grief

လူတိုင်းရဲ့ဘ၀တကွေ့မှာတော့ grief လိုခေါ်တဲ့ ဆုံးရှုံးခြင်းကြောင့်ဖြစ်လာတဲ့၀မ်းနည်းပူဆွေးမှုကိုခံစားကြရစမြဲပါ။ ကိုယ်လေးစားချစ်ရတဲ့သူတဦး၊ကိုယ့်မိသားစု၀င်၊ ကိုယ့်ချစ်သူ(သို့) အိမ်ထောင်ဖက် သေဆုံး၊ပျောက်ကွယ်သွားတဲ့အခါ၊ ဒါမှမဟုတ်လဲ ကိုယ့်ကိုစွန့်ပစ်လမ်းခွဲသွားတာမျိုးနဲ့ကြုံရရင် ၀မ်းနည်းပူဆွေးမှုခံစားရတာက သဘာ၀ဖြစ်စဉ်ပါပဲ။

🥀 Grief is universal but it is also very personal လူတိုင်းကတော့ ဆုံးရှုံးမှုကြောင့်ကနေရလာတဲ့ ဒီ grief ကိုခံစားဖူးတော့ Grief is universal ပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုးဆီမှာ မတူညီတဲ့ခံနိုင်ရည်တွေရှိတာကြောင့် ဒီဆုံးရှုံးမှုက ဘယ်လောက်ထိကိုယ့်အပေါ်ရိုက်ခတ်မှု (intensity) ပြင်းမလဲ၊ ဘယ်လောက်ကြာကြာ(time) ခံစားရမလဲဆိုတာတော့ကွဲပြားတတ်လို့ grief is also personal ပါ။

Grief အကြောင်းပြောကြရင် များသေားအားဖြင့် Kuber-Ross model ရဲ့ အဆင့်(phase) ၅ဆင့်ကိုဘယ်လို ဖြတ်သန်းရတယ်ဆိုတာကိုညွှန်းပြီးပြောကြပါတယ်။ အဆင့်တွေကိုရှင်းပြရရင် ပထမဆုံး

▪️Denial လာတယ်။ ငြင်းဆန်နေမိတာမျိုး။ သူမရှိတော့ဘူး၊ထွက်သွားပြီဆိုတာ မယုံကြည်၊လက်မခံချင်တာ။ နောက်တော့

▪️Anger and Guilt – ထားသွားရက်ရလားဆိုပြီးသူကိုဒေါသထွက်သလိုဖြစ်လိုက် ဒါမှမဟုတ်လဲ ကိုယ့်ကိုယ်အပြစ်ပုံချပြီး survivor’s guilt နဲ့ ဒေါသစိတ်၀င်လာလိုက်၊ မဟုတ်ရင်လဲဘေးကလူကိုပတ်ရမ်းရန်လုပ်တာ။ ပြီးရင်တော့

▪️Bargaining- ဘာပေးရင်သူကိုယ့်ဆီပြန်လာမလဲဆိုပြီး စျေးဆစ်ကြည့်တာ၊။နောက်တခုကတော့

▪️Depression – စိတ်ဓါတ်ကျလာတာ။ အဒီလိုနဲ့ နောက်ဆုံးမှာတော့

▪️Acceptance ဒီဆုံရှုံးမှုကို လက်ခံပေးလိုက်ရတာ။

ဖြတ်သန်းတဲ့နေရာမှာ အဆင့်လိုက်တိုင်း အဆင့်၁၊၂၃ဆိုပြီးအစဉ်လိုက်ဖြစ်ချင်မှလဲဖြစ်မယ် အဆင့်၃၊ ၄၊၁၊၂၊ ၅ဆိုပြီးလဲဖြစ်သွားနိုင်ပါတယ်။ လူတချို့က တချို့အဆင့်တွေ မခံစားရပဲကျော်သွားတာလဲရှိမယ်။ ဒါကြောင့် grief က တကယ့်ကို personal လို့ပြောတာပါ။

🥀 ထွက်ပေါက်ရှာရင်းနဲ့ လမ်းပျောက်သွားမထင်မှတ်ဘဲ (သို့) ပြင်ဆင်ထားပေမဲ့လဲတကယ်တန်းရင်ဆိုင်ရတဲ့အခါမှာ များသောအားဖြင့် အရမ်းနာကျင်တာကိုခံစားရတော့ ဒီGrief ဆိုတဲ့ ခံစားချက်ကြီးဆီက ရှောင်ပြေးချင်လို့ပြေးပေါက်(escape) ရှာချင်လာပါတယ်။အစားအစာတွေအလွန်အကျွန်စားပစ်လိုက်တာမျိုး၊ အလုပ်တွေကြီးဖိလုပ်၊ တခြားကိုအာရုံလွှဲရင်းနဲ့ ခံစားချက်တွေနဲ့ဝေးရာကိုရှောင်ထွက်ကြည့်ကြပါတယ်။ ဒါမဟုတ်လဲ ခံစားချက်တွေကို “ထုံ” သွားအောင် အရက်ဆေးဝါးအကူညီယူမိတာမျိုးပေါ့။ တကယ်တမ်းကျတော့ အဲဒိအရာတွေက နာကျင်သောကတွေကို အလွှာတခုနဲ့အုပ်ရင်းဖုံးပစ်၊ပိတ်ပစ်လိုက်တဲ့သဘောပါ။ အဲဒီလိုတွေလုပ်မိတာက ပူဆွေး၀မ်းနည်းမှုလို့ခေါ်တဲ့ grief ပျောက်သွားတာ မဟုတ်ဘဲ ကိုယ်ကသူ့ကိုဖွက်ထားမိလိုက်သလိုဖြစ်သွားပါတယ်။ အဲဒီအခါ grief ကတအုံ့နွေးနွေးနဲ့ အတွင်းမှာလှိုက်စားလာပါတယ်။

🔳 ဒါဆိုရင်ဒီပူဆွေးရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်မလဲ။

🌿ခံစားချက်တွေကိုပိတ်မချပစ်ပါနဲ့။ ခံစားချက်တွေဆီက ထွက်မပြေးပါနဲ့။ Grief ကရလာတဲ့ယူကြုံးမရဖြစ်ခြင်းတွေ၊ သူ့အသံလေးပဲဖြစ်ဖြစ်ကြားရရုံ၊ဟိုး..အတိတ်ကပုံရိပ်တွေ ပြန်လိုချင်တောင့်တစိတ်တွေ၊ မိမိကိုယ်ကိုယ်အပြစ်ရှိလာသလိုခံစားချက်တွေ အစရှိတာတွေကို ကြည့်ရင်း ငါဘာကိုခံစားနေရတာလဲဆိုတာမျိုးကိုအပြင်ကနေ ကိုယ့်ကိုယ်ကို တခြားတယောက်ကြည့်နေတဲ့ ပုံစံမျိုးနဲ့ (observer view)ကြည့်ကြည့်ပါ။ ကိုယ်ကိုယ်ကိုပိုသိပြီး self-awareness ရလာအောင် ရှောင်မပြေးပဲနဲ့ တက်လာတဲ့ ခံစားချက်တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု(acknowledge) ပေးပါ။

🌿Find a way to express your grief. When you can talk about your feelings, they become less overwhelming, less upsetting and less scary. -Fred Rogers

ကိုယ့်ဘေးနားကသူတွေကို ခံစားရတာတွေကိုပြောပြပါ။ နားထောင်ခိုင်းပါ။ အဲဒီလိုပြောပြတတ်တဲ့သူမဟုတ်လဲ Journaling လိုစာချရေးတာမျိုးလုပ်ပါ။ ဘယ်ကိုမှဖွင့်မထွက်ပဲ ခံစားချက်တွေကို က်ိုယ့်အတွင်းထဲပိတ်ထားရင် stuck ဖြစ်ပိတ်မိနေပြီးကိုယ့်ဘ၀ရဲ့ တခြားကဏ္ဌနေရာတွေပါမှာဆိုးကျိူးသက်ရောက်မှုတွေဖြစ်လာတတ်တော့ အတွင်းကကိုယ့်ခံစားချက်တွေဖော်ပြအန်ထုတ်(purge) ပေးဖို့လိုပါတယ်။ လိုအပ်ရင် Mental support group တွေနဲ့ join ပါ၊ Therapy နဲ့ counseling ခံယူပါ။

🌿အချိန်ပေးပါ။အချိန်က အရာတိုင်းကို ကုသမပေးနိုင်ဖို့ အာမ မခံနိုင်ပေမဲ့ ခံစားချက်ဒဏ်ရာရဲ့ပြင်းထန်မှုတွေကိုတော့လျှော့ချပေးစေပါတယ်။ ကိုယ့်ကိုယ်ကိုရော ဖြစ်နေတဲ့ ခံစားချက်တွေကိုပါအချိန်ပေးပါ။ Give yourself time and walk through your emotions . .

🌿Moving forward with Griefပတ်၀န်းကျင်မှာပြောလေ့ပြောထ “သေသောသူ…ကြာရင်မေ့” ဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင် ထွက်သွားသူ၊သေဆုံးသွားသူကို တကယ်ကမေ့ပစ်စရာမလိုသလို မေ့သွားမှာလဲမဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ကျန်ခဲ့သူတော်တော်များက ဘယ်တော့မှပြန်မလာနိုင်တော့သူနဲ့ပတ်သတ်တာတွေဘာမှမကျန်တော့မှာကြောက်လာရင်း သူနဲ့ပတ်သတ်ရင်နောက်ဆုံးလိုဖြစ်ပြီးကျန်ခဲ့တဲ့ grief ကိုပိုမိုတင်းကျပ်အောင် မသိစိတ်ကပိုဆွဲထားချင်တတ်ပါတယ်။ ဒီနေရာမှာ သတိရစေချင်တာက လူ့ဘ၀က စာအုပ်တအုပ်ဆိုရင် ကိုယ်ကသူမပါတော့တဲ့ စာမျက်နာနောက်တခန်း(chapter) တခုကိုပဲရောက်သွားတာပဲရှိပါတယ်။ ဒါပေမဲ့ သူပါ၀င်ခဲ့တဲ့ဘ၀ရဲ့ ရှေ့အခန်းစာမျက်နှာတွေမှာ သူကအမြဲရှိနေမှာပါပဲ။ memory (မှတ်ဉာဏ်ပုံရိပ်)တချို့ကိုဖျက်ချင်သလိုဖျက်နိုင်ဖို့ လူတွေမှာ “စိတ်ခဲဖျက်” မှမပါလာတာ။physical connection မရှိတော့ပေမဲ့ သူနဲ့ရှိခဲ့တဲ့ chemical connection ကအမြဲရှိနေပါတယ်။ ဒါကြောင့် မေ့ပစ်မယ် ၊သူဟာကိုယ်ဆီမှာဘာမှမကျန်ခဲ့တော့ဖူးလို့တွေးတာထက် ကိုယ့်ဘ၀ရဲ့ တစိတ်တနေရာ၊ ဒါမှမဟုတ်လဲ ဘ၀တခုနီးပါးလုံးမှာသူပါခဲ့တဲ့အတွက် သူမရှိတော့တဲ့အခါ လစ်သွားတဲ့နေရာကွပ်လပ်(empty space) ကြောင့်ဖြစ်လာတဲ့အပြောင်းအလဲ( new normal )နဲ့ ဘယ်လိုနေထိုင်မလဲက ပိုလက်တွေ့ကျပါတယ်။

💐💐ထွက်သွားတဲ့ နောက်ဆုံးအခိုက်အတန့်တွေ၊ ပုံရိပ်တွေ၊ grief တွေကနာကျင်စရာကောင်းပေမဲ့ သူနဲ့ပတ်သတ်ရင် စကားလုံးနဲ့ဖော်ပြလို့မလောက်တဲ့ ပျော်ရွှင်မှုတွေလဲကျန်ခဲ့ပါသေးတယ်။ ဥပမာသူနဲ့စသိပုံ၊ကိုယ့်ဘ၀ထဲသူစစရောက်လာတုန်းက ပျော်ရွှင်ရပုံတွေလေ။ အရာရာ အကောင်းအဆိုးဒွန်တွဲနေတဲ့လောကမို့ ကောင်းတာတွေကို ပို focus လုပ်ရင်း၊ပြန်ပြောင်းတွေးရင်းနဲ့ သူမပါတော့မဲ့ စာမျက်နှာအသစ်မှာအပြောင်းအလဲတွေကို positive view နဲ့ ရှင်သန်ပါ။ အမှောင်မိုက်ဆုံးအချိန်ရောက်လာတာဟာ အလင်းလာတော့မယ်ဆိုတာသိတဲ့မျှော်လင့်ချက်လိုပေါ့။ မျှော်လင့်ချက်အပြည့်နဲ့ ကိုယ့်ကိုယ်ကိုကြင်နာမှုအပြည့်နဲ့ရှင်သန်ပေးပါ💐💐