ကိုယ်ဝန်ဆောင်ခြင်းက စိတ်လှုပ်ရှားစရာကောင်းသလို
စိတ်ဖိစီးမှုလည်း များတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဖျားနာခြင်းက ကလေးကို
ထိခိုက်နိုင်ပါသလား။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဖျားနာလျှင် ဆရာဝန်ကို
ချက်ချင်းအသိပေးသင့်ပါတယ်။ ဘာလိုလဲဆိုတော့
တစ်ချိုဗိုင်းရပ်စ်တွေက ကလေးကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။

၂၀၁၉ မှာ ဗိုင်းရပ်စ်အသစ်တစ်ခုက ကမ္ဘာတစ်ဝန်းကို
ရိုက်ခတ်ခဲ့ပြီး လျင်မြန်စွာ ပြန့်နှံခဲ့ပါတယ်။ အသက်ရှူ
လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်သည့်
ကိုဗစ်၁၉ က ကိုယ်ဝန်သည်အမျိုးသမီးတွေကို စိုးရိမ်
စရာတစ်ခု ပေါ်လာစေခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေနဲ့ သူတိုကလေ
းတွေအပေါ်မှာ ဘယ်လိုသက်ရောက်မလဲဆိုတာတော့
သေချာ မသိရသေးပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် (သိုမဟုတ်)
တစ်ယောက် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို စီစဉ်ထားသူ
တစ်ယောက်ဆိုလျှင် ဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်သော
အရာများကိုတော့ သိထားသင့်ပါတယ်။

#ကိုယ်ဝန်ဆောင်အမျိုးသမီး သိုမဟုတ် မိခင်နို
တိုက်ကျွေးနေသူမိခင်များက မည်သည့် လက္ခဏာ
များကို သတိထားရမည်နည်း။

ကိုဗစ်-၁၉ က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ
တစ်ခု ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်အသစ် ကူးစက်ခံရပြီ
း (၂)ရက်မှ (၁၄) ရက်နေ့ကြားမှာ ရောဂါလက္ခဏာတွေ
ပေါ်လာတတ်ပါတယ်။ ရောဂါပျိုးချိန် ပျှမ်းမျှအားဖြင့်
(၄) ရက် ရှိပါတယ်။

ကိုယ်ဝန်သည်ဖြစ်စေ သာမန်လူဖြစ်စေအတွေ့များဆုံး
ရောဂါလက္ခဏာများမှာ

• ချောင်းဆိုးခြင်း
• ဖျားခြင်း
• အသက်ရှူကြပ်ခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း စသည်တို ဖြစ်ပါတယ်။

#တခြားရောဂါလက္ခဏာများမှာ
• ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
• လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်း
• အနံ့၊ အရသာပျောက်ခြင်း
• ကြွက်သားများနာကျင်ကိုက်ခဲခြင်း

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဒီရောဂါလက္ခဏာတွေ တွေ့ရှိ
ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

#ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ဗိုင်းရပ်စ်ဒဏ်ကို
ပိုပြီး ခံနိုင်ရည်မရှိကြဘူးလား။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တုပ်ကွေးကဲ့သို
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ရောက်ခြင်း
များမှာ အခြားသူများထက် ရောဂါဒဏ်ကို မခံနိုင်ဘူးဟု
ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ထုတ်ပြန်ထား
ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားစနစ်
ပြောင်းလဲသွားပြီး ကိုယ်ဝန်ဆောင်ခြင်းက အဆုတ်နှင့်
နှလုံးအပေါ်ကို သက်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီလိုဆိုရင်တောင် ကိုယ်ဝန်သည်တွေက အခြား
သူများထက် ကိုဗစ်၁၉ ကူးစက်လွယ်တယ်လို အကြံပြု
ထားတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေး
ပါဘူး။ သူတိုက ကူးစက်ခံရရင်တောင်မှ နမိုးနီးယား
ရောဂါလို ကိုယ်ဝန်ဆောင်တွေက ပိုပြင်းထန်တဲ့ လက္ခဏာ
တွေကို ခံစားရတာ မရှိသေးပါဘူး။

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ကိုယ်ဝန်ဆောင်
အမျိုးသမီးအတွက် မည်သည့် ဆေးကုသမှုများက
ဘေးကင်းပါသလဲ။

• အဖျား (၁၀၀.၄) ဒီဂရီဖာရင်ဟိုက်ရှိလျှင် acetaminophen
(Tylenol) သောက်ပါ။

• ရေဓာတ်များပြီး သကြားဓာတ်နည်းသည့် အချိုရည်များ
သောက်သုံးပါ။

•အနားယူပါ။

Tylenol က အဖျားမကျဘဲ အသက်ရှူရခက်လာပြီဆိုရင်
သိုမဟုတ် ပျိုအန်လာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

#ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက်
ကိုရိုနာဗိုင်းရပ်စ်က ဘယ်လောက်ထိ အန္တရာယ်များ
နိုင်ပါသလဲ။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်သည့်ရောဂါများ
ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများက
အခြားရောဂါပိုးမကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်
အမျိုးသမီးများထက် ပိုဆိုးဝါးသည့် ရလဒ်များ ဖြစ်လာ
နိုင်ချေ ရှိပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ ကလေးမွေးခြင်း၊
ကလေးအသေမွေးဖွားခြင်းနှင့် ပြင်းထန်သည့် ရောဂါ
ကူးစက်ခံရခြင်းများကို ကိုယ်ဝန်သည်အမျိုးသမီးတွေမှ
ာ တွေ့မြင်နေရပါတယ်။ ကိုယ်ဝန်သုံးလအတွင်းမှာ
အဖျားတက်ခြင်းက ကလေးကို ကိုယ်အင်္ဂါမပြည့်စုံဘဲ
မွေးဖွားလာစေနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်အမျိုးသမီး
တစ်ချိုက လမစေ့မီ ကလေးမွေးခဲ့ကြပါတယ်။
သိုသော်ရောဂါကူးစက်မှုကြောင့် ဆိုတာတော့ သေချ
ာမသိရသေးပါဘူး။ မိခင်ဖြစ်သူ နေမကောင်းတာကြောင့်
ဆရာဝန်များက စောမွေးဖို ဆုံးဖြတ်ခဲ့တာတွေလည်း
ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ကိုယ်ဝန်ပျက်ကျစေခြင်း
ဖြစ်စေတယ်ဆိုသည့် သက်သေအထောက်အထား မရှိသေး
ပါဘူး။

#ကိုယ်ဝန်ဆောင်နေချိန်မှာ ဗိုင်းရပ်စ်က ကလေးဆီကို
ကူးစက်နိုင်ပါသလား။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် အမျိုးသမီးများတွင်
ကလေးကို ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်
အထား မရှိသေးပါဘူး။

ကိုဗစ်၁၉ က လူတစ်ဦးနဲ့တစ်ဦး နှာချေခြင်း၊ ချောင်းဆိုး
ခြင်းတိုကနေ အဓိကအားဖြင့် ကူးစက်သည့် ရောဂါ
ဖြစ်ပါတယ်။ မွေးဖွားပြီးနောက် ကလေးကို ထိုအမှုန်
အများကနေသာလျှင် ကူးစက်နိုင်ပါတယ်။

ကိုဗစ်၁၉ ကူးစက်ခံရသူအမျိုးသမီးများမှ မွေးလာသည့်
ကလေးသုံးဦးမှာ ဗိုင်းရပ်စ် positive ဖြစ်ပြီး ကျန် အယောက်
(၃၀) မှာ Negative ဖြစ်ပါတယ်။ ကူးစက်ခံထားရသည့်
ကလေးသုံးဦးမှာ သားအိမ်ထဲမှာ ကူးစက်ခံရခြင်းလား
(သိုမဟုတ်) မွေးဖွားပြီးနောက် ကူးစက်ခံရခြင်းလား
ဆိုသည့်အချက်ကိုလည်း သေချာမသိကြသေးပါဘူး။

#ကိုဗစ်၁၉ ကူးစက်ခံရသည့်အခါ ကလေးကိုခွဲမွေးဖို
လိုပါသလား။

ကလေးကို ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းတိုက ကိုဗစ်
ရှိလားတစ်ခုတည်းအပေါ်မှာတင် မဟုတ်ဘဲ တခြား
အချက်အလက်အများကြီးအပေါ်မှာ မူတည်နေပါတယ်။

#ကိုရိုနာဗိုင်းရပ်စ်က မိခင်နိုမှတဆင့် ကူးစက်နိုင်ပါသလား။

သာမန်အားဖြင့် မကူးစက်နိုင်ပါ။ ဒါပေမဲ့ ကိုဗစ်၁၉ ရောဂါ
ကူးစက်ခံထားရသူမိခင်တစ်ယောက်ဆိုလျှင် နိုချိုတိုက်ကျွေ
းခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်းကို ဆရာဝန်နဲ့
တိုင်ပင်ဆွေးနွေးပါ။ နိုချိုတိုက်ကျွေးဖို ဆုံးဖြတ်ထားတယ်
ဆိုရင်တော့ ကလေးကို ဗိုင်းရပ်စ်မကူးစက်နိုင်အောင်
အောက်ပါအတိုင်း ဆောင်ရွက်ပါ။

• မျက်နှာကို mask တပ်ထားပါ။
• ကလေးကို မပွေ့မီ လက်ဆေးပါ။ လက်သည်းတွေ
လက်ချောင်းတွေအောက်ဘက်အထိ သေချာဆေးပါ။
•နိုဘူးကို မကိုင်မီ လက်ကို သေချာဆေးကြောပါ။
•နိုရည်ဘူးကို ကလေးကိုတိုက်ဖို နေကောင်းသူတစ်ယောက်
ယောက်ကို စေခိုင်းပါ။