Relationship တွေ မှာပဲ ဖြစ်ဖြစ်၊ ဆက်ဆံ ရေးတွေမှာ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဥ်တွေ၊ အမှတ်တရတွေ၊ မေတ္တာ၊ သဘောကျတာတွေ ဒီဟာ တွေအပေါ်မှာမူတည်ပြီး ကျွန်တော်တို့ရဲ့ relationship တွေက ရှေ့ဆက်နေကြတာပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း အချိန် တစ်ခုရောက်လာတဲ့ အခါမှာ relationship ကြားမှာ personal core values လို့ ခေါ်တဲ့ တန်ဖိုးထားမှုတွေ၊ ရည်မှန်းချက် ပန်းတိုင်တွေ၊ စိတ်နေစိတ်ထား ကိုယ်ရည် ကိုယ်သွေး တွေ ဒါတွေ မတူတဲ့ အခါ ဒါမှမဟုတ် တစ်ခြားသော အကြောင်းပြ ချက်တစ်ခုခုကြောင့် relationship ကို ရပ်လိုက်ရတော့မယ် အခြေအနေ မျိုးလည်း ရှိလာနိုင်တယ်။
အဲ့ဒီ အခါမှာ ကျွန်တော်တို့ ဖက်က အရမ်းကို တွယ်ကပ်ပြီး တစ်ဖက် လူကို ထွက်သွားခွင့်မပေးပဲ ဆွဲထားကျတဲ့ အခြေအနေမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ လည်း ကျွန်တော် တို့ အပြစ်မဟုတ်ပဲ ကိုယ့်ရဲ့ လိုအင်တွေ အရ လုပ်မိတာမျိုးပေါ့။ အဲ့ဒီ လို တစ်ဖက် လူက မနေချင်တာကို ကျွန်တော်တို့ အနေနဲ့ ဆွဲထားမိတဲ့ အခါမှာ စိတ်ပင်ပန်းမှုတွေ၊ ပူလောင်မှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး well being တွေကို ထိခိုက်လာစေနိုင်ပါတယ်။
ထွက်သွားခွင့် ပြုလိုက်တဲ့ break up လိုက်ကျတဲ့ အစပိုင်း အခြေအနေ တွေတော့ လူတစ်ယောက် နဲ့ တစ်ယောက် ပေါ်မူတည်ပြီး စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအရ ရိုက်ခတ်မှုတွေ အနည်းနဲ့ အများကြုံရနိုင်ပါတယ်။
လွှတ်ချလိုက်ခြင်း ဒါမှမဟုတ် ထွက်သွားခွင့် ပြုလိုက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့
- ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို ပိုသိလာစေခြင်း
- ကိုယ့်နေ့စဥ်ဘဝ ကို ပိုပြီး ကျေနပ်ပျော်ရွှင်လာစေခြင်း
- ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတတ်လာစေခြင်း
- ကိုယ့် စိတ်ကို ပိုပြီး ငြိမ်းချမ်းလာစေခြင်း
- ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်တတ်လာခြင်း
- အသစ်သစ်သော အရာတွေ၊ ကိုယ်ဝါသနာပါတာတွေ ပြုလုပ်ဖို့ အချိန်ရလာခြင်း
စတာတွေပဲဖြစ်ပါတယ်။ စိတ်ပင်ပန်းနာကျင်မှူတွေ သက်သာပါစေ။
