မြန်မာနိုင်ငံကမိန်းကလေးအများစုကအသားဖြူချင်ကြပါတယ်.
နေထိုင်မှုတွေ မှားယွင်းနေတော့အသားအရေက ညစ်သည်ထက်ညစ်လာတယ်.
အဲ့အတွက် ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာလေး ပြောပေးပါမယ်ရှင်
1.ရေ များများသောက်ပါ
ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ် မလုံလောက်တဲ့အခါ အသားအရေ က အရင်ကထက် ပိုပြီး ညစ်ထေးထေး ဖြစ်လာတတ်ပါတယ်
အဲ့အတွက် ရေအများကြီးသောက်ပါပိန်ချင်တဲ့ သူတွေကလည်း အစာမစားခက်နာရီဝက်အလိုမှာရေအဝသောက်ပြီးမှအစာစားပါပိန်လာပါမယ်
2.နေလောင်ကာခရင် လိမ်းပါ
မြန်မာနိုင်ငံ ရဲ့ ဒေသအများစု က နေတကယ်ပူပါတယ်
အဲ့အတွက် အပြင်ထွက်တိုင်း နေလောင်ကာခရင် လိမ်းပေးပါ
ခန္ဓာကိုယ်အတွက်ရော မျက်နှာအတွက်ပါ လိမ်းပေးရမယ်နော်
3.ချွေး ထွက်အောင်နေပါ
လေ့ကျင့်ခန်း လုပ်တာ, spa သွားပြီး ချွေးထုတ်တာတိုကို တစ်ပတ် တစ်ကြိမ်လောက် လုပ်ကြည့်ပါ ချွေး ထွက်ရင်သိသိသာသာအသားကြည်လာလိမ့်မယ်
4.Scrub တွေ သုံးပါ
ခန္ဓာကိုယ်အတွက် ဆိုရင် body scrub,
မျက်နှာအတွက်ဆိုရင် facial scrub တွေ ပုံမှန် သုံးပေးဖို လိုပါတယ်. ဒါကလည်း တစ်ပတ်ကိုတစ်ခါ သုံးရမှာမှာပါ
5.အသားရေကိုပေါင်းတင်ပါ
အသားရေပေါင်းတင်ပေးခြင်းဖြင့်ခန္ဓာကိုယ်ရဲ့ကြမ်းတမ်းနေတဲ့အသားရေတွေကပြန်လည်နူးညံ့လာမှာပါ
အခုဆိုရင် Body maskတွေထုတ်လာတဲ့အတွက်အိမ်မှာမိမိကိုယ်တိုင်လဲပေါင်းတင်လိုရပါပီ
ပေါင်းတင်တာကိုတော့တစ်ပတ်
၂ကြိမ်ကနေ၃ကြိမ်ထိလုပ်လိုရပါတယ်
6.Detox လုပ်ပါ
အလွယ်ကူဆုံးပြောရရင် အဆိပ်ထုတ်ပါပေါ့.
နေ့စဉ်စားသောက်နေတဲ့ အရာတိုင်းမှာ အဆိပ်အတောက်တွေ ရှိနေပါတယ်
အဲ့အတွက် detox water လေး သောက်ပေးပါ detox water = အသီးအရွက်တွေ စိမ်ထားသော ရေ (အသေးစိတ်ကို internet ပေါ်တွင်ဖတ်ရှုပါ)
7.ဘုရားသွားပါ
ကိုယ့်ဘာသာနှင့် ကိုယ် ကိုယ်တိုင်ယုံကြည်ကိုးကွယ်သော နေရာကို တစ်ပတ်တစ်ခါသွားပါ
စိတ်ရှင်းမှ ကျန်းမာမှာ ကျန်းမာမှ အသားအရေ ကောင်းမှာနော်
8.Skincare ပုံမှန် လုပ်ပါ
နေ့စဉ် မိတ်ကပ်ဖျက်ဆေးနဲ့ ဖျက်ပြီးမှ အိပ်
သေချာ အသားအရည်အတွက် တကယ်ကောင်းမယ့် ပစ္စည်းလေးတွေကို ပုံမှန် သုံးပေးပါ. အသားအရေ သိသိသာသာကြည်လာပါလိမ့်မယ်
9.Sheet mask လေးတွေ ကပ်ပေးပါ
Sheet Mask လေးတွေ က ချက်ချင်းအသားကို ဖြူအောင် လုပ်ပေးနိုင်ပါတယ်
သူ့အာနိသင်က ၃ရက်လောက်ထိခံတာဖြစ်လို အသားခြောက်သူဆိုရင်တစ်ပတ်နှစ်ခါ
အဆီပြန်သူဆိုရင်တစ်ပတ်တစ်ခါလောက်ကပ်ပေးသင့်ပါတယ်
ဒီအချက် (၉) ချက်ကို သေချာ လုပ်ပေးမယ်ဆိုရင် အသားအရေ သိသိသာသာ ဖြူပြီး ကြည်လာမှာပါ.
နေ့စဉ်အသားအရေကို ဂရုစိုက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ကြပါစေရှင့်