1. ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ – တရုတ်ပန်းကန်လုံး ၃-၅ လုံး စားပါ (ပျော့တာရွေးကျွေးရန်)
2. အသား (အရေခွံမပါ) – ၅-၇ ကျပ်သားစားပါ
3. ကြက်ဥ အပြည့် တစ်လုံး အကာ ၃-၄ လုံး
4. ပဲ – ခွက် တဝက် လောက် စားပါ
5. အရွက် – စားနိုင်သလောက် စားပါ
6. အသီး – ၁-၂ လုံးစားပါ။
7. နို့ – အဆီထုတ်ထားတဲ့ နို့ (low fat milk) တပါတ် ၅ ရက် ၊ မလိုင်ပြည့် တို့ ၁ ပါတ် ၂ ရက် (သို့မဟုတ်) အာဟာရမှုန့် (Ensure, Appeton 60 plus, ovaltine Gold) စတာတွေ ကို အညွှန်းအတိုင်းဖျော်ပါ။ အကယ်၍ လူနာ အဖတ်မစားနိုင်ရင် ဒါတွေကို အဖတ်အစား အရည် အနေနဲ့ 5-6 ကြိမ် တိုက်နိုင်သည်။ ကိုယ့်သဘော နဲ့ ကိုယ် အပျစ်ဖျော်တာ အကျဲ ဖျော်တာ မလုပ်သင့်ပါ။ ပုံမှန် အစာစားနိုင်ရင် တနေ့ ၁-၂ ခွက် သောက်ပါ။
8. Multivitamin အားဆေး တခုခု ရှိရင် သောက်ပါ။ (Sunlife multivitamin, nutrivita, revital, becozinc, well woman, well man)၊ မရှိလို့ ဆိုပြီး အိမ်မှာ မနေပဲ ဆေးဆိုင်မှာ ကြိတ်ကြိတ်တိုး သွားဝယ်နေတာတော့ အဆင်မပြေပါ။ မရှိရင် အထက်ပါ ပြောတဲ့ အတိုင်း အာဟာရပြည့်အောင်စားပါ။
မှတ်ချက်- vitamin C,D သောက်ရမလား?- ရှိရင် သောက်လိုက်ပါ၊ မရှိတာ ကို ဆေးဆိုင်မှာ တိုးကြိတ်ပြီးသွားဝယ်မှ ကူးလာပါမယ်။ ဒါတွေ က အခုထိ ရောဂါ ပျောက်စေတယ်လို့ ပြောထားတာ မရှိပါ။
ဒါကြောင့် မဖြစ်မနေ သောက်ရန် မလိုပါ။
