ကြောင်လေးတွေကို မိသားစုဝင်အဖြစ်နဲ့ မွေးထားပြီဆိုတာနဲ့ အိပ်စရာနေစရာ၊ အစားအစာ နဲ့ ကစားစရာတွေပေးထားရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့ အိမ်ထောင်သားမွေးကိစ္စအတွက်ပါ စဉ်းစားပေးကြရပါမယ်။
တချို့ကြောင်ပိုင်ရှင်တွေက သူတို့ကြောင်တွေကို သားသမီးပွားစည်း ကြောင်ပေါက်လေးတွေမွေးဖွားလာကြဖို့မျှော်လင့်ကြပေမယ့် အချို့ကတော့ ကြောင်ကလေး တွေ ထပ်မွေးလာမှာကို မကြိုက်ကြပါဘူး။
၁။ ကြောင်တွေမှာ ကိုယ်ဝန်တားခြင်း ဟာ ဘာကြောင့်အရေးပါတာလဲ
(က) ကြောင်မတွေဟာ အသက် ငါးလမှစပြီး ကိုယ်ဝန်ဆောင်နိုင်ခြင်းကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရနိုင်ခြင်း
(ခ) မိတ်လိုက်ရာသီတစ်ရာသီအတွင်းမှာပင် နှစ်သားထိ ကျနိုင်ခြင်း
(ဂ) နောက်မွေးလာမယ့်ကြောင်ငယ်လေးများအတွက် နေစရာနေရာ အခက်အခဲ ရှိခြင်း
(ဃ) မွေးစကြောင်များကို ပြုစုရတာ ပင်ပန်းခြင်း
(င) အညစ်အကြေး များ ပေပွခြင်း
စတဲ့ မလိုလားအပ်တဲ့ အချက်တွေကို တားဆီးဖို့ အရေးပါပါတယ်။
၂။ ကြောင်လေးတွေကို ဘယ်လိုနည်းတွေနဲ့ ကိုယ်ဝန်တားမလဲ
ကြောင်အသက် ငါးလ နဲ့ ခြောက်လ ခန့်ကစပြီး အောက်ပါနည်းများမှ တနည်းနည်းနဲ့ ကိုယ်ဝန်တားနိုင်ပါတယ်။
(က) Quarantine သီးခြားခွဲထားခြင်း
မိတ်လိုက်ရာသီအတွင်း နဲ့ ကြောင်မ သားတောင်းနေချိန်တွင် လှောင်အိမ်ထဲ၊ အခန်းထဲ ထည့်ပြီး သီးခြားခွဲထားခြင်း
ပျမ်းမျှ တစ်ပတ် ( သုံးရက်ကနေ နှစ်ပတ်ထိကြာတတ်) ခွဲထားရပါမယ်။ ကြောင်ရဲ့ သားတောင်းမိတ်လိုက်ချင်စိတ်ဖြစ်ပေါ်တဲ့အချိန်ကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုအပ်ပြီး အဲ့ဒီ အချိန်ကျော်လွန်ထားနဲ့ အပြင်ကို ပြန်လွှတ်ပေးနိုင်ပါတယ်။
ကော်ဇောများကုတ်ခြစ်ခြင်း၊ ဆူညံစွာအော်ဟစ်ခြင်း၊ လွတ်မြောက်အောင်ကြိုးစားခြင်းတို့ လုပ်နိုင်သဖြင့် သည်းခံစိတ်ရှည်ဖို့လိုပါတယ်။
(ခ) Cat Birth Control Injections
ကြောင်များအတွက် သီးသန့်ထုတ်ထားတဲ့ Depo- Provera တားဆေးထိုးပေးခြင်းဖြင့် သားဥကြွေကျမှုမဖြစ်အောင်ထိန်းပြီး ကိုယ်ဝန်တားခြင်း
ဆိုးကျိူ း
ကြောင်များတွင် ဆီးချို ရောဂါဖြစ်ခြင်း ၊ သားအိမ်ရောဂါများ ဖြစ်စေတတ်ခြင်း၊ နို့အုံအကျိတ်အဖုကင်ဆာဖြစ်တတ်ခြင်း၊ အစားပိုစားချင်စိတ်ကိုလှုံ့ဆွပြီး လှုပ်ရှားမှုနည်းစေခြင်းကြောင့် အဝလွန်စေခြင်း
(ဂ) Hormonal therapy
အီစတိုဂျင်၊ ပရိုစတာဂလဒင် ဟော်မုန်းများသုံးပြီး သားမတောင်းအောင် တားဆီးခြင်း
ဆိုးကျိူ းများ
သားအိမ်ရောဂါများဖြစ်တတ်ခြင်း၊ မြုံတတ်ခြင်း
(ဂ) Ovuban Prescriptions
Megestrol acetate ဟော်မုန်းအသုံးပြု ပြီး ကိုယ်ဝန်တားခြင်း
ဆိုးကျိ းများ
ရေရှည်သုံးစွဲပါက အသည်းရောဂါများ ၊ ဆီးချို ရောဂါ၊ သားအိမ်ရောဂါများ ၊ နို့အုံအဖုအကျိတ်ကင်ဆာ၊ အဝလွန်ခြင်း ဖြစ်စေတတ်သည်။
(ဃ) Spaying သင်းပစ်ခြင်း
နောက်တကြိမ်ကိုယ်ဝန်မဆောင်နိုင်အောင် သားဥအိမ်နဲ့ သားအိမ်ကို အပြီးထုတ်ပစ်ခြင်း ဖြစ်ပြီး ကြောင်များအတွက် ကိုယ်ဝန်တားခြင်း မှာ အန္တရာယ်အကင်းဆုံးနည်းဖြစ်ပါတယ်။
ကောင်းကျိုးများ
သားဥအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှု မရှိစေတော့ခြင်း၊ နို့အုံကင်ဆာဖြစ်ပွားမှု လျော့ကျစေခြင်း
ဆိုးကျို း
နောင်တကြိမ် မည်သည့်အခါမှ ကိုယ်ဝန်မရနိုင်တော့ခြင်း

credit- Dr. Swe Mar Tun B.V.Sc., M.V.Sc (Pathology)
photo credit