Betrayal Trauma ဆိုတာRelationship တစ်ခုမှာ လူနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အရာ မှီတည်ပြီး ရှေ့ဆက် ရုံသာမက trust လို့ခေါ်တဲ့ ယုံကြည်မှု တွေ၊ passion တွေ၊ Commitment တွေ၊ intimacy တွေ စတာတွေ အပေါ်မှာ လည်း မှီတည်ကြတယ်။
Betrayal Trauma ဘယ်အချိန် မှာ ဖြစ်လဲဆိုရင် လူတစ်ယောက်ရဲ့ ယုံကြည်မှု ကို အဲ့ဒီလူတစ်ယောက် တန်ဖိုးထား မှီခိုနေတဲ့ သူတစ်ယောက် က ချိုးဖောက်လိုက်တဲ့အခါမှာ ဖြစ်တယ်။
ကိုယ်က ယုံကြည်ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ စိတ်ခံစားချက် ဆိုင်ရာတွေ နဲ့ပတ်သတ်ပြီး သူ့အပေါ် ပုံအပ်ထားရုံသာမက “သူငါ့ကိုတော့ မလုပ်ရက်လောက်ပါဘူးလေ” ဆိုပြီး တစ်ထစ်ချ ယုံကြည်နေတဲ့ အချိန်မှာ ကိုယ့်ကို သစ္စာဖောက်သွားတာမျိုး ဆိုလိုပါတယ်။
ချစ်သူရည်းစား တွေ မှာ ဆိုရင် နောက်တစ်ယောက် နဲ့ cheat လုပ်တာမျိုးတွေ၊ ကိုယ့်ကို အကြိမ်ကြိမ် လိမ်ညာတာမျိုးတွေ၊ ကိုယ့်ကို စိတ်ခံစားချက်အရ အနိုင်ကျင့်တာမျိုးတွေက betrayal trauma ရဲ့ လမ်းစတွေပါ။ Betrayal Trauma ကြောင့် လူတစ်ယောက်ဟာ
- နောက်ထပ် relationship တွေထားဖို့ ခက်လာခြင်း
- လူတွေကို မယုံကြည်တော့ခြင်း
- နောက် relationship မှာ ထပ်ပြီး သစ္စာဖောက်ခံရမှာ ကြောက်ခြင်း
- သံသယ စိတ်တွေများလာခြင်း
- ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု များလျော့ကျလာခြင်း
- ညအိပ်မပျော်တာတွေ ဖြစ်ခြင်း
- စိုးရိမ်ပူပန်တာတွေ ဖြစ်ပြီး စိတ်ဓာတ်ကျ လွယ်လာခြင်း စတဲ့ ယေဘူယျ လက္ခဏာလေးတွေ ဖြစ်နိုင်ပါတယ်
Betrayal ကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကို ဘယ်လို လျော့ပါးအောင် ဖြေရှင်းမလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပဲ အပြုသဘောဆောင်သော အတွေး(positive thinking) လေးတွေတိုးတက်အောင်လုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ခွှင့်လွှတ်တတ်အောင် ကြိုးစားခြင်း ၊ ကိုယ့် တန်ဖိုးထားရာ အရာလေးတွေကို ပြုလုပ်ခြင်း စတာလေးတွေ ပြုလုပ်နိုင်ပါတယ်။ အားလုံးဘဲ ပျော်ရွှင်ကြပါစေရှင်
