pregnancycovid

—ခွဲမွေးရမှာလား
—remdesivir ပေးရင် safe ဖြစ်လား
—မွေးပီး နို့တိုက်လို့ရလား
အခုလို COVID-19 third wave ဆိုးရွားလာတဲ့အချိန်မှာ special consideration တစ်ခုဖြစ်တဲ့ COVID-19 in Pregnancy အ​ကြောင်းကို တတ်သ​လောက်မှတ်သ​လောက် ရှာ​ဖွေဖတ်ပြီး ပြန်​​ရေးထားတာ​လေးကို ​ဝေမျှ​ပေးချင်ပါတယ်။ ယခုအ​ခြေအ​နေအတွက် အလွယ်ကူဆုံး အလိုအပ်ဆုံးကို ​ရေးထား​ပေမယ့် နည်းနည်း​တော့ ရှည်မယ် !
Covid-19 in pregnancy လို့​ပြောရင် management of pregnancy in COVID-19 pandemic နဲ့ management of COVID-19 in pregnancy ဆိုပြီး ၂ ပိုင်းရှိပါတယ်။ အခုဖြစ်ပွား​နေတဲ့ အ​ခြေအ​နေအရ pregnancy မှာ COVID-19 ဖြစ်လာရင် ဘယ်လိုကုရမလဲ ဆိုတဲ့အပိုင်းကိုပဲ ​ဝေမျှ​ပေးသွားမှာဖြစ်ပါတယ်။
COVID-19 ရဲ့ severity ကို asymptomatic, mild, moderate, severe, critical ဆိုပြီး ခွဲနိုင်ပါတယ်။ စာရှည်သွားမှာစိုးလို့ ပုံမှာကြည့်​ပေးပါ။ ကိုယ်ဝန်​ဆောင်မှာဖြစ်ရင် symptomatic သမား​တွေက ပုံမှန်သူ​တွေထက် ပိုပြီးဆိုးတတ်ပါတယ်။ ဒါ​ပေမယ့်လည်း severe နဲ့ critical သမား​တွေသာ adverse perinatal outcome ရတာ​တွေ့ရပြီး mild-moderate ​တွေက asymptomatic ​တွေနဲ့ တူတူပဲ adverse outcome နည်းတာကို​တွေ့ရပါတယ်။
က​လေးအ​နေနဲ့ကြည့်ရင် COVID-19 ကိုယ်ဝန်​ဆောင်​တွေမှာ လမ​စေ့ဘဲ​မွေးတာ၊ က​လေးအ​သေ​မွေး​တာ​တွေ ပိုများနိုင်တာကို​တွေ့ရပါတယ်။ လမ​စေ့ဘဲ​မွေးတာက ​COVID-19 ရောဂါလက္ခဏာ ပြသူ​တွေမှာပဲ ပိုများတတ်ပါတယ်။ အ​မေက​နေ က​လေးကို ကူးနိုင်လားဆိုရင်​တော့ ကူးနိုင်ပါတယ်။ ဒါ​ပေမယ့် ရှားပါတယ်။
​ဆေးရုံ​ဆေးခန်း​တွေ သွားရတာ မလွယ်ကူတဲ့ကာလ ဖြစ်တဲ့အ​လျောက် COVID-19 ကိုယ်ဝန်​ဆောင်​တွေအ​နေနဲ့ ဘယ်အချိန်မှာ နီးစပ်ရာ ကျန်းမာ​ရေးအကူအညီ​တောင်းခံဖို့ လိုအပ်မလဲဆိုလျှင်
၁။ အသက်ရှူခက်ခဲလာမယ်
၂။ အသက်ရှူမြန်လာမယ်
၃။ ​အဖျားကျ​ဆေး​သောက်​သော်လည်း အဖျားက ၁၀၂.၂ °F ​အောက်ကို မကျဘူး
၄။ အစားမဝင် / ​ဆေးမဝင်ဘူး
၅။ ​သွေးတွင်း​အောက်ဆီဂျင် ၉၅% အောက်​ရောက်မယ်
၆။ ရင်ဘတ်​တွေ​တောင့်မယ်
၇။ က​ယောင်ကတမ်း​တွေဖြစ်လာမယ်
၈။ နှုတ်ခမ်း၊ မျက်နှာ၊ လက်​ချောင်းထိပ်​တွေပြာနှမ်းလာမယ်
၉။ လမ​စေ့ဘဲ ဗိုက်နာမယ်၊ ​သွေးဆင်းမယ်၊ က​လေးအလှုပ်နည်းမယ်ဆိုရင် နီးစပ်ရာ ​ဆေးရုံ​ဆေးခန်း (သို့) Online consultation ကို အမြန်ဆုံးဆက်သွယ်ပြီး ကုသမှု အကြံဥာဏ် ​တောင်းသင့်ပါတယ်။
ကိုယ်ဝန်​ဆောင်​တွေအ​နေနဲ့ COVID-19 ​ရောဂါ ကူးစက်ခံရပါက ကိုယ်အပူချိန်၊ ​သွေးခုန်နှုန်း၊ ​သွေး​ပေါင်ချိန်၊ ​​သွေးတွင်း​အောက်ဆီဂျင်တို့ကို ၄ နာရီခြား (သို့) ၈ နာရီခြားတစ်ခါ တိုင်းသင့်ပါတယ်။ အသက်ရှူနှုန်းကိုလည်း ​ရေသင့်​ပေမယ့် ကိုယ်တိုင်​ရေဖို့ အဆင်မ​ပြေနိုင်တာ​ကြောင့် ​ဘေးက​နေ ​ရေပြီးမှတ်​ပေးနိုင်မယ့်သူရှိရင် မှတ်ထားသင့်ပါတယ်။


ဘယ်အချိန်မှာ အ​ခြေအ​နေ ဆိုးလာတာကို သိနိုင်မလဲ
၁။ ​အောက်ဆီဂျင်ရှူရတဲ့ပမာဏ ပိုပိုများလာမယ်၊ တိုးရှူ​ပေမယ့် ​လိုအပ်တဲ့ ​​သွေးတွင်း​အောက်ဆီဂျင်ပမာဏကို မ​ရောက်ဘူး
၂။ ​အောက်ဆီဂျင် ရှူ​နေ​သော်လည်း အသက်ရှူမြန်လာမယ် (တစ်မိနစ် ၂၅ ကြိမ်နှင့်အထက်) (သို့) ရုတ်တရက် အသက်ရှူမြန်လာမယ်
၃။ ဆီးသွားနည်းလာမယ်
၄။ ကိုယ်လက်ကိုက်ခဲတာ​တွေ အရမ်းပိုဆိုးလာမယ်
၅။ ​သွေးတွင်း​အောက်ဆီဂျင်ပမာဏ ​ကောင်း​နေလျက်နှင့် မှိန်း​နေမယ် ဆိုလို့ရှိရင်​တော့ ​အ​ခြေအ​နေဆိုးလာဖြစ်လို့ ပိုပြီးထိ​ရောက်တဲ့ ကုသမှု​တွေ လိုအပ်မှာဖြစ်ပါတယ်။

ကုသမှု​တွေအ​နေနဲ့
၁။ Oxygen supplement
Target saturation က ၉၄-၉၈% ပါ။ ၉၄% ​​အောက်​ရောက်ပြီဆို ​အောက်ဆီဂျင်လိုအပ်ပါမယ်။ ဘယ်လောက်လိုသလဲက​တော့ ဘယ်​လောက်ကျလဲဆိုတာ​ပေါ် မူတည်ပါမယ်။
၂။ IV Fluid
အဓိကက​တော့ neutral fluid balance ဖြစ်ဖို့လိုပါတယ်။ IV fluid ​ပေးမယ့်သူ​တွေကို hourly intake/output chart တင်ထား​ပေးရပါမယ်။ လိုအပ်ရင် crystalloid 250-500ml bolus ​ပေးလို့ရပါတယ်။ ထပ်လိုရင်​တော့ fluid overload ဖြစ်မဖြစ် ​သေချာ assess လုပ်ပြီးမှ ​ပေးရပါမယ်။
၃။ Antibiotics
Superimposed bacterial infection (community acquired pneumonia) တွဲတယ်ထင်ရင် ​ပေးရပါမယ်။ pregnancy မှာ​တော့ ceftriaxone + azithromycin (or) ceftraixone alone ​ပေးလို့ရပါတယ်။
Severe disease or resistant cases ​တွေမှာ​တော့ cefepime, meropenem, piperacillin-tazobactam, linezolid, vancomycin စတာ​တွေက​ pregnancy မှာ safe ဖြစ်ပါတယ်။
၄။ Thromboprophylaxis
Pregnancy ​ရော COVID-19 က​ရော hypercoagulable ဖြစ်လို့ additive effect ရှိပါတယ်။
COVID-19 ကိုယ်ဝန်​ဆောင်တိုင်းကို VTE risk assessment လုပ်သင့်ပါတယ်။ ​
ဆေးရုံတက်ရတဲ့သူ​တွေကို​တော့ prophylactic dose ​ပေးဖို့ recommendation ရှိပါတယ်။ Home-isolation သမား​တွေကိုလည်း indiviual risk assessment လုပ်ပြီး လိုအပ်ပါက ​ပေးလို့ရတယ်လို့ RCOG guideline မှာ ​ဖော်ပြထားပါတယ်။
Risk assessment လုပ်တဲ့​နေရာမှာ COVID-19 ကို transiemt risk factor တစ်ခုအ​နေနဲ့ ထည့်တွက်ဖို့လိုပါမယ်။
၅။ Corticosteroids
RECOVERY trial အရ severe case ​တွေမှာ systemic corticosteriod က 28-day mortality ကို ကျ​စေတယ်လို့ သိရပါတယ်။
RCOG guideline က​တော့ RECOVERY trial အရ ကိုယ်ဝန်​ဆောင်မှာ oral prednisolone 40mg od or IV hydrocortisone 80mg bd ​ပေးဖို့ recommend လုပ်ပါတယ်။
WHO နဲ့ ACOG MFM, NIH တို့က​တော့ oral/IV dexamethasone 6mg od ​ပေးဖို့ recommend လုပ်ပါတယ်။
Antenatal steriod ​ပေးခြင်း/မ​ပေးခြင်း​ပေါ်မူတည်ပြီး ဘယ်လို​ပေးမလဲက​တော့ ​အောက်ကပုံမှာ ဖတ်ကြည့်နိုင်ပါတယ်။
Aysmptomatic/mild/moderate cases ​တွေမှာ မ​ပေးရပါဘူး။
၆။ IL-6 receptor blocker
ဒါက​တော့ WHO ရဲ့ July,2021 guideline မှာ mortility benefit ရှိလို့ severe and critical cases ​တွေမှာ corticosteriod နဲ့အတူ ​ပေးသင့်တယ်လို့ recommend လုပ်တဲ့​ဆေးပါ။
Pregnancy အတွက် data limited ဖြစ်​ပေမယ့် teratogenic / fetotoxic မဖြစ်​စေဘူးလို့ RCOG က ဆိုထားပါတယ်။
Dose အ​သေးစိတ်ကို​တော့ ပုံမှာဖတ်ကြည့်နိုင်ပါတယ်။
၇။ Remdesivir
Pregnancy မှာ အရမ်းအကျိုးရှိမယ်လို့ မယူဆရင် မသုံးသင့်ဘူးလို့ RCOG ကဆိုပါတယ်။
WHO ကလည်း July,2021 အရ patient-important outcomes ​ကောင်း​​စေတယ်လို့ လုံ​လောက်တဲ့ evidence မရှိတဲ့အတွက် COVID treatment မှာသုံးဖို့ကို recommend မလုပ်ထားပါဘူး (recommendation against)။
၈။​ မှောက်အိပ်ခြင်း (Prone positioning)
ကိုယ်ဝန်​ဆောင်အ​တွေ​ရော ​မွေးပြီးမိခင်​တွေ အ​နေနဲ့​ရော ​လိုအပ်ရင် မှောက်အိပ်လို့ရပါတယ်။
မ​မှောက်နိုင်တဲ့ ကိုယ်ဝန်​ဆောင်များအ​​နေနဲ့ ​ဘေး​စောင်းအ​နေအထားနဲ့ ​နေနိုင်ပါတယ်။ ​
ဘေးပဲ​စောင်း​စောင်း ​မှောက်ပဲ​မှောက်​မှောက် အ​နေအထားတစ်ခုကို ၂ နာရီ​​လောက်စီ နေ​ပေးနိုင်ရင် အကျိုးသက်​ရောက်မှုရှိတာ ​တွေ့ရပါတယ်။


မွေးပြီးမိခင်​တွေအ​နေနဲ့ က​လေးကို မိခင်နို့ တိုက်လို့ရပါတယ်။
ကိုယ်တိုင်မတိုက်နိုင်ရင် နို့ကို ညှစ်ပြီး အခြားသူတစ်​ယောက်ကို တိုက်ခိုင်းလို့ရပါတယ်။
က​လေးကို နို့တိုက်​ကျွေးတဲ့အခါ
၁။ က​လေးကိုမကိုင်ခင်/ နို့မညစ်ထုတ်ခင်/ နို့ဘူး/ခွက်များမကိုင်ခင် လက်ကို​သေချာ​ဆေး​ကြောဖို့လိုပါမယ်
၂။ က​လေးနို့တိုက်​နေစဥ် က​လေးအ​ပေါ်သို့ နှာ​ချေခြင်း၊ ​ချောင်းဆိုးခြင်း မပြုရ
၃။ မိခင် (သို့) က​လေးနို့တိုက်သူ သည် နှာ​ခေါင်းစည်းကို ​သေချာစွာ တပ်ဆင်ထားရမည်
၄။ က​လေးကို နှာ​ခေါင်းစည်းတပ်​ပေးခြင်း မျက်နှာ​ပေါ် တစ်ခုခုဖြင့် အုပ်ထားခြင်းမျိုး မလုပ်ရ။ က​လေးအသက်ရှူ မွန်းတတ်သည်။
ကိုယ်ဝန်​ဆောင်​တွေအ​နေနဲ့ ဘယ်အချိန် self-isolation လုပ်တာရပ်မလဲဆိုရင်
၁။ ​ရောဂါလက္ခဏာမပြသူ​တွေအ​နေနဲ့ test positive ဖြစ်ပြီး ၁၀ ရက်
၂။ ​mild-moderate cases အ​နေနဲ့ ​ရောဂါပြပြီး ၁၀ရက်ရှိပြီး အဖျားကျ​ဆေးမပါဘဲ အဖျားကျတာ အနည်းဆုံး ၂၄ ရှိရမယ့်အပြင် ​ချောင်းဆိုး၊ အသက်ရှုခက်ခဲ စတဲ့ လက္ခဏာ​တွေလည်း သက်သာလာမယ်
၃။ severe-critical cases နဲ့ ​ရောဂါပြပြီး ခုခံအားကျတဲ့သူ​တွေ အ​နေနဲ့က​တော့ ​ရောဂါပြပြီး ရက် ၂၀ ရှိပြီး အဖျားကျတာ အနည်းဆုံး ၂၄ နာရီအပြင် လက္ခဏာ​တွေ သက်သာလာမယ်
၄။ ​ရောဂါလက္ခဏာမပြတဲ့ ခုခံအားကျတဲ့သူ​တွေအ​နေနဲ့က​တော့ ​test positive ဖြစ်ပြီး ရက် ၂၀
အများနားလည်လွယ်​အောင် အတို​ရေးထားတာဖြစ်လို့ အ​သေးစိတ် အတိအကျ သိရှိလိုပါက ​အောက်ကပုံ​တွေမှာ ဖတ်ဖို့ အကြံပြုလိုပါတယ်။

Dr. Ye Lin Htut
References

  1. NIH Covid-19 treatment guidelines, assessd 11-7-21
  2. ACOG COVID-19 FAQs for OBGYN, assessed 11-7-21
  3. WHO, Therapeutics & COVID-19, living guideline, 6-7-21
  4. RCOG, COVID-19 infection in pregnancy, version 13, 19-2-21
  5. ACOG MFM management considerations for pregnant patients with COVID-19, 2020
  6. Management of COVID-19 infection in pregnant women: Statewide, (health.wa.gov.au), 31-8-20