ကျမ Live မှာမေးထားကြသူတွေရောဒညင်းသီးကြိုက်နှစ်သက်ကြသူအားလုံးရော အန္တရာယ်မဖြစ်အောင် စားသုံးနည်းလေးကျမပြောပြပါမယ်နော်
ဒညင်းသီးကိုစားမယ်ဆိုရင် အထူးကောင်းတာကတော့ ကျမတို့ မြစ်ကြီးနားဒညင်းကို ဘယ်နယ်ကမှမမှီလို့ မြစ်ကြီးနားဒညင်းသီးကိုရှာဝယ်စားပါရှင် (အခုတော့မရင့်သေးပါ) ရင့်တဲ့အခါ ကျမတခါထပ်ချက်ရောင်းပေးပါအုံးမယ်ရှင်
အရမ်းကြိုက်လို့ ဘယ်နယ်ကဒညင်းသီးမဆို ပြုတ်စားတော့မယ်ဆိုရင်
အရင်ဦးဆုံး (၂)ရက်လောက်ရေစိမ်ထားပါ ရေကိုလဲပေးပါ ..
ပြုတ်တဲ့အခါ မာလကာရွက်ထည့်ပြုတ်ပါ
အခွံကျွတ်သည်အထိပြုတ်ပါ
အခွံကျွတ်ပါကရေငှဲ့ချပြီး (၂)ခြမ်းခွဲချပြီးရေစင်အောင်ဆေးပါ
နောက်တကြိမ် ထပ်ပြုတ်သောအခါ နာနတ်သီးအခွံခွါထည့်ပြုတ်ပါ (ဒညင်းသီးစားပီးလျင် နာနတ်သီး မဖြစ်မနေစားပါ ) ဒညင်းသီးဝယ်လျင် နာနတ်သီးပါတွဲဝယ်ပါ
နာနတ်သီးအခွံနဲ့ရေခမ်းသည်အထိပြုတ်ပီး နောက်တခါရေဆေးပါ
နောက်ဆုံးတခေါက်ထပ်ပြုတ်ပါမယ် ထန်းညက်ခဲထည့်ပြုတ်ပါမယ်ရှင်
နောက်ဆုံးတခေါက်ပြုတ်တဲ့အခါမှာရေကိုသန့်စင်အောင်ဆေးပြီးပြုတ်ပါ ရေခမ်းသည်အထိပြုတ်ပါ ပြီးလျင် ပဲဆီထဲသို့ ကြက်သွန်းဖြူထောင်းပီးထည့် ဆားလေးထည့်ပြီး ပြုတ်ထားတဲ့ဒညင်းသီးနဲ့စိတ်ကြိုက်တို့စားပါ ..
ငပိရည်တို့စရာအဖြစ်ရော ဝက်သားနဲ့ရော ငပိချက်အနေနဲ့ရော လဖက်ထဲထည့်သုပ်ရင်ရော ကြိုက်နှစ်သက်သလိုသုံးဆောင်လို့ရပါပီရှင် ..
အစားအသောက်ကိုနှစ်သက်သူတွေအတွက် များများစားလို့ရအောင် စနစ်တကျချက်ပြုတ်ပါက အန္တရာယ်မဖြစ်ပါဘူးရှင် ..
credit-Aye Aye Thein
photo credit-Aye Aye Thein