ဘဝမှာ Quality time လေးတွေ ပိုင်ဆိုင်ပြီလား…. ?ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်… ဟင့်အင်း မသေချာပါဘူး….။Quality time ဆိုတာက…ကားအကောင်းစားကြီးတွေ…မိုးမျှော်တိုက်ကြီးတွေ အကောင်းစား ဆိုတဲ့ အစားအသောက်တွေ နဲ့… ဖြတ်သန်နေရတာကို မဆိုလိုဘူး…။

ကိုယ်နှစ်သက်သဘောကျတဲ့လူ…ကိုယ်မြတ်နိုးတဲ့ တန်ဖိုးကြီးအရာတွေကို ပိုင်ဆိုင်ရတာလဲ မဟုတ်ဘူး….။Quality time အစစ်မှန်ဆိုတာက… ကိုယ့်စိတ်ရဲ့လွတ်လပ်ရာ ကိုရှာတွေ့သွားတဲ့အချိန်မျိုး….။အချစ်တွေနဲ့ပူလောင်စရာမလိုတော့တဲ့အခါ….ဘယ်သူ့ကိုမှ မနာလိုမုန်းတီးစရာ မရှိတဲ့အချိန်….ကိုယ့်ရဲ့စိတ်ပေါ်မှာ ချစ်ခြင်း မုန်းခြင်းတွေနဲ့ ကင်းလွတ်တဲ့အခါကို…. Quality Time လို့ခေါ်ပါတယ်….။

Quality time တွေကို ပိုင်ဆိုင်ဖို့ဆို..ကိုယ်ရဲ့ ကိုယ်ပိုင်ဘဝကို တည်ဆောက်နိုင်ဖို့ လိုပါတယ်….။ကိုယ်ပိုင်ဘဝဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီဆိုတာထက်….ကိုယ့်ဘဝထဲကို ဘယ်သူ့မှ ပေးမဝင်တော့တဲ့အခါမျိုး….ဘယ်သူ့စိတ်နဲ့မှ အသက်ရှင်စရာမလိုတော့တဲ့ ဘဝကို ကိုယ်ပိုင်ဘဝလို့ ခေါ်တယ်…။

ကျနော်တို့က ကိုယ့်ဘဝထဲကို… သူများတွေကို ပေးဝင်နေကြတယ်…။သူတို့ ပြောသမျှကို လိုက်ခံစားတယ်…..ကိုယ်စိတ်ပျော်ဖို့ လုပ်မယ်ဆိုတာထက် ငါလုပ်လိုက်ရင် သူတို့ဘာပြောကြမလဲ ဆိုပြီး ပိုတွေးပူကြတယ်….။

နောက်တစ်ခုက အချစ်အတွက် ဘဝကိုနစ်မွန်းနေကြတာ…။သူစိတ်ချမ်းသာဖို့….သူပျော်ဖို့ သူအဆင်ပြေဖို့..သူ့ဖို့ သူဖို့.. နဲ့ တကယ်တမ်း အရေးမပါတဲ့အချစ်ထဲ ဘဝကိုမြောချနေမိတာ….။ လောကကြီးမှာ မနေတတ်တဲ့သူက အရမ်းပင်ပန်းတယ် …။မိသားစုထဲမှာတောင် မနေတတ်တဲ့သူ မိသားစုစိတ်ဓာတ်ရှိတဲ့သူက ပိုပင်ပန်းတယ်မို့လား….။

ဒါက ကောင်းခြင်းအရာဖြစ်ပေမဲ့ တစ်ခါတစ်လေကျ ကိုယ့်ဘဝရဲ့အကောင်းဆုံးအချိန်တွေတောင် သတိမထားမိဘဲ ကုန်ဆုံးသွားတာမျိုးလေ….။ငါရှိမှ ဖြစ်မှာ ငါမပါလို့မရဘူး…ဆိုတာမျိုး….။တကယ်တော့ ကမ္ဘာကြီးက ကိုယ်မပါလဲ လှည်ပတ်နေတာပါဘဲ…။ကိုယ်မရှိလဲ အဆင်ပြေသွားမှာပါဘဲ…။မပြေလဲခဏပေါ့…လေ။ကျနော်တို့ကိုယ်တိုင်ကသာ..နေရာတကာတွေးပူတာမျိုး… ။

အ့လိုလူတွေက ဘယ်တော့မှ ကိုယ်ပိုင်ဘဝကို မရနိုင်ဘူးရယ်.. ။အဲလို ဘဝကို private မထားနိုင်သရွေ့ Quality time ဆိုတာ ကျနော်တို့နဲ့အဝေးကြီးမှာဘဲ ရှိနေမှာပါ….။ဟိုလူက ဘာပြောလို့…ငါ့ကို ဘာလုပ်ခဲ့ဖူးလို့ ဆိုပြီး မုန်းနေတာတွေ….သူအဆင်ပြေဖို့ငါလုပ်ပေးရမယ်ဆိုပြီး သူများအတွက်ကြိုးစားပေးရင်း ကိုယ့်ကိုယ်ကို အနစ်နာခံနေရတာတွေ….။လွမ်းရ ဆွေးရ မုန်းရ သံယောဇဉ်တွေထားရ နဲ့ကိုယ့်ကို အပူလောင်ခံနေတာတွေ…..။ဒါဟာ ကိုယ့်ရဲ့ quality time တွေကို ဖျက်ဆီးမိနေတာပါဘဲ….။

Quality time ဆိုတာ ငါ့အတွက်ချည်းဘဲ ဆိုပြီး အတ္တဆန်နေတာမျိုးမဟုတ်ဘူး…။ကိုယ့်စိတ်သက်သာရာ ကိုယ်ရှာတတ်တာ…။တစ်ချို့နေရာတွေကနေ ထွက်ကြည့်လိုက်ပါ….။ကိုယ့်ဘဝက တစ်ခြားလူတွေပျော်စေဖို့ အသုံးချခံဖို့ချည်း ရှင်သန်နေရတာ မဟုတ်ဘူးလေ…။

ကိုယ့်ပျော်ရွှင်မှုက ဘယ်သူ့အပေါ်မှ မမူတည်သလို… သူတို့ပျော်စေဖို့လဲ ကိုယ့်မှာ တာဝန်မရှိပါဘူး….။ဘယ်သူရှိမှ ဖြစ်မှာ… ငါရှိနေပေးမှရမှာဆိုတဲ့ စိတ်နဲ့မနေပါနဲ့….။ဘယ်သူမှမရှိလဲ ဖြစ်တယ်… ငါမရှိလဲ အဆင်ပြေသွားမှာ…ဆိုတာမျိုးမျှတွေးပါ။ဘယ်သူ့ အမြင်တွေကိုမှ ထည့်မတွေးဘဲ ကိုယ့်စိတ်ပျော်ဖို့ဦးစားပေးပါ….။

ရုပ်ကျန်းမာအောင် စိတ်ချမ်းသာအောင်နေပြီးတော့…ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝမှာ Quality time လေးတွေ များများတည်ဆောက်ကြည့်ပါ….။ရုပ်ပိုင်းဆိုင်ရာ… စိတ်ပိုင်းဆိုင်ရာ အချုပ်နှောင်တွေကနေ ကင်းလွှတ်ပြီး Quality time လေးတွေ များများတည်ဆောက်နိုင်မှ …ကိုယ့်ရဲ့ရှင်သန်ရခြင်းမှာလဲအဓိပ္ပါယ်ရှိမယ်… မဟုတ်လား…?

Credit;- Thar Htwe –