တိုင်းရင်းဆေးနဲ့မှ ကုသလိုသူများ လွယ်တာကို ခက်အောင် မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီရောဂါက ဆရာဝန်ဆီမှာ ဆေးထိုး ဆေးစား ကုသမှုခံယူရုံနဲ့ အလွယ်တကူပျောက်ကင်းနိူင်ပါတယ်။
တိုင်းရင်းဆေးနဲ့ကုလိုက်လို့ ရောဂါလက္ခဏာ
ပျောက်သွားသည်ဆိုလျှင်တောင် ရောဂါပျောက်
မပျောက် သိနိူင်ဖို့က သွေးထပ်စစ်ဖို့လိုအပ်ပါတယ်။
အထူးသတိထားရမှာက ကိုယ့်မှာ ရောဂါလက္ခဏာမပြတာနဲ့ ရောဂါပိုး မရှိတော့ဘူး မရှိဘူးလို့ ပြောမရပါ။
ဒီရောဂါက ကူးစက်ပြီး ၁၄ရက်ကြာမှ ရောဂါလက္ခဏာ
စပြနိူင်သလို မပြဘဲ ငုပ်နေတာလည်း ဖြစ်နေနိူင်တယ်။
ပထမအဆင့်
ပုံမှန်က ရောဂါ ကူးစက်ခံရတဲ့ လိင်အင်္ဂါ အနီးတဝိုက် စအို နိူ့သီးခေါင်း ပါးစပ် လက်ချောင်းတွေမှာ chancre ချန်ခါလို့ခေါ်တဲ့ အနာငယ်လေး ဖြစ်လာတယ် နာကျင်မှုမရှိဘူး၊ ယားယံမှုမရှိဘူး၊ အနာအောက်ခြေက ကြွပြီ ဘဲဥပုံ ဒါမှမဟုတ် စက်ဝိုင်းပုံရှိတယ်။၃ပတ်ကနေ ၆ပတ်အတွင်း မကုဘဲထားလဲ သူ့ဘာသာ ပျောက်သွားနိူင်တယ်။
ဒုတိယအဆင့်
ခန္ဓာကိုယ်ထည် ခါး ကျော ဗိုက်တွေမှာ အနီကွက်တွေဖြစ်လာတယ်။ ထူးခြားချက်က ယားယံမှုမရှိဘူး။ တကိုယ်လုံးလည်းပျံ့နိူင်တယ်။ ခြေဖဝါး လက်ဖဝါးတွေထိပါဖြစ်လာသလို လိင်အင်္ဂါမှာနဲ့ ခံတွင်းမှာ ကြွက်နိူ့ပုံစံ အဖုလေးတွေ ဖြစ်လာတယ်။ ဒီလက္ခဏာတွေက ပေါ်လိုက် ပျောက်လိုက်နဲ့ နှစ်ချီကြာနိူင်တယ်။
တကယ်လို့ ရောဂါကို မကုဘဲ ထားမယ်ဆိုရင် ရောဂါက ငုပ်သွားပြီး နောက်ဆက်တွဲအနေနဲ့ ဦးဏှောက်နဲ့ အာရုံကြော၊ နှလုံးသွေးကြော၊ အသည်းနဲ့ အရိုးအဆစ်တွေကို ထိခိုက်ပျက်စီးစေတယ်။ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုလည်း ကလေးပျက်ကျတာ စောမွေးတာ အသေမွေးတာနဲ့ မွေးပြီး ကလေးသေဆုံးမှုမြင့်မားတာတွေ ဖြစ်စေနိူင်တယ်။
ဒီတော့ဗျာ ကိုယ့်မှာမှ ရောဂါပိုးရှိတာ သေချာတယ် သွေးအဖြေပေါ်တယ်ဆိုရင် ကိုယ့်ရဲ့ တနှစ်အတွင်း
လိင်ဆက်ဆံဖက်ကိုရော ကိုယ်ရော ဆရာဝန်ဆီ
ဆေးကုသမှုခံယူပါ။
ဘယ်လိုလူတွေ စစ်သင့်လဲ
လိင်ဆက်ဆံဖော် များတဲ့သူတွေ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့သူတွေ၊ မင်္ဂလာဆောင်တော့မယ်သူတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးအလှူရှင်တွေ
ဒီရောဂါက ငုပ်သွားပြီး နောက်ဆက်တွဲအနေနဲ့
အရေပြား အရိုး အသည်းနဲ့ အခြား ကိုယ်တွင်းအင်္ဂါတွေမှာ အကြိတ်တွေ ဖြစ်လာစေနိူင်တယ်။
ဦးဏှောက်နဲ့ အာရုံကြောပြသနာနောက်ဆက်တွဲအနေနဲ့
ခေါင်းကိုက်တာ
လေဖြတ်တာ
ဦးဏှောက်အမြှေးပါးရောင်တာ
အကြားအာရုံဆုံးရှူံးတာ
အမြင်အာရုံ ဆုံးရှူံးတာ
အသိစိတ်လွတ်တာ
အထိအတွေ့ ခံစားမှုတွေလျော့နည်းလာတာ
ယောက်ျားတွေမှာဆို မြုံတာ
ဆီးမထိန်းနိူင်တာတွေ ဖြစ်လာစေနိူင်ပါတယ်။
နှလုံးသွေးကြောပြသနာနောက်ဆက်တွဲအနေနဲ့
သွေးကြောတွေ ဖောင်းတာ သွေးလွှတ်ကြောမကြီးရောင်တာ နှလုံးအဆို့ရှင်တွေပျက်စီးတာ ဖြစ်စေနိူင်ပါတယ်။
ဒီရောဂါက ကာကွယ်ဆေးမရှိပေမယ့် ကာကွယ်နိူင်တာတွေ အများကြီးပါ။ ကုသလျှင်လည်း ပျောက်ပါတယ်။
မိမိကိုယ်ကို စောင့်ရှောက်နိူင်ပါစေ။
credit-သဗ္ဗဇေယျ မြန်မာ့ တိုင်းရင်းဆေးကုခန်း
