covidnote1

COVID-19 ဆိုတာ bacterial pneumonia ,viral pneumonia ,fungal pneumonia,chemical pneumonia ဆိုတဲ့ pneumonia ဖြစ်စေတဲ့အရာတွေထဲကမှ viral pneumonia ပဲဖြစ်ပါတယ်။ သေရတဲ့အကြောင်းရင်းတွေက အချိန်ကိုက် ကုထုံးမရတာနဲ့ လိုအပ်တဲ့ ကုထုံးမရတာ။

၁. အခုတတိယလှိုင်းမှာ လူတိုင်းလက်ထဲ test kit ရောက်တဲ့ပြဿနာ။ မနှစ်က ဘယ်သူ့လက်ထဲမှ ဘာမှမရှိတော့ ကလိစရာလည်းမလို ကုစရာကလည်းအဆင်သင့်၊ အခုကျ အုတ်အရောရော ကျောက်အရောရောတွေကိုဖြစ်လို့။ နှာခေါင်းနှိုက်တာနဲ့ ငါ ရောဂါမရှိဘူးထင်ကုန်ကြတာ၊
နှိုက်တတ်တဲ့လူနှိုက်မှ နှိုက်နည်းမှန်မှ။ ဒါတောင် ဒီ test kit တွေက PCR နဲ့ယှဉ်ရင် တိကျမှုအဝေးကြီး။
false negative တွေများချက်တော့ အခုထိ antigen test kit နဲ့စစ်တာသုံးခေါက်စလုံး negative , လူက ဟစိဟစိဖြစ်နေလို့ မနည်းနှာနှပ်ယူနေရတာက အယောက်သုံးလေးဆယ်ရှိနေပြီ။ ကုနေရတာ အယောက်ရာချီထဲမှာ ဒီလိုပေါများနေတယ်ဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို မှားလိုက်မယ့်မျိုး။
antibody test kit ကလည်း false negative တွေရှိတာပဲ၊ antibody interpretation ကို မတတ်တော့ ရှိတာတွေရော မရှိတာတွေရော ဖြစ်ချင်ရာဖြစ်ဘောက်သောက်။ ဒီကြားထဲ ငါ ပိုး မရှိဘူးဆိုပြီး ရွာရိုးကိုးပေါက်လျှောက်သွားတော့ ကူးလိုက်တာ သောက်သောက်လဲ။
သေတာတွေကတော့ ခုထိ mortality rate ကမပြောင်းဘူးထင်ရတယ်၊2.2% ပဲသေကြတာ။ ဒါဆိုဘာလို့ အပြင်မှာ တအားသေတာလဲဆိုတော့ ကူးတဲ့သူဦးရေတအားများလို့ သေတဲ့အရေအတွက်တက်လာတာ၊ရာနှုန်းကပြောင်းလဲပုံမရ။
ပြီးတော့မှ မနှစ်ကလက်ကျန် positive တွေက silent carrier လို့ခေါ်တဲ့ လက္ခဏာမပြသူနဲ့ လက္ခဏာအနုစားပဲပြတဲ့သူတွေနဲ့ ဟိုဘက်နိုင်ငံကနေ India strain delta က နယ်စပ်ကနေတဆင့်ရောက်ပြီး ပေါင်းဆော်ကြတာ တတိယလှိုင်းမွှေရော။
epidemiology ကပ်ရောဂါပညာရဲ့ statistics တွေအရ ရောဂါပျိုးချိန်တွေ စုပေါင်းပြီး exponential rise ထပ်ကိန်းနဲ့တိုးပွားလာတာ တစ်ချိန်လည်းရောက်ရော အခုလို သိန်းသန်းချီ ထိကုန်တာ။

၂. အရေးအကြီးဆုံးမို့ အရင်ရေးမယ်။ ဘာအရေးအကြီးဆုံးလဲ? ကာကွယ်ဖို့က အရေးအကြီးဆုံးပဲ။ ကူးမိရင် ဘာအရေးအကြီးဆုံးလဲ ?
အောက်ဆီဂျင်ဝဝရနေဖို့က အရေးအကြီးဆုံး။ ကိုယ်ခံအားက သူ့အလုပ်သူလုပ်မယ်။ အဆုတ်ကို စ ဖျက်ဆီးပြီဆိုရင် အလိုဆုံးက အောက်ဆီဂျင်ပဲ။ mild moderate severe ကို အမျိုးအစားအရင်ခွဲ။
symptomatic လက္ခဏာတွေသက်သာအောင်ကုတာကသက်သက်။ ဥပမာ- ဝမ်းလျှော၊ချောင်းဆိုး၊ချွဲကြပ်၊ခေါင်းကိုက်တွေပြောတာ။
တကယ်ထိလာရင် အဆုတ်ကအရင်ဆုံး။ ဒီတော့အရေးအကြီးဆုံးက အောက်ဆီဂျင်။ lung supportive အရင်ဆုံးလုပ်ရတယ်။
တိုင်းကြည့်။ တိုင်းတဲ့စက်သာမှန်ရင် 94%အောက်ရောက်တာနဲ့ စရှူတော့။
ဒါကို တလွဲတွေရေးနေတာတွေအများကြီး။ ဘယ်လောက်က စပေးမှာလဲက criteria တွေရှိပြီးသား။
criteria သာကိုင်ပြီးကု၊ဘယ်တော့မှမမှားဘူး။
nasal cannula,face mask,reservoir bag , HFNC ,ET tube,CPAP ,BiPAP စသည်ဖြင့် အဆင့်ဆင့်ပေးပြီး respiratory support ပေးရတာ။ သင့်လျှော်ရာမပေးမိလို့ သေကုန်ကြတဲ့လူနာတွေပိုများတယ်။
viral pneumonia ဆိုတာ ICU ထဲရောက်ပြီး life threatening pneumonia ဖြစ်သွားရင် mortality rate သေနှုန်းက အရမ်းမြင့်တာ သဘာဝပဲ။ life threatening အဆင့်မရောက်ခင် နည်းမျိုးစုံနဲ့ကုရတာ။ အောက်ဆီဂျင်ပေးလည်း သေတာပဲလို့ပြောတာ တော်တော့်ကို အသိဉာဏ်နုံနဲ့တာပဲ။

၃. အောက်ဆီဂျင်ပေးပြီးပြီ။ တက်သင့်သလောက်မတက်တာ prone position ဆိုတဲ့မှောက်လျက်မနေလို့။
ခေါင်းအုံးတွေ ၁-၂-၂-၁ သို့မဟုတ် ၁-၁-၁-၁ လိုတယ်။ ခေါင်း၊ရင်ပတ်အောက်၊တင်ပဆုံအောက်၊ဒူးအောက်ညို့သကျည်း ဒီမှာ ခေါင်းအုံးခုရတာ။ ဗိုက်ကို အလွတ်ထား၊ခေါင်းကိုဘေးစောင်း၊ပိုက်တပ်ရှူ။ မတက်ရင်ကြိုက်သလိုပြော။
နောက်တစ်ခုအရေးကြီးတာက အသက်ရှူလေ့ကျင့်ခန်း breathing exercise ပဲ။
အသက်ကို အပြင်းဆုံးရှူသွင်း၊ ငါးစက္ကန့်အောင့်၊ပြီးရင် ရှူထုတ်၊ငါးခါဆက်တိုက်လုပ်။
အပြင်းဆုံးရှူ -အောင့်-အဝတ်ခံပြီး ချောင်းဟန့် တစ်ခါ။
ဒီ ရှူ – အောင့် – ထုတ် ၅ ခါ နဲ့ ရှူ – အောင့် – ချောင်းဟန့် တစ်ခါကို တစ်နေ့ လေးကြိမ်ကနေ ခြောက်ကြိမ်လုပ်။

၄. နောက်တလွဲတစ်ခုက ပြိတ္တာဖြစ်မယ့် လောဘသားတွေ။ဆေးတွေ မတန်တဆသွင်းလာတာ၊စက်တွေ မတန်တဆသွင်းလာတာတွေပြောတာ။ နောက်​တစ်ခုအဆန်းထွင်ကြတာက အပင်တဲ့။
ပြောပြောနေတဲ့ snake plant နဂါးစက်ဂမုန်း,ပင်စိမ်းပင်,ဂွေးတောက်ရွက် တစ်ခုမှမမှန်။မနှစ်က တမာရွက်နဲ့တန်းတူပဲ။
နေ့အခါမှာ အစိမ်းရောင်ရှိတဲ့အပင်တိုင်းက photosynthesis လုပ်တယ်၊respiration လည်းလုပ်တယ်။ဒီတော့ နေ့မှာ CO2 လည်းသုံးတယ် O2 လည်းသုံးတယ်။O2လည်းထုတ်တယ်။ ညမှကျ respitation ပဲလုပ်တယ်၊O2 ကိုသုံးတယ်။
နေ့ရော ညမှာပါ အပင်က O2 သုံးပြီး respiration လုပ်တာ တူတူပဲ။နှုန်းတောင်မပြောင်းဘူး။တစ်ချိန်လုံးလုပ်နေတာလေ။
CO2 ကျ နေ့ရော ညမှာပါထုတ်တာ၊နေ့ကျ သူထုတ်တဲ့ CO2 ကို သူပြန်သုံးတယ်၊
ဒါတောင် epiphytes , lithophytes နဲ့ xerophytes တွေမှာ Crassulacean acid metabolism ဆိုပြီးတော့ ညမှပဲ gaseous exchange လုပ်တဲ့အပင်တွေရှိသေးတယ်။CO2 ကိုညမှာပါသုံးတဲ့အကောင်းဆုံးဥပမာ။

ထွက်လာသမျှ O2 တွေက အပြင်ရောက်ရောက်ချင်း Fick’s law of diffusion အရ ပတ်ဝန်းကျင်ထဲမှာ တန်းပြီး ပြန့်သွားတော့ ဘယ်နားနေရင် အောက်ဆီဂျင်ပိုရတယ်၊ဘယ်အပင်က အောက်ဆီဂျင်ပိုထုတ်တယ်ဆိုတာ ကလေးအတွေးသက်သက်ပဲ။
ဒီတော့ ညမှာ အပင်အောက်နေလို့ CO2 အဆိပ်သင့်တယ်ဆိုတာ လုံးဝမှားယွင်းနေသလို နေ့မှာ အပင်တွေနားနေရင် O2 ပိုရတယ်၊ဘယ်အပင်တွေက အောက်ဆီဂျင်ပိုရတယ်ဆိုတာ စောက်တလွဲ။

၅. အနံ့ပျောက်တယ်ဆရာ။ ဘာလုပ်ရမလဲ ? လိုင်းပေါ်မှာ လုပ်နည်းတွေ ဆေးနည်းတွေ ဆေးတွေ စုံနေတာပဲ။ဘာလုပ်သင့်သလဲ လာမေးရင် ဘာမှမလုပ်နဲ့လို့ပဲပြန်ဖြေတယ်။ လုံးဝဘာမှလုပ်ရန်မလို။
သူ့ဟာသူ တစ်ပတ်နေရင်ပြန်ရမယ်၊တစ်ချို့တွေမှာ လချီကြာမယ်။တစ်ချို့တွေကျ အနံ့ရတာတွေထူးဆန်းကုန်တယ်၊ပြောင်းကုန်တယ်၊ဒါတွေလည်း ခဏပဲ၊အာရုံကြောယောင်ယမ်းတာပြီးရင် အလိုလိုပြန်ကောင်းတယ်။
Afrin , Alerday , Azithromycin သောက်ရမယ်ဆိုတာ ပညာမတတ်လို့ လိမ်နေတာ။

၆. နောက်တစ်ခုအရေးအကြီးဆုံးက drug interactions and untoward effects.
ဆရာတို့ သိကိုသိရမှာဖြစ်ပါတယ်။ အထူးကုမှမဟုတ်ပါဘူးဗျာ၊ဆရာဝန်တိုင်းသတိကြီးကြီးထားပြီးပေးရမှာပါ။
antihistamine H1 Blockers တွေထဲက Alerday တို့ Fexet တို့မှာ Fexofenadine ပါတယ်၊သူ့ရဲ့ active metabolite က terfenadine. သူက cardiac potassium channel blocker ဆိုတော့ prolonged action potential ရတယ်။ဒီတော့ QT prolongation တွေ VT တွေရပြီး Torsade de Pointes တွေရပြီး နှလုံးရပ်ရော။
ဒါကို ထပ်ပြီးဆိုးစေတာက Macrolide antibiotics တွေ။
အခု လိုလို မလိုလို Azithromycin တွေသောက်ခိုင်းကြတာ သိပ်အန္တရာယ်များနေပြီ။VT risk ကြီးတယ်လေ။
proarrhythmogenic တွေချည်း တိုက်သလိုဖြစ်နေရော။
ကျန်သေးတယ်။ -floxacin နဲ့ဆုံးတဲ့
5-Fluoroquinolones တွေ။proarrhythmogenic ဆိုတော့ VT risk က သိပ်ရှိတာပေါ့။ထပ်ပြီး သူတို့က
cytochrome P 450 enzyme inhibitors တွေ။
တခြားဆေးတွေရဲ့ action ကို ကပြောင်းကပြန်ဖြစ်ရော။ enoxacin > ciprofloxacin > norfloxacin > ofloxacin, levofloxacin, trovafloxacin, gatifloxacin, moxifloxacin
inhibitory effect အပြင်းကနေအပျော့ ဒီလိုရှိတယ်။

ကျန်သေးတယ်၊ဟိုတလောက NY USA ကဆိုပြီး လျှောက်ရေးတဲ့သူ။
မဆီမဆိုင်Ventolin ရှူရမယ်တဲ့။
ဆရာဝန်ဟုတ်မဟုတ်တောင် မသေချာ။
ကိုဗစ်ရဲ့ pathophysiology ကို မတတ်လို့ဒီလိုရေးတာ။
Ventolin ထဲမှာ Salbutamol ပါတယ်။
beta agonist ကြီးဆိုတော့ heart rate တွေမြန်၊arrhythmia တွေဖြစ်ရော။
aminophylline ကို 5-flouroquinolone နဲ့တွဲပေးတာ၊လူနာက နှလုံးခုန်နှုန်း ၁၆၅-၁၈၀ နဲ့ မျော့နေပြီ။
ဒါတွေကို ရောသာသောက်ရင် ကိုဗစ်နဲ့မသေဘူး၊နှလုံးဖောက်သေမှာ။
နှလုံးရောဂါအခံရှိတဲ့သူဆို အဆင်းဘီးတပ်ရုံတင်မက တွန်းပါချသလိုပဲ။

နောက် drug interactions တွေထဲမှာ တော်တော်မွှေတာက omeprazole. သူနဲ့ interact လုပ်တဲ့ဆေးက ၁၉၉ မျိုးရှိတယ်။
ဒီထဲမှာမှ major and moderate interactions က ၁၅၃ မျိုးတောင်။
PPI တွေ အပြင်မှာ အစုံရှိပါတယ်။ ဒီတော့ PPI ကို generation မြင့်တာပဲသုံးစေချင်ပါတယ်။
omeprazole ချည်းမလုပ်စေချင်။

ဆေးအမျိုးအစားတွေကို ဆရာတို့ interactions ရှောင်၊untoward effects သတိထားပြီး သေချာလေးရွေးချယ်ပြီးတော့ အသက်ကယ်ပေးကြပါဗျာ။

၇. နောက်တစ်ခုက silent hypoxia ရဲ့ အန္တရာယ်။
မမောတော့ဘူး၊ကောင်းသွားပြီ၊လမ်းလျှောက်လိုက်တာ လဲကျပြီး အသက်ပျောက်ရော။
ဒါကို silent hypoxia တိတ်တဆိတ်အောက်ဆီဂျင်ကျခြင်းလို့ခေါ်တယ်၊လက္ခဏာမပြတော့ မမောဘူး၊တကယ်တိုင်းကြည့်တော့ ကျနေပြီ။
လှုပ်ရှားမှုလည်းလုပ်ရော ပိုကျတော့ သေရော။
ခဏတိုင်းကြားနေရတယ်။
ဒီတော့ မမောတော့ဘူးဆိုပြီး ငါကောင်းတယ်ဆိုပြီး လှုပ်လှုပ်ရှားရှားမလုပ်စေချင်။
အောက်ဆီဂျင်ဆိုတာ Oxyhaemoglobin dissociation curve အရကျတာ။
အစပိုင်းမှာ မသိမသာကျရာကနေ 70-80% လောက်လည်းရောက်ရော ဝုန်းဒိုင်းကြဲကျတော့တာ။
ဆေးကျောင်း ဒုတိယနှစ်မှာသင်ရတယ်။အခုဒီ knowledge ကိုပြန်သုံးလို့ရတယ်။

၈. နောက်အရေးကြီး topic က dexa.
Dexamethasone ကို long acting corticosteroid အနေနဲ့သိကြတယ်။ ထိုးထိုး သောက်သောက်တစ်နေ့မှတစ်ခါပဲ။
ပြီးတော့ အကောင်းဆုံး antiinflammatory.
နောက်ပြီးတော့ No mineralocorticoid action ဆိုတော့ salt and water retention မရှိ၊ဒီတော့ lung ထဲမှာ transudate ထွက်ဖို့မရှိ။
အခု Covid မှာ lung inflammation and post inflammatory fibrosis ကိုတားဖို့အကောင်းဆုံးဆေး။
ပေးရမယ်ဆိုရင် timing တော့မှန်ရမယ်၊ ရမ်းပေးရင် မထိရောက်ဘဲပြဿနာတက်မယ်။
untoward effects ကများသလို ဆယ်ရက် ကနေ လချီပေးရတာဆိုတော့ tapering လုပ်ကိုလုပ်ရမယ်။
Untoward effects တွေကို ရအောင် control လုပ်ရမယ်၊ဥပမာ-hyperglycemia.
guideline ကရှိပြီးသား။
Insulin ကို တွက်ပြီးထိုးရုံပဲ။ဘာမှမခက်ဘူး။
Pred တို့ methylpred တို့က dexa လောက်သဘောမကျ။
ဒါကို NSAID သုံးမျိုးနဲ့ corticosteroid သုံးမျိုးစပ်ပေးနေတဲ့ medical ethic မရှိတဲ့ နွားတွေရှိနေတယ်။သေလိုက်ကြတာသောက်သောက်လဲ။
နိုင်ငံခြားမှာဆို တရားစွဲခံရမယ်၊ဒီမှာတော့ သေလည်း ကံပေါ့ဆရာရယ်နဲ့ပြီးနေတာ စိတ်ပျက်စရာ။

၉. နောက်တစ်ခုက ကိုဗစ်မှာ ဘာစားရမလဲ ?
ဘာသောက်ရမလဲ? ဖြည့်စွက်စာတွေ အားဆေးမျိုးစုံသောက်တာတွေသာရှောင်။ အားဆေးက တစ်မျိုးဆို လုံလောက်တယ်။
ကျန်တာအကုန်စား။ ရောဂါအခံကြောင့်သီးသန့်ရှောင်ရမယ့်အစာတွေကိုသာရှောင်။ ကျန်တာ အားပြည့်အောင်သာစား။
အဟာရနဲ့ အစားအကြောင်းသီသန့်ရေးရအုံးမယ်။
အရည်တွေက ဘာအရည်ဖြစ်ဖြစ်ရတယ်၊အရက်သေစာဘီယာကလွဲပြီးရတယ်ပြောတာ။
အကောင်းဆုံးက ဓာတ်ဆားပါတဲ့အရည်တွေ ။ Pocari Sweat ဘာညာ ဘာသောက်သောက်ရတယ်။
တစ်နေ့ကို နှစ်လီတာကနေ သုံးလီတာအထိဝင်ရမယ်။
ရေပြည့်နေလေလေ အဖျားကျလေလေ လည်ချောင်းနာသက်သာလေလေပဲ။

၁၀. ဒီအချိန်မှာ alternative medicine ဆိုပြီး စျေးကြီးကြီးနဲ့ လူစားစရာမဟုတ်တဲ့ဆေးတွေတို့ အရွက်စားရင်ရနေတာကို ဆေးဆိုပြီး စျေးကြီးပေးစားနေရတာတွေသာရှောင်။ ငွေကုန်မယ်၊တစ်ကိုယ်လုံးထိမယ်။
တစ်ခါလာလည်း ယောင်ရမ်းခြင်းက ဘယ်လို ၊ယောင်ယမ်းခြင်းက ဘာညာဆိုပြီး လိမ်ညာနေတာ မြင်ရတာစိတ်မချမ်းသာ၊အဘိဓမ္မာကပါသေးတယ်။ တကယ်က အဲဒီလူတွေကြည့်ရတာ ဆေးပညာတကယ်ရောတတ်တာလား မေးခွန်းထုတ်ရမယ့်အပေါက်။
basic science စာကို ကျေပုံမရ။
Autacoids လည်းမသိ ,Eicosanoids ဆိုတာ နားမလည်, Arachidonic acid metabolites pathways ဆိုတာ နားမလည်,ဘယ်ဟာက proinflammatory ဆိုတာမသိ,ဘယ်ဟာက antiinflammatory ဆိုတာနားမလည်,complement and kinin system ဆိုတာ ဝေး, steroidogenesis pathwaysဆိုတာ ဘာမှန်းမသိ,steroid equivalent ဆိုတာ ဘာမှနားမလည်နဲ့ ။
နားမလည်တာအပြစ်မဟုတ်ဘူး။မသိရင် ဖတ်လို့ရတယ်။ လူထုကို false information ပေးပြီး လိုရာဆွဲ,သုံးချောင်းထောက်သုတေသနအစုတ်အပြတ်တွေကို ကိုးကားပြီး စျေးကြီးကြီးနဲ့ ညာဝါးနေတာကို လက်မခံနိုင်တာ။

နောက်ဆုံးမှာချင်တာက စိတ်ကအဓိကပဲ။
မသေရဘူးဆိုပြီးသာနေ၊ရအောင်အားတင်း။

တရားထိုင်စ မရှိဘဲ တရားလုံးဝမထိုင်ကြနဲ့။
ပိုတွေးပြီး ပိုဆိုးတယ်။
သီချင်းနားထောင်မယ်၊ဟာသကားကြည့်မယ်။
အသက်ရှူရတာသက်သာစေတဲ့တစ်ခုတည်းသောနည်းလမ်းက အာရုံလွှဲပြီး ဖိစီးမှုကိုလျှော့တာဖြစ်လို့ ပျော်ပျော်နေခိုင်းတာ။
ငါသေမယ်ဆိုပြီး မရဏာနုဿတိကို အခုမှစပွားရင် တကယ်သေမယ်။
မရဏာနုဿတိဆိုတာ အားတိုင်းပွားနေမှ ကျင့်သားရတာ။
ကိုဗစ်မှာ မောကမောသေး၊ဖိစီးမှုတွေနဲ့ သေမယ်တွေးရင် တကယ်သေမယ်။
ကုထုံးတွေကို guideline အတိုင်းသာကု။
guideline တွေရှိတယ်၊update အမြဲလုပ်နေရမယ်။ တကယ်ထိရောက်တယ်။
လူနာတစ်ယောက်နဲ့တစ်ယောက်က background and underlying တွေမတူတော့ ဆေးပေးပုံတူချင်မှတူမယ်။
general concept and guideline ကတော့ တူတူပဲ။
သေမယ်လို့ထင်ရတဲ့သူတွေတောင် အချိန်ကိုက်ကုထုံးမီရင် တကယ်မသေဘူး။
ဘယ်အချိန် ဆေးရုံတင်ရမယ်၊ဆေးရုံမတင်နိုင်တောင် အထူးကုနဲ့ ပြပြီး အိမ်မှာစနစ်တကျကြည့်ပေးမယ့် ကျမ်းမာရေးအသိရှိသူရှိရင် ကယ်နိုင်တယ်။


Dr.Aung Kyaw Thu
M.B.,B.S( MDY )
MRCP ( UK ) ( LONDON ),
MRCP(GLASGOW),
MRCP(EDINBURGH )