ပျားရည်သည်အရေပြားအတွက် ဆေးစွမ်းကောင်းတစ်ခွက်အဖြစ်
ရှေးတုန်းကတည်းကပင် လက်ခံထားကြပါသည်၊ပျားရည်သည် အရေပြားကို
အောက်ပါ နည်းလမ်းများဖြင့် ပံ့ပိုးကူညီပေးပါသည်
(၁) အရေပြားအတွင်းရှိဝက်ခြံဖြစ်စေသောပိုးမွှားများကို သေစေသောအာနိသင်ရှိသည်
အသုံးပြုပုံ-
- ပျားရည်ကို ဝက်ခြံဖြစ်နေသော နေရာကို သုတ်လိမ်း၍ ၁၀မိနစ်ခန့်ထား၍ရေဆေးချပါ၊
(၂)ဝက်ခြံအမာရွတ်များကို လျော့ပါးစေသည်
(၃) အစိုဓာတ်ဖြည့်ပေးစေသော အာနိသင်ရှိသည်
အသုံးပြုပုံ
- ပျားရည်ကို မျက်နှာပေါင်းတင် သည့်အနေနှင့် အသုံးပြုနိုင်ပါသည်
(၄)ဆံပင်ပျော့စေသောအာနိသင်ရှိပါသည်
အသုံးပြုပုံမှာ
- သံလွင်ဆီ နှစ်ဇွန်း နှင့်ပျားရည် တစ်ဇွန်းရော၍ ဆံပင်အနှံ သုတ်လိမ်းပြီး
မိနစ် ၂၀ခန့်ထား၍ ရေဆေးချပါ
(၅)လက်သည်း များကို တောက်ပြောင်လှပစေသော အာနိသင်ရှိပါသည်
(၆) နှုတ်ခမ်း ဆဲလ်သေ ဖယ်ရှာရန်လည်းသုံးနိုင်သည်
အသုံးပြုပုံမှာ
- ပျားရည်နှင့် သကြားရော၍ နှုတ်ခမ်းပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေဆေးပါ
(၇) မျက်ကွင်းညိုခြင်းကိုလဲ လျော့နည်းစေပါသည်