သွေးပျစ်ခြင်း(Thick Blood/ Hypercoagulability/ Hypercoagulability)
ကိုဗစ်၁၉ နောက်ဆက်တွဲ လက္ခဏာတစ်ခုအနေနဲ့ သွေးပျစ်ခြင်းနဲ့ သွေးခဲခြင်းတို့ဖြစ်တာတွေ ကြားနေရ ပါတယ်။ တချို့လည်း ကိုဗစ်ကြောင့် အသက်ရှူကျပ်တာတွေ၊ ဝမ်းလျောတာတွေပြန်ကောင်းလာပြီးမှ သွေးခဲသွားလို့ အသက်ဆုံးရှုံးတာတွေ ဖြစ်ပြီး ကျန်ရစ်သူတွေမှာ ရင်ထု မနာ ဖြစ်ကြရပါတယ်။
သွေးပျစ်/သွေးခဲ လာရင် ဘာဖြစ်မှာလဲ-ဘယ်လိုခံစားရမှာလဲ။
ကြောက်ဖို့ကောင်းတာက သွေးပျစ်လာရင် ကာယကံရှင်အတော်များများက မသိကြပါဘူး။ “ကျမအမေသွေးချိုစစ်ဖို့သွေးဖောက်တာ မနည်းညှစ်ထုတ်ရတယ် သွေးတွေပျစ်နေလို့” ဆိုတာမျိုးက တကယ်သွေးပျစ်နေတာမျိုးဟုတ်ချင်မှ ဟုတ်တာပါ။ သွေးပျစ်တာကို သွေးစစ်ကြည့်မှ အတိအကျ သိနိုင်ပါတယ်။
အဲသွေးပျစ်ရာက ခဲလာရင်(blood clot)တော့ အဲဒီနေရာတဝိုက်က နာကျင်တာ/အောင့်တာကို ခံစားရ တတ်ပါတယ်။ အရေးကြီးတဲ့ကိုယ်အင်္ဂါတွေမှာ သွေးခဲရင်တော့ လေဖြတ်သလိုဖြစ်တာ ကနေ အသက်သေတဲ့အဖြစ် ဖြစ်နိုင်ပါတယ်။
သွေးပျစ်လာတဲ့လူတွေမှာ ဒီလက္ခဏာတွေပြတတ်ပါတယ်။ (တချို့လည်းမပြပါဘူး)
(၁) ရုတ်တရက်မိုက်ကနဲဖြစ်တာ/ မျက်စိပြာသွားတာ/အနားက အသံတွေကို မကြားတာ
(၂) ခေါင်းအုံ/ခေါင်းကိုက်/ခေါင်းမူးတာ
(၃) သွေးပေါင်တက်တာ
(၄) သာမန်ထိမိခိုက်မိတာနဲ့ သွေးခြေဥတာ
(၅) အသားယားတာ/လှုပ်တာ
(၆) နဲနဲပါးပါး လှုပ်တာရှားတာနဲ့ကို ပင်ပန်းနေတာ
(၇) အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်ထဲမှာ ကျပ်တာ(Shortness of breath/ dyspnea)
သွေးခဲတဲ့သူတွေမှာ ဒီလက္ခဏာမျိုးတွေ ပြတတ်ပါတယ်။
(၁) အကြောင်းမရှိပဲ တစ်နေရာရာက တစစ်စစ်ကိုက်လာတာ
(၂) ကြွက်တတ်တာ
(၃) ယောင်လာတာ- တချို့ ရုတ်တရက် ညာဘက်က ဘယ်လက်ထက် ပိုကြီးလာတာမျိုး၊ ညာခြေ ထောက် က ဘယ်ခြေထောက်ထက်ပိုကြီးလာတာမျိုး
(၄) ထိတာခိုက်တာမရှိပဲ ရုတ်တရက် ခန္ဓာကိုယ်မှာ နီလာတာ သွေးခြေဥသလိုဖြစ်တာ
(၅) ရုတ်တရက် အသားတွေ တနေရာတည်းကွက်ပြီး ပူလာတာ/အေးလာတ
(၆) အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်ထဲမှာ ကျပ်တာ(Shortness of breath/ dyspnea)
(၇) ရင်ဘတ်ထဲမှာ စူးကနဲအောင့်တာ/နာတာ
(၈) ချောင်းဆိုး/ချောင်းဆိုးရင်းသွေးပါတာ
သွေးခဲခြင်းဟာ အရေးပေါ်ကုသဖို့လိုပါတယ်- medical emergency ပါ။ ဦးဏှောက်ထဲမှာ သွေးခဲရင် လေဖြတ်တာကနေ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပြီး အခုကိုဗစ်က တော့ အဆုတ်ထဲမှာ သွေးခဲတာ အဖြစ်များပါတယ်။ အသက်ရှူကျပ်/အောက်ဆီဂျင် ရုတ်တရက်ထိုးကျပြီး အသက်ပါသွား တတ်ပါတယ်။ နာလန်ထခါစမှာ ရုတ်တရက် မတ်တပ်က ပစ်လဲ ပြီး အသက်ပါသွားတာအဆုတ်မှာ သွေးခဲ လို့ ဖြစ်တာများပါတယ်။
အထက်က ဖော်ပြထားတဲ့ လက္ခဏာတွေပြရင် ဆရာဝန်/ဆေးရုံ လက်လှမ်းမှီရင် ချက်ချင်း ဆက်သွယ်ပြီး ကုသမှုခံယူပါ။ အရေးကြီးပါတယ်။ဆရာဝန်နဲ့ ဆက်သွယ်နေစဉ်မှာ လူနာကို ဘေဘီအက်စပရင် (baby aspirin) လို့ခေါ်တဲ့ ၇၅ မီလီဂရမ် (75mg) အက်စပရင် ၂လုံးကို လျှာအောက်မှာ ထဲ့ထားပေးထားပါ။ သတိလစ်နေလို့ လူနာပါးစပ်မဟနိုင်ရင် ပါးစပ်ကိုဖြဲပြီး လျှာအောက်မှာထားပေးပါ။ အရေးပေါ်အတွက်ပါ။ ဆရာဝန်/ဆေးရုံကုသမှုမရခင် ရသလောက် အသက်ဆက်ထားပေးတာပါ။
သွေးပျစ်တာကို ကြိုတင်ကာကွယ်ဖို့-
(၁) ဆနွင်း
(၂) ဂျင်း
(၃) ကြက်သွန်ဖြူ
(၄) သစ်ကြမ်းပိုးခေါက်အမှုံ
(၅) ဗိုက်တာမင်အီး ပါတဲ့ နေကြာစေ့စတာတွေ ကို စားပေးသင့်ပါတယ်။
လူတိုင်းအမြန်သက်သာပျောက်ကင်းကြပါစေ။
Credit:-
