အထိအတွေ့နဲ့ ကိုင်တွယ်လို့မရတဲ့ စိတ်ခံစားမှုဆိုတဲ့ စိတ္တဇနာမ်ဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေနဲ့အတူ emotions တွေကိုပြုလုပ်ပေးပါတယ်။ သက်ရှိတိုင်းမှာငိုမယ် ၊ရယ်မယ်၊ ဒေါသထွက်မယ်၊ စိတ်ဆိုးမယ်၊ဝမ်းနည်းမယ် အစရှိတဲ့စိတ်ခံစားချက်တွေရှိနေတာပုံမှန်ပါပဲ။
စိတ်ခံစားမှုတွေရဲ့သက်ရောက်မှုကလည်းတယောက်နဲ့တယောက်အပေါ်မတူညီကြပါဘူး။
ဒီနေ့ အတွက် 11:11 team ကနေပြီး ပြောပြပေးမှာကတော့ ဝမ်းနည်းဆို့နင့်တဲ့အချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာလေးပါ။
ဝမ်းနည်းဆို့နင့်ကြေကွဲမှုတွေဟာ အင်မတန်ကိုမှခံစားရခက်ပါတယ်။ အထူးသဖြင့် အခုလိုမျိုး Covid-19 ရောဂါကြောင့် မိမိချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ ဝမ်းနည်းမှုတွေ ခံစားရကြရပါတယ်
ဝမ်းနည်းမှုကိုအခြေခံတဲ့ အကြောင်းလေးတွေကတော့
• ပတ်သက်ခဲ့သမျှအမှတ်တရတွေ
• မကြားချင်တဲ့
ပတ်ဝန်းကျင်ကပြောစကားတွေ
• Self guilt လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ
• ဝမ်းနည်းစေမယ့် အကြောင်းအရာတိုက်ဆိုင်မှုတွေ အစရှိတာတွေကို တွေ့ရလေ့ရှိပါတယ်။
ဝမ်းနည်းမှုက လိင်မခွဲခြားပါဘူး။ ကျွန်တော်တို့ ပြောနေကြစကားတွေဟာ လူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ထိခိုက်စေတာကြောင့် သတိပြုသင့်ပါတယ်။ ဥပမာအားဖြင့် “ယောကျ်ားလေးဆိုတာမငိုရဘူး”
“မိန်းကလေးငိုရင် ကျက်သရေယုတ်တယ်”
ဆိုတဲ့စကားတွေဟာ အားငယ်သူကို အားပေးရာမရောက်ဘဲ သူတို့ရဲ့စိတ်ခံစားချက်တွေကို ကန့်သတ်လိုက်သလိုပါပဲ။
ဝမ်းနည်းမှုကနေ ရုန်းထွက်ဖို့အတွက် သတ္တိရှိပါ။ ကိုယ့်ကိုဖိအားပေးနေတာတွေကို အဆင်ပြေသွားမှာပဲဆိုပြီး အတင်းကြီးသည်းညည်းခံနေဖို့ မလိုပါဘူးနော်။
ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့ Self Love and Self Care ကို တားဆီးပိတ်ပင်ဖို့အတွက် ခံစားချက်တွေကို ဖွင့်ထုတ်ခွင့်မပေးတာမျိုး၊ ကိုယ့်ကိုယ်ချစ်တယ်ဆိုတာ မလိုအပ်တဲ့ အပိုအလုပ်တွေ၊ တစ်ကိုယ်ကောင်းဆန်တဲ့အလုပ်ဆိုပြီး သတ်မှတ်တာတွေကြောင့်ရေရှည်မှာ စိတ်ဝေဒနာ (Mental Illness)က မသိမသာနဲ့ တိုးဝင်ခိုကပ်နေပါတယ်။
အဲ့ဒါဆိုရင် ဝမ်းနည်းရင်ဘာလုပ်ရမလဲ?
• ငိုချလိုက်ပါ။ ငိုလိုက်ခြင်းအားဖြင့် စိတ်ခံစားမှုတွေဟာ အထိုက်အလျောက်ပြေလျော့သွားပါတယ်။
• ရင်ဖွင့်ပါ။ ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီဖွင့်ထုတ်ပြောပြပါ။ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ပိုပြီးလုံခြုံစေချင်ရင်တော့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်း (counselling ပြုလုပ်ခြင်း) ဖြင့် နှစ်သိမ့်ဆွေးနွေးမှု ခံယူနိုင်ပါတယ်။
• Social media ပေါ်မှာ အချိန်မကုန်ဆုံးပါနဲ့။ Facebook ပေါ်က ပွဲတွေ၊ စောင်းချိတ်ရေးတာတွေဟာ အမှိုက်ပုံလိုပါပဲ။ မိမိစိတ်အတွက် အကျိုးပြုတဲ့အကြောင်းအရာ တွေကိုသာရှာဖွေပါ။
• စိတ်ပြေလက်ပျောက်အနေနဲ့ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာတွေက အင်မတန်မှ ဝမ်းနည်းမှုကိုဖြေသိမ့်ရာမှာ အကျိုးပြုပါတယ်။
• ဝမ်းနည်းစရာအကြောင်းအရာ တွေကိုရှောင်ပါ ။ မိမိကိုအကျိုးမပြုတဲ့ကိစ္စမှန်သမျှ အပြတ်ဖြတ်လိုက်ပါ။
• ကိုယ့်ကိုယ်ကိုချစ်ပါ။ (ကိုယ်ကြိုက်တဲ့ မုန့်လေး မှာစားလိုက်တာကလည်း Self Love ပါပဲ)
အခုဖော်ပြထားတဲ့ ဝမ်းနည်းမှုကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလေးတွေက မိတ်ဆွေတို့အတွက် အင်မတန်မှအကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ လုံးဝထိန်းချုပ်လို့မရဘဲ ဝမ်းနည်းဆို့နင့်မှုတွေ ပြင်းထန်ပြီးသတိလွတ်မတတ် ခံစားရနေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ နှစ်သိမ့်ဆွေးနွေးကုသမှု ခံယူကြဖို့အကြံပေးပါရစေနော်။
credit-11:11 Campaign
photo credit