နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့အခါ လေထုနဲ့ ဖုန်မှုန့်တွေက မျက်နှာကို ကပ်ငြိပြီး အဆီပြန်မှုကို ဖြစ်စေပါတယ်။
ဒါ့ပြင် အဆီများတဲ့ အစားအစာတွေကလည်း
မျက်နှာအသားအရေကို အဆီပြန်စေနိုင်ပါသေးတယ်။
အဆီပြန်ခြင်း ကင်းဝေးတဲ့ မျက်နှာလေးရရှိဖို ညဘက်မှာ ပေါင်းတင်ကြည့်ရအောင်လေ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ….
နနွင်းမှုန့် (ဆနွင်းမှုန့်) လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့
ရှားဇောင်းလက်ပက်အနှစ် လက်ဖက်စားဇွန်း ၂ ဇွန်းတိုပဲဖြစ်ပါတယ်။
ဒီနှစ်မျိုးကို ခွက်တစ်ခုထဲမှာ
– သမသွားအောင် မွှေပေးရပါမယ်။
– ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးထားပါ။
– နာရီဝက်လောက် ကြာရင်တော့ ရေဆေးပြီး
မျက်နှာသစ်လိုက်လိုရပါပြီ။
နနွင်းက အဆီပြန်မှုကို လျော့ပါးစေပြီး
ရှားဇောင်းကမျက်နှာအသားအရေကို
စိုပြေစေပါတယ်။
နောက်နေ့မနက်မှာတော့
အဆီပြန်ခြင်းကင်းပြီး ဝင်းပစိုပြေတဲ့မျက်နှာလေးကို
ရရှိပြီပေါ့။