း)

ယခုလသည် Leo ရာသီခွင်များ အနေနဲ့ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ပညာရေး၊ ငွေကြေး၊ မိသားစုဘဝတို့နှင့် ပက်သက်၍ ပိုမို အားစိုက်ပေးရပါမယ်။ အတက်အကျများ ရှိနေတတ်ပါတယ်။ အသက်မွေးဝမ်းကြောင်းအတွင်း အောင်မြင်မှု ရရှိနိုင်ပေမယ့်လို့ ကြိုးစား‌ပေးရန် လိုအပ်ပါမယ်။ ဤကာလအတွင်း ခရီးဝေး သွားလာရတတ်ပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားနှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
အချစ်ရေးအားဖြင့် ယခုလ အစောပိုင်း ကာလတွင် အလွန် ကောင်းမွန်နေပါမယ်။ ကံတရား အထောက်အပံ့တို့ဖြင့် ချစ်သူနှစ်ဦးကြား ပျော်ရွှင်စရာ ကောင်းသော အခိုက်အတန့်ကို ပိုင်ဆိုင်နျုင်ပါမယ်။ တစ်ဦးပေါ် တစ်ဦး အပြန်အလှန် နားလည်မှုတို့ဖြင့် ဆက်ဆံရေးကို တည်ဆောက်ပေးပါ။ အိမ်ထောင်သည်များ အနေနှင့်လည်း အိမ်ထောင်ရေး အဆင်ပြေ ချောမွေ့နေပါမယ်။ သို့သော် လဝက် နှောင်းပိုင်းကာလတွင် အငြင်းအခုံများ ဖြစ်ပေါ်နိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo (2024 February လ အတွက် ဟောစာတမ်း)

ယခုလတွင် Virgo ရာသီခွင်တို့သည် ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ သို့သော် ကောင်းမွန်သော အမူအကျင့်များ ပြောင်းလဲပေးရန် လိုအပ်ပါမယ်။ တခါတရံ အထိီးကျန်ဆန်သည့် ခံစားချက်များကြောင့် အလုပ်ခွင် အပေါ် သက်ရောက်စေနိုင်ပါမယ်။ အချစ်ရေးအားဖြင့် မိမိ၏ ချစ်ခင်ရသူ အပေါ် ဂရုစိုက်မှု ပြသပေးရန် လိုအပ်ပါမယ်။ ကျန်းမာရေးနှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ နိုင်ငံရပ်ခြား အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး
ယခုလ အစောပိုင်းတွင် အချစ်ရေး ကံတရားသည် ကောင်းမွန်ပေမယ့်လို့ ဂရုစိုက်ပေးရပါမယ်။ ချစ်သူနှစ်ဦးကြား အနှောက်အယှက်များ ရှိနေတတ်ပါတယ်။ မိမိ၏ ချစ်ခြင်းမေတ္တာကို မကြာခဏ ထုတ်ဖော် ပြသပေးပါ။ အိမ်ထောင်ရေး အတွင်း အတက်အကျများနှင့် ပြည့်နှက်နေနိုင်ပါမယ်။ သဘောထား မတိုက်ဆိုင်မှုတို့ကြောင့် စကားအချေအတင် ပြောဆိုရတတ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အချိန်ပေးကာ နားလည်မှု ရယူပေးပါ။