လူတွေဟာ တစ်နေ့ တစ်နေ့ တော်တော်တွေးကြတယ်။ consciously တွေးရင်တွေး၊ consciously မတွေးရင် unconsciously တော့ တွေးနေတာပဲ။ စိတ်ထဲမှာရော ဦးနှောက်ထဲမှာရော အတွေးတွေက ဆူညံနေတာပဲ။ ဒါ လူတိုင်းလို့ ပြောရမယ်။ သတိနဲ့မှ မနေတတ်ရင်တော့ အတွေးတွေရဲ့ နှိပ်စက်မှုကို ကောင်းကောင်း ခံရတော့မှာပဲ။
အတွေးတစ်ခု ဖြစ်လာတာနဲ့ စိတ်ထဲမှာ ခံစားမှုတစ်ခု ဖြစ်လာတယ်။ အဲ့ဒီ အတွေးနဲ့ စိတ်ခံစားမှုကို သိစိတ်နဲ့ consciously ခံစားပြီး သတိနဲ့ သိမနေရင် အဲ့ဒီ စိတ်ထဲမှာ ဖြစ်ပေါ်သွားတဲ့ အတွေးနဲ့ စိတ်ခံစားမှုကို မသိစိတ်နဲ့ unconsciously ခံစားတယ်။

သိစိတ်နဲ့ consciously သတိနဲ့ သိပြီး မနေဖြစ်တဲ့သူမှာ သူ့ရဲ့ အတွေးနဲ့ ခံစားမှုကို unconscious mind က တရွတ်တိုက် ဆွဲခေါ်သွားတာကို ခံရတယ်တဲ့။ အဲ့လိုဆိုရင် သူဟာ ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ ဘယ်နည်းနဲ့မှ နေလို့မရတော့ဘူး။

တရားအားထုတ်လို့ သတိ သမာဓိ ကောင်းလာတဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်လိုက်တဲ့အခါ အဲ့ဒီစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အတွေးနဲ့ စိတ်ခံစားမှုကို ကွဲကွဲပြားပြား သိလာတယ်။ ဒါအတွေး ဒါစိတ်ခံစားမှုလို့ ကွဲကွဲပြားပြား သိလာတဲ့အခါမှာ အတွေးနဲ့ စိတ်ခံစားမှုရဲ့ တရွတ်တိုက်ဆွဲခေါ်မှုကို ခံရတာ နည်းသွားတယ်။ အတွေးနဲ့ စိတ်ခံစားမှုရဲ့ တရွတ်တိုက်ဆွဲခေါ်မှုကို ခံရတာ နည်းသွားတဲ့သူဟာ စိတ်ပိုပြီးတော့ ချမ်းသာလာတယ်။

အဲ့ဒီလောက်တင် မကဘူး။ စိတ်ခံစားမှုတစ်ခုရဲ့ နောက်မှာ နောက်စိတ်ခံစားမှုတစ်ခု ရှိနေတယ်။ တစ်ခုလို့သာ ပြောရတာ။ တကယ်တော့ တစ်ခုမကပါဘူး။ အများကြီး ရှိနေတယ်။ အဲ့ဒါကို အင်္ဂလိပ်စကားလုံး သုံးပြီး ပြောရမယ်ဆိုရင် ‘feeling behind the feeling’ လို့ ခေါ်တယ်။ စိတ်ခံစားမှုတစ်ခုရဲ့ နောက်မှာ ရှိတဲ့ နောက်စိတ်ခံစားမှုကို (feeling behind the feeling ကို) သိလာတဲ့အခါမှာ stress တွေ၊ anxiety တွေဟာ နည်းနည်းနည်းနည်းသွားတယ်။

အတွေးကို ဝိတက်လို့ ခေါ်တယ်။ အင်္ဂလိပ်လို thought လို့ ဘာသာပြန်တယ်။ အတွေး = ဝိတက် = thought ဟာ သင်္ခါရက္ခန္ဓာစေတသိက်ထဲမှာ ပါတယ်။ စိတ်ခံစားမှု emotion က ဝေဒနက္ခန္ဓာစေတသိက်ထဲမှာ ပါတယ်။ စေတသိက်ချင်း မတူဘူး။ အဲ့လို ကွဲကွဲပြားပြားလေး ပိုင်းခြားပြီး သိလာရင် တရားအားထုတ်ရတာ ပိုပြီးတော့ အဆင်ပြေလာတယ်။

ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်သွားတဲ့ အတွေးနဲ့ စိတ်ခံစားမှုကို unconscious mind က automatically react လုပ်တာကို မခံချင်ဘူးဆိုရင် အဲ့ဒီ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်သွားတဲ့ အတွေးနဲ့ စိတ်ခံစားမှု (thought and emotion) ကို conscious mind (သိစိတ်) နဲ့ consciously သတိနဲ့ သိပြီး နေသွားဖို့ လိုတယ်။ တရားကို ထိထိမိမိ အားမထုတ်တဲ့ လူတော်တော်များများမှာ conscious mind နဲ့ unconscious mind ရဲ့ ကြားမှာ ရှိတဲ့ gap (ကွာဟချက်) ဟာ တော်တော်ကြီးတယ်။ အဲ့ဒီ gap က ကြီးလေလေ stress, anxiety, fear စတဲ့ စိတ်ဆင်းရဲမှုလည်း တော်တော်ကြီးတာ တွေ့ရတယ်တဲ့။ တရားအားထုတ်လာတဲ့သူမှာတော့ conscious mind နဲ့ unconscious mind ရဲ့ ကြားမှာ ရှိတဲ့ gap ဟာ တဖြေးဖြေး တဖြေးဖြေး နည်းသွားတယ်။

အဲ့လို နည်းသွားတဲ့အခါမှာ real happiness (စစ်မှန်တဲ့ ပျော်ရွှင်မှု = ပီတိသမ္ဗောဇ္ဈင်) peace of mind (စိတ်ရဲ့ ငြိမ်းချမ်းမှု = ပဿဒ္ဓိသမ္ဗောဇ္ဈင်)၊ fulfillment (စိတ်ချမ်းသာမှု = စေတသိကသုခ) ဆိုတာတွေကိုပါ ရလာပြီးတော့ ဘဝရဲ့ အရည်အသွေးဟာ အများကြီး တိုးတက်လာတဲ့အတွက် quality of life ကိုပါ ရရှိလာတယ်။ တရားအားထုတ်လာရင် ဘဝမှာ အဲ့ဒီလို အဖက်ဖက်က တိုးတက်လာတယ်။ အဆင်ပြေလာတယ်။