

သာလိကာလေးတွေအတွက် အနည်းဆုံး ၃ပေပါတ်လည် လေးထောင့်ခြံလေးနဲ့ပိုကောင်းပါတယ်။ အခြားငှက်များလို ခြံအသေးနဲ့ မထားသင့်ပါ။ သာလိကာသည် ခုန်ဆွခုန်ဆွနှင့် Hop Around လျှောက်သွားတတ်တဲ့ ငှက်မျိုးမို့ပါ။
ခြံကိုအဝိုင်းမလုပ်ရပါ။ လေးထောင့်ခြံနှင့် ခြံအဝိုင်း ၂ခုတွင် လေးထောင့်ခြံသည် သူတို့တိုးဝှေ့ဖို့ရာ ဒေါင့်ရှိတဲ့အတွက် သူတို့ရဲ့ စိတ်လုံခြုံသလို ခံစားရပါတယ်။
အဝိုင်းပုံစံ ခြံတွင်မူ တိုးဝှေ့ဖို့ရာ ဒေါင့်မရှိတဲ့အတွက် သူတို့လေးတွေမှာ အလိုလို စိတ်အားငယ်ရပါတယ်။
သာလိကာလေးများသည် ရေကို အလွန်ကြိုက်နှစ်သက်သည့် ငှက်ဖြစ်သည့်အတွက် ရေဖလားကြီးကြီးနဲ့ ရေကိုအမြဲဖြည့်ထားဖို့ လိုအပ်ပါတယ်။ သူ့သဘာဝလဲ နေ့စဉ် ရေဆင်းချိုးတတ်သည့် ငှက်ဖြစ်ပါတယ်။
အစားအစာတွင်မူ ထမင်းအဖြူသီးသန့်/ငှက်ပျောသီးမှည့်/
သဘောင်္သီးမှည့်/ခရမ်းချဉ်သီး/နဂါးမောက်သီး/ထောပတ်သီး/ ကျွေးနိူင်ပါတယ်။
နွေဖက်တွင် ဝိတ်ချသည့်အနေဖြင့် ဖရဲသီးလဲ ကျွေးနိူင်ပါတယ်။
#ငရုတ်သီး လုံးဝ လုံးဝကို မကျွေးရပါဘူး။ သာလိကာရဲ့ လေပြွန်ဟာ ကြက်တူရွေးတွေလိုမဟုတ်တဲ့အတွက် ငရုတ်သီးရဲ့ အပူအစပ်ဓါတ်ကြောင့် လေပြွန်လောင်ပြီး သေတတ်ပါတယ်။
စကားသင်မယ်ဆိုပါက တစ်ကောင်ချင်း သီးသန့်ခွဲထားပြီး
သင်မှသာ ရပါမယ်။
နားတိုသည့် သက်တမ်းနုသာလိကာသည် ၇လမှာ စတင်စကားတတ်ပါတယ်။ သက်တမ်းရင့်သာလိကာသည် ၉လနှင့် ၁နှစ်အတွင်းမှာ စတင်၍ စကားတတ်ပါတယ်။
ထို့ပြင် သာလိကာသည် အရမ်းအော်တတ်သည့် ငှက်ဖြစ်သည့်အတွက် နွေဖက်တွင် အသံအော်မြည်တာ များပါက နှလုံးဖောက်ကာ ပါးစပ်က သွေးအန်သေတတ်ပါတယ်။
ပထမတစ်ခါ သွေး အန်လာပါက ပျားရည် ၃စက်ခန့် ပါးစပ်ထဲထည့်ပေးနိူင်ပါတယ်။ ပျားရည်နဲ့ငှက်ပျောသီးနှယ်ကျွေးပြီး ကုသနိူင်သလို လူတို့အကြောဆေးသွင်းသည့် ဂလူးစ်ကို့ ပုလင်းကို လက်သန်းတစ်ဆစ်ရဲ့ တစ်ဝက်ခန့်သာ ဆေးထိုးစလင်းပိုက်နဲ့ ထည့်ပြီး ပါးစပ်ထဲထည့်တိုက်ပေးပြီးတော့ ကုသနိူင်ပါတယ်ဗျ။
သာလိကာသည် မျက်စိတွင် တိမ်ဖုံးတတ်ပါသည်။
ထိုအခါတွင် Vရိုတိုမျက်စဉ်းဘူး ၂စက်ခန့် ခတ်ပေးနိူင်ပါတယ်။
ပြီးလျှင် ရေကျက်အေးဖြင့် ပြန်လည်ကာ ဆေးချပေးပါက ကံစပ်မယ်ဆို ပြန်ကောင်းနိူင်ပါတယ်။
credit-လင်းယုန်မာန်
