ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့စီးဆင်းရတယ်။လိုအပ်သူတွေက ပြုံးတဲ့အခါမလိုအပ်သူတွေက မုန်းကြမယ်။ထိုအခါ ကိုယ်ဟာ အပြုံးမပျက်စေနဲ့။မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့သူတို့ရဲ့အကြောင်းတွေထက်ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာပြင်ဆင်လိုက်ပါ။
အကြောင်းကောင်းမှအကျိုးဆက်ဟာ အဖိုးထက်မှာမို့မတိုးတက်စေမယ့် အတွေးဆိုးတွေနဲ့ဘဝကို ဘေးမထိုးမိပါစေနဲ့။အပြောတွေ ချိုသာပါ။ ယဉ်ကျေးပါ။စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
စကားကိုလည်း အလွယ်မယုံမိပါစေနဲ့။အလွယ်လည်း မပြောမိပါစေနဲ့။သူတစ်ပါးရဲ့စကားကြောင့်ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလိုကိုယ့်ရဲ့ ဖြစ်စလွယ် စကားကြောင့်လည်းတစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
မှန်ကန်သော အပြောဖြင့်သတိထား ဆုံးဖြတ်နိုင်ပါစေ။ မှားသောသူ တွေ့တိုင်းလည်းမပုတ်ခတ်မိပါစေနဲ့။ မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။ ကိုယ်မှားရင် တောင်းပန်ပါ။ ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
ဘဝတွေကို ဘဝင်မြင့်သော စိတ်တွေနဲ့ မပေါင်းထည့်လိုက်ပါနဲ့။ မုန်းနေပါစေ…ကိုယ့်မှာရှိသော စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။ ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင် ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။ သစ္စာတရားဖြင့် စကားပြော၍ မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။
ဘဝဟာ မေတ္တာတရားတွေနဲ့ အထာကျသွားရင် နေလို့လည်းကောင်းမယ်။ အေးလည်း အေးချမ်းမယ်။ လူတိုင်းကိုလည် အကောင်းမြင်လာမယ်။ ကိုယ့်ဘက်ကသာ အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင် လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေ ဖြစ်လာမှာပါ။
