အသည်းကွဲဖူးကြလား…..အသည်းကွဲဖူးတယ်ဆိုရင် ဒါလေးတွေဖတ်ပါ..

နံပါတ်(၁) ဘာ့ကြောင့် ဘယ်လိုဖြစ်ပြီး ကွဲတာလဲ ဆိုတာကို အရင်ဆုံး သိအောင်လုပ်သင့်ပါတယ်

ကိုယ့်အမှား ကြောင့်ပဲလား ဒါမှမဟုတ် သူကိုယ်တိုင်က အပြစ်ရှာပြီး လမ်းခွဲတာမျိုးလား ဆိုတာကိုပေါ့ ကိုယ့်က ချစ်နေပါလျက် ကိုယ်က သူ့အတွက်ဆိုပြီး ငဲ့ပေးနေပါလျက်သူ့ဘက်က မစာမနာ လွှတ်ချခဲ့တာမျိုးလား။

ဟုတ်ကဲ့ သူ့ဘက်က အကြောင်းပြချက်ကို ဆင်ခြေဆင်လက်ပေးချင်ရာပေးပြီး ထားတာဆိုရင်.. ငိုချလိုက်ပါ အရင်ဆုံးငိုချလိုက်ပါလို့ ကျွန်တော်ပြောချင်ပါတယ် ဘာ့ကြောင့်အားပေးစကားမပြောပဲ စိတ်ကို ပြိုကျအောင်ဖိအားပေးနေတာလဲဆိုမဟုတ်ပါဘူး ကိုယ့်ခံစားချက်တွေကို မြိုသိပ်ထားတဲ့အခါ ကျွန်တော်တို့ဟာ ပိုပြီး ထိခိုက်မှုများပါတယ် ဒါကြောင့် လောလောဆယ်မှာ စိတ်ကိုယ် လွှတ်ပြီး ငို ခိုင်းလိုက်တာပါ။

နံပါတ်(၂) ရင်ဖွင့်ပါ

ခင်ဗျားတို့ ယုံကြည်ရဆုံးသူ ခင်ဗျားတို့ရဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖုန်းနဲ့ဖြစ်ဖြ် အတူတူ ချိန်းပြီးတော့ပဲ ဖြစ်ဖြစ် ဖြစ်ပျက်တဲ့အရာတွေကို ရင်ဖွင့်လိုက်ပါ ပြောပြလိုက်ပါ ဒီလို ပြောပြလိုက်ခြင်းက ခင်ဗျားတို့ရင်ဘတ်ထဲက ဒဏ်ရာတချို့ ပေါ့ပါးသွားစေမှာပါ။

နံပါတ်(၃) အသည်းကွဲသူဟာ မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ အကြိုက်ဆုံး အစားအစာတွေကိုစားပါ

ခင်ဗျားရဲ့မွန်းကြပ်နေတဲ့စိတ်တွေကို ကိုယ့်စိတ်ကြိုက်အစားအသောက်တစ်ခုနဲ့ အစားထိုးလိုက်တဲ့ပုံစံမျိုးပေါ့ အသည်းကွဲရင် များများစားပေးရတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား ကျွန်တော်ကတော့ ဒီအချက်ကို လုံးဝထောက်ခံပါတယ်။

နံပါတ်(၄) သီချင်းနားထောင်ပါ ဘယ်သီချင်းဖြစ်ဖြစ် သီချင်းနားထောင်ရင် စိတ်လိုလက်ရဖီးလ်နေပါ

တချို့တခါ အဲလို ဖီလ်းပြီး နေရတာကိုပဲ သဘောကျနေမိတာမျိုးတောင် ဖြစ်လာတတ်ပါတယ် သီချင်းဆိုလိုက် လွမ်းနေလိုက် ဟာ ခံစားချက်ကြီးက ဘယ်လိုပြောရမလဲ မိုက်နေတာပေါ့ စတာပါ တကယ်သီချင်းနားထောင်သင့်ပါတယ်။

နံပါတ်(၅) ကိုယ်ကစပြီ block listထဲ မထည့်လိုက်ပါနဲ့

ကိုယ်ဘယ်လောက်နေနိုင်ကြောင်း ကိုယ်ဘယ်လောက်ပျော်ကြောင်းPublic မှာ အမြဲ ချပြနေပါ တစ်ခါတစ်ခါ ကိုယ့်ရဲ့ ခံစားချက်ကို ဆန့်ကျင်ပြီး နေတတ်အောင် နေချလိုက်သလိုမျိုးပေါ့။

နံပါတ်(၆) သူနဲ့ကိုယ့်ရဲ့ conversation တွေကို ဘယ်တော့မှပြန်မဖတ်ပါနဲ့

ဖတ်မိတယ်ဆိုရင် ခင်ဗျားရဲ့စိတ်က ဘယ်တော့မှ ပြတ်သားနိုင်တော့မှာမဟုတ်ပါဘူး ချစ်ခဲ့ဖူးတဲ့အတိတ်ဆိုရင် အတိတ်မှာပဲ အကုန်ထားလိုက်ပါတော့ အဓိကက နာကျင်နေရင်တောင် အထပ်ထပ်အခါအခါ သူ့ရဲ့ယုယမှုတွေနဲ့ပြန်မသတ်ဖြစ်ရင် ကုစားလို့ရနိုင်ပါတယ်

နံပါတ်(၇) မိသားစုကိုအချိန်ပေးပါ

သူငယ်ချင်းတွေကိုအချိန်ပေးပါ။ အချစ်ထက်အရေးပါ အရာရောက်တာတွေ ခင်ဗျားတို့ ကျွန်တော်တို့ဘဝမှာ အများကြီး ရှိပါတယ် အချစ်စစ်ကို ထပ်ရနိုင်ပေမယ့် မိသားစုနဲ့မကုန်ဆုံးလိုက်ရတဲ့ပျော်ရွှင်စရာဘဝကို အရွယ်ရလာလေလေ ရှားပါးလေလေ ဖြစ်လာမှာပါ သူငယ်ချင်းဆိုရင်လည်း ဘဝမှာ အရေးပါသင့်သလောက်ပါခဲ့တာပဲ ချစ်သူနဲ့ကုန်ဆုံးခဲ့တဲ့အတိတ်မှာ သူတို့ကို ရော အချိန်ပေးခဲ့လား ဒါဆိုရင် ခင်ဗျား ဒီနေ့ကစပြီး Friendship မှာ စိတ်လိုလက်ရပျော်နေလိုက်ပါတော့။

နံပါတ်(၈) စီးပွားရှာပါ

အရွယ်ကောင်းတုန်း စီးပွားရေးကို တစ်စိုက်မတ်မတ်လုပ်ပါ သင့်အနာဂတ်မှာ ပျော်ရွှင်စရာတွေအများကြီးကြုံလာဦးမှာပါ ဒါဆိုရင် ခင်ဗျားတို့မှာ အသည်းကွဲလို့ ကျရှုံးပြီး ပူဆွေးနေတဲ့အချိန်ဆိုတာ ရှိမှာကိုမဟုတ်တော့ပါဘူး အဓိကက ခင်ဗျားတို့ ပျော်နေတာကပဲ ခင်များတို့စိတ်ကိုကုစားရာရောက်မှာပါလို့ အကြံပေးရင်း ဒီစာလေးကို ရပ်လိုက်ပါတယ်ဗျာ။