ယနေ့ မြန်မာပြည်မှာ ခွေးချစ်တတ်သော ခွေးမွေးသောသူ အတော်များများဟာ မိမိခွေးများကို ချစ်လို့ဆိုပြီး မိမိတို့စားသမျှအရာတွေကို အလွယ်တကူ ချကွေုးတတ်ကြတဲ့အပြင် ချောကလက်ကရင်မ်၊ ထောပတ် နို့ကရင်မ်တွေဖုံးထားတဲ့ ကိတ်မုန့်ကြီးတွေဝယ် ခွေးမွေးနေ့လုပ်ပြီး ခွေးကိုချကွေုးတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်။ ချစ်လို့ရဲ့နောက်မှာ မသိခြင်းကြောင့် ခွေးလေးတွေ ဘာဖြစ်မှန်းမသိ အသက်ဆုံးရှုံးသွားကြပါသည်ဆိုတဲ့ အဖြစ်လေးတွေရှိခြင်းကြောင့် အစားအသောက်ပိုင်းဆိုင်ရာမှာ ကာကွယ် သတိပြမှုရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။

ရှောင်ကြဉ်ရန် မတည့်သောအစားအစာများ

၁။ ချောကလက်
(Theobromine နှင့် Caffeine ကာဖင်းဓာတ်များပါဝင်မှုကြောင့် စိတ်ဂယောင်ချောက်ခြားမှုနှင့် နှလုံးသွေးခုန်နှုန်းမြန်ခြင်း နှလုံးရောဂါရရှိခြင်းအပြင် သကြားဓာတ်ပါဝင်မှုများသောကြောင့် ဦးနှောက်ကိုအထောက်အပံ့ပြုနေတဲ့ သွေးလှည့်ပတ်မူကို ကျဆင်းစေပါတယ်။ ချောကလက်ဟာ တရိစ္ဆာန်များအတွက် အဆိပ်တစ်မျိုးသာဖြစ်သဖြင့် သေးငယ်သည့်ပမာဏပင် ဖြစ်ပါစေ မကွေုးသင့်သောအစာဖြစ်တယ်။ )

၂။ ကြက်သွန်နီ (အစိမ်း/အကျက်)
(လူတွေအတွက် ဆေးဖက်ဝင်ပေမဲ့ ခွေး ကြောင် သိုး မြင်း နွား စတဲ့ တိရိစ္ဆာန်များအတွက် သေးငယ်သော ကြက်သွန်နီဥပမာဏ ပါဝင်ပင်လျင် ဘေးဖြစ်စေတတ်ပါတယ်။ သွေးနီဥဆဲလ်များရောဂါ၊ ဆီးအတွင်းသွေးပါရောများဖြစ်စေတတ်ပါတယ်။ ပုံမှန် သွေးလှည့်ပတ်မှု လုပ်နေတဲ့ သွေးနီဥဆဲလ်များကိုထိခိုက်စေပြီး ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက် အောက်စီဂျင်နဲ့ လုပ်ဆောင်မှုအပိုင်းတွေကို ထိခိုက်စေပါတယ်)

၃။ အသဲ
(အသဲဟာခွေးများရဲ့အနှစ်သက်ဆုံးအစားအစာဖြစ်သလို ဗီတာမင်အေပါဝင်တဲ့အတွက် ခွေးများရဲ့ကျန်းမာရေးကိုကောင်းစေသော်လည်း လိုအပ်သည်ထက် ပမာဏများများကွေုးလို့မသင့်ပါဘူး။ ထိုဗီတာမင်အေဟာ လိုအပ်တာထက်ပမာဏများလျင် အဆိပ်ဖြစ် ဘေးဖြစ်စေတတ်ပါတယ်။ အသဲတစ်မျိုးတည်းကို အဓိကအစားအစာအဖြစ် ပုံမှန်ထား ရေရှည်မကွေုးသင့်သောအစာလည်းဖြစ်ပါတယ်။ )

၄။ အရိုး
(ခွေးကြောင်ဆိုလျင် အရိုးကွေုးလို့ရတယ်ဆိုပြီး အများစုယူဆထားတဲ့အချက်ဟာ ခွေးတွေအတွက် ရက်စက်ရာအလွန်ကျပါတယ်။ အထူးသဖြင့် ကြက်ရိုးဟာ သူတို့ကိုက်ခြေလိုက်ရင် ဓားလိုမာ၊ ထက်ရှတဲ့ အစအန အသွားတွေဟာ သူတို့ရဲ့ပါးစပ် သွားဖုံး လည်ချောင်း အူနံရံ အခေါက်အတွန့်နဲ့ အစာအိမ်တွေမှာ အနေအထားမမှန် အဆင်မသင့် စူးနစ်မြုပ်ကာ ခွဲစိပ်မှုပြုယူရတဲ့ အဆိုးဆုံးသော ဘေးအန္တရယ်ဖြစ်စေတတ်ပါတယ်။ ကယ်လ်စီယမ်ဓတ်ပါတဲ့ အရိုးကိုကွေုးလိုပါက အရိုးများကို ပရက်ရှာပေါင်းအိုးနဲ့ နူးအိနေအောင်ပေါင်းပြီးမှကွေုးခြင်း သို့မဟုတ် ပေါင်းပြီးအရိုးများကို ခြေစက်ထဲထည့်ဖျော်ကြိတ်ပြီး အစာနဲ့ရောနှောကွေုးနိုင်ပါတယ်။ ထိုနည်းဟာ အဟာရဓာတ်အပြည့်နှင့် ဘေးမဖြစ်သော အကောင်းဆုံးနည်းဖြစ်ပါတယ်။ နိုင်ငံခြားမှာ ဆရာဝန်များက ခွေးကြောင်များကို ကြက်အရိုး မကွေုးရ တားမြစ်ကြပါတယ်။ လူတွေကလည်းကွေုးလေ့မရှိပါဘူး)

၅။ ကြက်ဥအစိမ်း
(ဗီတာမင်H ပါတဲ့ ကြက်ဥအစိမ်းဟာ ခွေးတွေရဲ့ ခန္ဓာကိုယ်ကြီးထွားမှု နှင့် အရေပြားကျန်းမာမူကို အထောက်အပံ့ ပြုတဲ့ ပရိုတင်းအပြည့်အဝပါရှိတဲ့ အစားအစာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဆိုးကျိုးဖြစ်စေတတ်တာက ကြက်ဥအစိမ်းမှာပိုးတွေပါဝင်နေတတ်ပြီး ခွေးကို အစိမ်းကွေုးရင် ဗီတာမင် H ဟာ အဆိပ်အတောက်ဖြစ်စေပြီး အမွှေးကွုတ်ခြင်း ကျန်းမာရေးချိုံ့တဲ့ခြင်း ကြီးထွားမှုနှေးကွေးကာ အရိုးအဆစ်တွေကို ယောင်ရမ်းမှုဖြစ်စေပါတယ်။ ဒါကြောင့်ကြက်ဥအစိမ်းဟာ ခွေးတွေအတွက် အန္တရယ်ရှိစေတဲ့ အစားအစာဖြစ်ပြီး ကွေုးမွေးလိုပါက ချက်ပြုတ်ထားတဲ့ ကြက်ဥကိုသာကွေုးရပါမယ်။ ကြက်ဥပြုတ်ဟာ ပရိုတင်းဓာတ်အပြည့်အဝပါပြီး ဘေးထွက်ဆိုးကျိုးမရှိပဲ အခြားသောအဟာရဓာတ်များကိုပါ ကြွယ်ဝရရှိစေပါတယ်)

၆။ အသားစိမ်း
(အသားစိမ်းမှာ ဘက်တီးရီးယားပိုးပါဝင်မူရှိခြင်းကြောင့် ခွေးတွေကို အစိမ်းမကွေုးသင့်ပါဘူး။ အသားတွေဟာ ပိုးကြောင့် ပုပ်သိုးလွယ်ပြီး မည်သည့်အခြေအနေမှာမဆို အသားစိမ်းကိုမကွေုးသင့်ပါဘူး)

၇။ ဝက်သား
(ဝက်သားဟာ အခြားအသားတွေထက် အဆီဓာတ်များတဲ့အတွက် ဝက်အဆီဟာ ခွေးတွေရဲ့ သွေးလှည့်ပတ်မှု သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ဝက်သားနှင့် ပြုလုပ်သည့် မည့်သည့်အစားအစာမှ မကွေုးသင့်ပါ။ အထူးသဖြင့် ဆိုဒီယမ်ပါဝင်တဲ့ ဝက်ပေါင်ခြောက် ဝက်ပေါင်သား ဝက်အူချောင်းစသည်တို့ကို မကွေုးရပါ။)

၈။ နို့
(သကြားဓာတ်နဲ့ ခရင် အဆီဓာတ်ပါတဲ့ နို့တွေဟာ ခွေးတွေကို ရင်ပြည့် ရင်ကယ် အချဉ်ပေါက် အစာမကြေ ပျို့အန်ခြင်းနှင့် နေထိုင်မကောင်းခြင်းဖြစ်ခြင်းကြောင့် အချိုနှင့် အဆီဓာတ်ပါဝင်မှုကို လျှော့ချထုတ်ပယ်ထားသော နို့များကိုသာ ရွေးချယ်တိုက်ရပါမည်)

၉။ မှို
(မှိုအများစုဟာ အဆိပ်အတောက်ဖြစ်လွယ်သောကြောင့် ခွေးတွေကိုမည်သည့်မှိုမှ မစားမိ မကွေုးမိစေဖို့လိုပါတယ်။ အထူးသဖြင့် အပြင်ဧရိယာမှာ အလေ့ကျပေါက်လေ့ရှိတဲ့ မှိုတွေနဲ့ ကိုက်ဖြတ်ကစားမိခြင်း ပါးစပ်ထဲရောက်ရှိစေခြင်းတို့ကို အထူးသတိထားရပါမည်)

၁၀။ စပ်စ္သီး
(စပျစ်သီးဟာ ဂလူးကို့စ်နှင့် သဘာဝ အချိုဓာတ် သကြားဓာတ်အမြင့်ဆုံးပါဝင်တဲ့အသီးဖြစ်ခြင်းကြောင့် အချို့ခွေးတွေဟာ သကြားနှင့်မတည့်မှုကြောင့် သကြားဓာတ်ဟာ သူတို့အတွက်အဆိပ်ဖြစ်စေပြီး ကျောက်ကပ်ကို ထိခိုက် ဘေးဖြစ်စေတတ်သောကြောင့် မကွေုးရ မကွေုးသင့်တဲ့ အသီးဖြစ်ပါတယ်။)

၁၁။ ပင်လယ်အစားအစာ
(ပင်လယ်စာများဟာ ခွေးများအတွက် အရေပြားယားယံမှုကို အလွယ်တကူ ဖြစ်စေပါတယ်။ ခွေးတွေဟာ ဆားလွန်ကဲမူနှင့်မတည့်ပါဘူး။ ပင်လယ်စာတွေမှာ ပရိုတင်းဓာတ်ပြည့်ဝမှုရှိသော်လည်း တစ်ခြားအစားအစာတွေနဲ့ နှိုင်းယှဉ်ရင် ဆားဓာတ်ပါဝင်မှုများသောကြောင့် စားမိပါက အရေပြားယားယံခြင်းနှင့် အစာအဆိပ်ဖြစ်ကာ ပျို့အန်ခြင်းများကို ဖြစ်စေတတ်ပါတယ်။ )

မှတ်ချက် A ။ ။ ကြောင်လေးတွေအတွက်လည်း အကြုံးဝင်ပါတယ်။ ကြောင်လေးတွေကိုတော့ ငါးအရိုးနှင့် တူနာငါး ငါးစိမ်း သားစိမ်းများကို မကွေုးမိပါစေနှင့်။

မှတ်ချက် B ။ ။ ခွေးတိရိစ္ဆာန်လေးများကို ချစ်ခင်သောစိတ်ကြောင့် သူတို့နဲ့ပတ်သတ်တဲ့ဗဟုသုတများကို လေ့လာဖတ်ရှုရင်း ကိုယ်တွေ့ လက်တွေ့ အတွေ့အကြုံများအပါအဝင် သိသမျှလေးတွေကိုအတတ်နိုင်ဆုံးမျှဝေခြင်းသာဖြစ်သည်။ လိုတာ ပိုတာရှိရင်ရှိမည် အတတ်နိုင်ဆုံး မမှားအောင် ကျိုးစားဖော်ပြပါသည်။ ကျမသည်တိမွေးကုဆရာဝန်မဟုတ်။ ကျမထက် တတ်သိသူ ပညာရှင်များဖြစ်နေပါက အပြစ်တင်ဝေဖန်ပြောဆိုမူထက် လူတိုင်းအတွက်အကျိုးရှိမဲ့ ဖြည့်စွက်တင်ပြမှုနဲ့ ရိုးသားဖြူစင် တန်ဖိုးရှိတဲ့ ကွန်မန့်များကိုသာ လိုချင်လှပါသည်။

Credit:  Darli Pug (ဒါလီပု)