1.စိုပြေလှပသော မျက်နှာအသားအရေလေး ရရှိစေရန် ပေါင်းတင်နည်း
ခရမ်းချဉ်သီး (၁)လုံး + နွားနို (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။ အိပ်ရာ မ၀င်ခင် ပြုလုပ်ပေးပါက မနက်ခင်းအိပ်ရာထချိန်တွင် စိုပြေလှပသော အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။
2.၀က်ခြံရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကြက်ဥ အကာ သီးသန့် (၁)လုံး + လီမွန် (၂)ဇွန်း + ပျားရည် (၂) ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
3.၀က်ခြံ အမဲစက် ရှိသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
သစ်ဂျပိုးခေါက် (၁)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
4.မွဲခြောက်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ကော်ဖီ (၂)ဇွန်း + ပျားရည် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
5-<နေလောင်ထားသော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဒိန်ချဉ် (၂)ဇွန်း + လီမွန် (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
6.အဆီပြန်သော မျက်နှာအသားအရေအတွက် ပေါင်းတင်နည်း
ဆနွင်း (၁)ဇွန်း + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
7.မျက်နှာအရေးကြောင်းများ လျော့ပါးစေရန် ပေါင်းတင်နည်း
ကြက်ဥ (၁)လုံး + Aloe Vera Jel (ရှားစောင်းလက်ပတ်) (၂)ဇွန်း ကိုရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ၁၀မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
8.ခြောက်သွေ့သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း
လီမွန် (၂)ဇွန်း + ပျားရည်(၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ ။
9.ကြည်လင်သော အသားအရေ ရရှိစေရန် ပေါင်းတင်နည်း
နနွင်း ၄ပုံ ၁ပုံ (စားပွဲတင်ဇွန်း) + Coconut Oil (၁)ဇွန်း ကို ရောဖျော်ပြီး မျက်နှာပေါ်လိမ်းပေးပါ။၁၀ မိနစ်ခန့် ကြာသော်အခါ ရေနွေးနွေး လေးဖြင့် ဆေးကြောပေးပါ။
10.အမဲစက် တွေ ကင်းတဲ့ မျက် နှာလေး ရရှိစေ နည်း
သွားတိုက်ဆေး+သံပုရာသီး နဲ့ရော ပီး သံပုရာသီးအခွံလေးနဲ့ပွတ်လိမ်းပေး ပါ ခနနေရင် ရေအေးလေးနဲ့ ရေဆေး ချ ပေး ပါ အရမ်းကြီး ပွတ်မလိမ်း ရပဘူးနော်.
#နောက်ဆုံးနည်းကိုတော့မလုပ်စေချင်ပါ_သိထားရုံသက်သက်တင်ပေးခြင်းဖြစ်ပါတယ်