Covid ကြောင့်ရောဂါခံစားနေမကောင်းဖြစ်ကြရတဲ့ survivorsလူအများစုရဲ့ Post- Covid Symptomsတွေထဲမှာဆို ဆံပင်ကျွတ်တာကိုရာခိုင်နှုန်းအများဆုံးကြုံတွေ့ကြရတယ် တော်တော်များများ ဆံပင်အရမ်းကျွတ်လို့ညည်းကြတာတွေလဲခပ်စိတ်စိတ်မြင်တွေ့လာရတယ် Sweetyဆိုလဲအရမ်းကျွတ်ရတယ်နေမကောင်းဖြစ်ပြီးတော့ ဆံပင်လေးဆွဲလိုက်ရင်တောင်ကျွတ်ပြီးပါလာတာ ဖြီးတိုင်းကျွတ်တာ တခါတလေလန့်ပြီးမဖြီးတောင်မဖြီးရဲတဲ့ထိပဲ

ဒီကပ်ရောဂါကြီးCovid ကြီးစဖြစ်လိုက်တည်းကလူတိုင်းမှာ ပျော်ရွှင်မှု စိတ်ချမ်းသာမှုဆိုတာနည်းပါးပြီး stress တွေရလာကြတယ် ပုံမှန်ကာလstressရှိရင်တောင်လူကိုအနည်းနဲ့အများထိခိုက်စေတာဆိုတော့ Covid ကြောင့်ပိုဆိုးတာပေါ့…အဲ့ဒီမှာတင် stressရလို့ကျွတ်ရတယ် ဟော်မုန်းအပြောင်းအလဲကြောင့်လဲကျွတ်တယ်
နောက်ပြီး ရောဂါကူးစက်ခံရပြီး နေမကောင်းဖြစ် တဲ့သူထဲတချို့ဆို high feverတွေတက်ကြတဲ့သူတွေ ဆေးထိုးဆေးသောက်ရတာတွေ ကျန်းမာရေးအခြေအနေဆိုးရွားတဲ့သူတွေ နဲ့ အာဟာရဓာတ်ချို့တဲ့ သံဓာတ် Vitamin-Dဓာတ်ချို့တဲ့သူတွေ အဲ့လိုလူတွေဆီမှာ ဆံပင်အကျွတ်များကြတယ် immune systemကျတာအားနည်းသွားတာ ကြောင့်လဲဆံပင်ကျွတ်ခြင်းကိုပိုဖြစ်လာစေတယ် နောက်ပြီး အပူများသူ ညအိပ်တာနောက်ကျသူတွေမှာဆံပင်ကျွတ်တာပိုဖြစ်တယ်နော် ကိုယ်ကတော့ အဲ့ဟာတွေနဲ့အကုန်ကိုက်နေလို့ ကျွတ်တဲ့ဇာတ်ကမရပ်ဖူး

—
—
—

1) အရမ်းကျွတ်လာပါးလာပြီဆိုရင်…ဦးရေပြားစစ်ဆေးပြီးလိုအပ်တဲ့Treatmentကိုလုပ်ပေးသင့်ပါတယ်
(Hair Salon တချို့မှာScalp Scanning & treatmentလုပ်လို့ရနိုင်ပါတယ်)
2)ဆံပင်ကျွတ်တာကိုကုသလို့ရတဲ့ PRP , Laser treatmentတွေလဲလုပ်လို့ရနိုင်တယ်
3)ခေါင်းမလျှော်ခင် သံလွင်ဆီ၊အုန်းဆီ၊လဖက်ဆီ၊ထောလပတ်ရွက် စတာတွေနဲ့လုပ်ထားတဲ့အဆီတွေနဲ့နှပ်ထား ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင်အသာအယာနှိပ်ပေး ပြီးမှလျှော်ပါ (သို့) အိမ်တွင်းနည်းနဲ့ဖြစ်ဖြစ် တစ်ပတ် တစ်ကြိမ်လောက် ပေါင်းတင်ပေးပါနော်
ရေစိုနေချိန်တော့ခေါင်းကိုလုံးဝမဖြီးပါနဲ့
လျှော်ပြီးရင် hair dryer လုံးဝမသုံးပဲသဘာဝအတိုင်းပဲဆံပင်ကိုအခြောက်ခံသုတ်ပေးပါ hair dryerကဆံပင်အဓိကကျွတ်စေတဲ့ထဲကတစ်ခုပဲ!!



ဆံပင်ကိုနောက်ပြန်ဖြီးမယ့်အစား ရှေ့ကိုစိုက်ချပြီးဖြီးရင် အကျွတ်သက်သာစေတယ်
Hair Tonic, Hair serumလေးတွေလည်းထည့်ပေးဖို့မမေ့နဲ့နော်
4)အနည်းဆုံး၆လလောက်တော့ ဆေးဆိုးတာကောက်တာဖြောင့်တာတွေမလုပ်နဲ့အုံးနော် နေကောင်းပြီးရင်ပထမဆုံးဆံပင်ကိုပြင်ချင်တာမိန်းကလေးတိုင်းအကျင့်ပဲ ဒါမယ့်ဆံပင်ကျွတ်သူတွေဆိုတော့ ခနလေးအောင့်ထားပေးကြပါနော်
5) Shampooဆိုရင် အမြှုပ်များတာ အနံ့အရမ်းမွှေးတာရှောင်ပြီး Organic shampoo မျိုးAnti-hairloss shampooမျိုးလေးတွေရွေးသုံးနော်
6) Silk pillowcase ပိုးသားခေါင်းအုံစွပ်လေးတွေကိုinvestလုပ်ပြီးအိပ်ပါ အသားအရေအတွက်ရောဆံပင်အတွက်ပါတကယ်ကောင်းပြီးဆံပင်ကျွတ်သက်သာစေပါတယ် (ဒါလေးအကြောင်းနောက်ရက်sharingလုပ်ပေးမယ်
)

7) ဆံပင်ရှည်တဲ့သူတွေက သားရေပင်တို့ခေါင်းစည်းကြိုးတင်းတင်းတို့နဲ့စည်းတာမျိုးထက် scrunchie လေးတွေနဲ့စည်းတာက ဆံပင်မပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်
ညဖက်ကို ကျစ်ဆံမြီးဖွဖွကျစ်ပြီးအိပ်ရင် မနက်ကျဆံပင်ရှုပ်သက်သာပြီးဆံပင်ကျွတ်လဲမလွယ်တော့ဖူး

Biotin , Omega-3 (ငါးကြီးဆီ) တို့ကဆံပင်အတွက်အားဖြည့်ပေးနိုင်တယ် စိတ်ဆန္ဒစောပြီးအလွန်အကျွံသုံးစွဲခြင်းတော့ရှောင်ပါနော် Sweety ကတော့ ညတိုင်း Omega-3အမြဲသောက်ဖြစ်တယ်
9) Ginseng ကဆံသားအတွက်အားကောင်းတယ် ginseng ပါတဲ့ hair products အစားအသောက်လေးတွေရွေးချယ်ပါ
10) သံဓာတ် Iron, Vitamin-D ဓာတ်တို့ကလည်းဆံပင်နဲ့ဦးရေအတွက်ကောင်းမွန်စေတယ်
ဒါပေမယ့်ဒီဓာတ်တွေလိုအပ်မှသောက်ပါ မိန်းကလေးအများစုကတော့ဓမ္မတာလာပြီးတိုင်းသံဓာတ်ဆုံးရှုံးရလို့ပြန်ဖြည့်ပေးဖို့လိုအပ်ပါတယ်















ဒီအစားအစာတွေက hair growth အတွက်ကူညီပေးနိုင်ပါတယ်
နောက်ဆုံးတစ်ချက်အနေနဲ့ stress မရှိအောင်နေတတ်ဖို့ကတော့ ဒီကာလကြီးတစ်ခုလုံးအတွက်မလွယ်ကူဖူးဆိုတာသိတယ် ဒါပေမယ့် ကိုယ်စိတ်ချမ်းသာစေတာပျော်စေတာလေးတွေများများလုပ်ပါ လေ့ကျင့်ခန်း ယောဂ ကျင့်တာတွေလုပ်ပါ ဒါဆိုသက်သာစေနိုင်ပါတယ်

အားလုံးပျော်ရွှင်ကျန်းမာကြပါစေ

credit-Sweety’s Makeuplooks
photo credit