လန်းဆန်းတက်ကြွစွာနဲ့ တစ်နေ့တာကို အကျိုးရှိရှိ ဖြတ်သန်းရုန်းကန်နိုင်ဖို့အတွက် လူတိုင်းနေ့စဉ် လုပ်ဆောင် နိုင်တဲ့အချက်လေး ၁၀ ချက်ကို ဝေမျှလိုက်ရပါတယ်။

၁) အိပ်ရာစောစောထပါ။

အိပ်ရာစောစောထခြင်းက စိတ်ကိုလန်းဆန်းစေပြီးတော့ တစ်နေ့တာကို ဖြတ်သန်းဖို့အတွက် အချိန်ပိုမိုရစေမှာပါ။ မနက်ပိုင်းမှာ လေ့ကျင့်ခန်းအနည်းငယ်လုပ်ခြင်းကလဲ ခန္ဓာကိုယ်နဲ့စိတ်ကို တက်ကြွစေပါတယ်။ အချိန်ရလို့ရှိရင် တော့ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။

၂) အစားကောင်းကောင်းစားပါ။

မနက်စာ၊ နေ့လည်စာ၊ ညစာတို့ကို စားသင့်တဲ့အချိန်မှာ ပုံမှန်စားသင့်ပါတယ်။ အစားအသောက် ကောင်းကောင်း စားခြင်းက လူကိုပျော်ရွှင်စေပါတယ်။

၃) သင်ယူပါ။

နေ့တိုင်း နေ့တိုင်း ကိုယ်မသိသေးတဲ့အရာ တစ်ခုခု သင်ယူခြင်းက ဦးနှောက်နဲ့ စိတ်ဓာတ်ကိုတက်ကြွစေပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ကိုလဲ နေ့စဉ်ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

၄) အနားယူချိန်ထားပါ။

တစ်နေ့တာလုံး အလုပ်ချိန်ဇယားများနဲ့ ပြည့်နေတာက စိတ်ကိုညစ်ညူးစေပါတယ်။ အားလပ်ချိန်အနည်းငယ်ယူပြီး သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဒါမှမဟုတ် မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူတူရှိနေတာမျိုး လုပ်ပေးပါ။

၅) ညဘက်အိပ်ချိန်နောက်မကျပါစေနဲ့။

မနက်ဖြန်မှာ တက်တက်ကြွကြွဖြစ်နေဖို့ အိပ်ရေးဝအောင် အိပ်စက်ဖို့က အရေးကြီးပါတယ်။ အိပ်ရေးပျက်တဲ့အခါ အားအင်ကုန်ဆုံးတတ်ပြီး စိတ်ကမလန်းမဆန်းတော့ပါဘူး။ တစ်နေ့မှာ အနည်းဆုံး ၆ နာရီပြည့်အောင် ကောင်းမွန်စွာအိပ်ဖို့ လိုအပ်ပါတယ်။

၆) သဘာဝတောတောင်ထဲမှာလျှောက်သွားပါ။

အတော်များများ ဒီအချက်ကိုအလေးထားကြမှာမဟုတ်ပါ။ စိမ်းလမ်းဆိုပြေသော သဘဝတောတွေ တောင်တွေ ကြားထဲတွင်သွားလာလှုပ်ရှားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ကျစေခြင်း၊ တီထွင်စမ်းသစ် ဉာဏ်ပိုမိုကောင်းမွန် စေခြင်းနှင့်မှတ်ဉာဏ်တို့ကိုပိုမိုကောင်းလာစေနိုင်ပါတယ်။

၇) သူငယ်ချင်း၊ မိသားစုများနဲ့ အချိန်ကုန်ဆုံးပါ။

အထီးကျန်ခြင်းသည် နှလုံးရောဂါထဖောက်ခြင်း၊ တက်ခြင်းနှင့်ဆီးချိုရောဂါတို့ကို ဖြစ်စေတတ်ပါတယ်။ ကမ္ဘာပေါ် ရှိအသက်အရှည်ဆုံးနေထိုင်သူများက အားကစားပြုလုပ်ခြင်းထက်လူမှု ဆက်ဆံရေးနှင့် relationships ကောင်းကောင်းတို့ကို ပိုပြီး အသားပေးဖို့ ပြောပြလေ့ရှိပါတယ်။

ကောင်းသတင်းတွေကိုဝေမျှပါ။ ကိုယ့်အားကောင်းသတင်းများ ပြောလာလျှင်လည်းတက်ကြွစွာ တုန့်ပြန်ပါ။ သူတို့ အတွက်ကြင်နာသော အပြုအမူများနှင့်ဆက်ဆံပါ။

၈) ကျေးဇူးတင်ကြောင်းပြောပါ။

ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ ပိုမိုကောင်းမွန်သောဆက်ဆံမှုများဖြစ်လာပါလိမ့်မယ်။

၉ ) တရားထိုင်ပါ။

ကျန်းမာရေးအတွက်လည်း အထောက်အကူပြု၊ အာရုံစူးစိုက်မှုအားလည်းပိုမိုကောင်းမွန်လာစေပြီး စိတ်ပါ ကြည်လင် လန်းဆန်းလာမည် ဖြစ်ပါတယ်။

၁၀) ရီမောစွာနေထိုင်ပါ။

ရီမောခြင်းကိုနေ့စဉ် လိုအပ်သော ဗီတာမင်လိုသဘောထားရပါမယ်။ ရီမောခြင်းဖြင့်ကျန်းမာ အသက်ရှည်စေ နိုင်တဲ့အပြင် အခြားသော အကျိုးကျေးဇူးစွာလည်း ရရှိနိုင်မှာဖြစ်ပါတယ်။