Victim Mindset ဆိုတာ တနည်းအားဖြင့်ဆိုရင် Stockholm Syndrome နဲ့ ခပ်ဆင်ဆင်တူတယ်။

Stockholmကတော့ Abuserကို စွဲလမ်းသွားတယ် အပြစ်မမြင်နိုင်တော့တဲ့သဘောမျိုးပေါ့ တစ်ဖက်သူကို အပြစ်မမြင်တတ်တော့တာ ကြာလာလေလေ သူ့ကြောင့်မဟုတ်တော့ဘူး သူတို့ကြောင့် မဟုတ်တော့ဘူး။

ဒီအရာတွေဖြစ်တာက ငါ့ကြောင့် ငါလုပ်လို့ ငါအသုံးမကျလို့ စတဲ့အတွေးတွေနဲ့ ကိုယ့်ဟာကိုယ် victimတစ်ယောက်လို သတ်မှတ်လာတာမျိုးပေါ့ Relationshipတွေမှာ Victim mindsetရှိရင် ဘာတွေဖြစ်လာနိုင်လဲဆိုတော့
တစ်ဖက်လူက အဲ့ပျော့ကွက် ကိုယ့်မှာရှိမှန်းသိသွားရင် သူ့ကို လိုက်ဆွဲနေအောင်ပဲ ပြုမူနေတော့တယ် သဘောက ငါလုပ်ချင်ရာ လုပ်မယ်။

သည်းခံနိုင်ရင် ဆက်တွဲဆိုတဲ့သဘောမျိုးနဲ့ပေါ့ လုံးဝကြီး အဆိုးတွေပဲ ပေးနေတာမဟုတ်ပဲနဲ့ ၅ခါလောက်ဆိုး ပြလိုက် တခါလောက် ကောင်းပြလိုက်နဲ့ဆိုတော့ ကိုယ့်စိတ်ထဲမှာ အော် သူကအရမ်းအဆိုးကြီးမဟုတ်ပါဘူး

ကောင်းတာလေးတွေလည်း ရှိနေပါလားဆိုပြီး အဲ့လိုအတွေးဝင်သွားပြီး ဟိုဘက်ကို မဖြတ်နိုင်အောင် မဖြတ်ချင်တော့ပဲနဲ့ ထမင်းတလုတ် တုတ်တချက်လုပ်နေရင်တောင် အော် ရိုက်ပေမယ့် ထမင်းတော့ကျွေးပါသေးလားဆိုတဲ့ အတွေးမျိုး ဝင်လာတာမျိုးပါ သူကောင်းနေရက်နဲ့ ငါက အတွေးတွေလွန်နေတာ ငါကိုက မှားတာပါ။

ဒါတွေအကုန်လုံး ငါကြောင့်ဖြစ်ရတာ သူက အဲ့လောက်ထိကြီး ဆိုးမနေပါဘူး သူနဲ့ပြတ်သွားရင် ငါတော့ဒုက္ခပဲဆိုတော့ Emotional Depend ဖြစ်လာတာတွေလည်းပါတယ်။

အရင်က ဘယ်သူတစ်ဦးတစ်ယောက်ဆီကမှမရဖူးတဲ့ ဂရုစိုက်မှုမျိုး တခါတလေအချစ်ခံရတာမျိုးရတဲ့အခါမှာ သူ့ကို ကိုယ့်ဘဝအတွက် အကောင်းဆုံးလူလို့ သတ်မှတ်လိုက်ပြီး တခုခုပြဿာရှိလာပြီဆိုရင် သူ့ကြောင့်မမြင်တော့ဘူး ကိုယ့်ကိုယ်ကိုပဲအပြစ်ပုံချလိုက်တယ်။

Friendshipတွေမှာလည်း ဒါမျိုးရှိတယ် တဖက်က insecuritiesတွေ အရမ်းများနေတာကို ကိုယ်က သတိမထားမိဘူး စာမေးပွဲ အတူတူဖြေတယ် အလုပ်တူတူလုပ်ကြတယ် ရည်းစားထားကြတယ် အဲ့ဒီမှာ တစ်ဖက်သူထက်
ကိုယ်က မသိမသာလေး ကောင်းတာလေးတွေ ပိုရနေတဲ့ အခြေအနေတွေက ခပ်စိတ်စိတ်ဖြစ်လာရင် တစ်ဖ်သူက သူ့ရဲ့ insecuritiesတွေကြောင့် ကိုယ်နဲ့ အပေါင်းအသင်းမလုပ်တော့ပဲ ရမယ်ရှာပြီး ဖြတ်သွားတာတွေ ရှိတတ်တယ်။

ဒါမျိုးက တခါတလေ သို့မဟုတ် တဘဝလုံးမှာ တခါပဲ ကြုံရရင်အကြောင်းမဟုတ်ပေမယ့် နှခေါက် သုံးခေါက်ထက် ပိုလာရင် တစ်ဖက်သူရဲ့ insecuritiesတွေကို သတိမထားမိတော့ပဲ ငါက ပေါင်းသင်းဆက်ဆံရေးညံ့လို့လား င့ကို ဘယ်သူမှ မပေါင်းချင်လို့ ဒီလိုရမယ်ရှာရှာပြီး ထားသွားကြတာလဲ ငါပဲမကောင်းနေတာလားဆိုတဲ့ Victim mindset ကြီးက အော်တိုဝင်လာတယ်။

အဓိကက တဖက်သူအပေါ်မှာ emotional depend ဖြစ်လွန်းတာရယ် သူ့ရဲ့ဆိုးကွက်တွေဖြည့်တွေးပြီး အကောင်းမြင်ပေးလွန်းအားကြီးတာကြောင့်ရယ်က ကိုယ့်ကို Victim mindsetတွေဝင်လာစေတာပါ Relationshipတွေ မမြဲရတာဟာ ငါ့ကြောင့်ပါလားဆိုတဲ့ စိတ်နဲ့ relationship အသစ်တွေကို build upလုပ်ဖို့ကြောက်လာတယ်။

နောက်တစ်ခါသာ ဒီလိုတွေထပ်ကြုံရင် ငါဘယ်လို handleလုပ်မလဲဆိုပြီး စိုးရိမ်စိတ်တွေက များလာတယ် Victim Mindset ဝင်ရခြင်း အဓ်က အကြောင်းအရင်းက ရွေးချယ်စရာ Optionမရှိတာကနေစတာပဲ။

ဒီလူနဲ့ပဲ သူငယ်ချင်းလုပ်ဖူးတယ် ဒီလူနဲ့ပဲ relationshipတည်ဆောက်ဖူးတယ် ဒီလူသာလျှင် အကောင်းဆုံး ဒီလူ့အပေါ် emotional dependcyတွေဖြစ်တယ် အဲ့တော့ ဒီလူသာမရှိရင် ငါ့ဘဝကြီးက သွားပြီးဆိုပြီး ဒီလူထွက်သွားမှာကြောက်တဲ့စိတ်နဲ့ အလျော့ပေးရင်း သည်းခံရင်းကနေ victim mindsetတွေ ဝင်မှန်းမသိဝင်လာတယ်
ဒီလူ့ကို ကိုယ့်ဘဝမှာ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့အတွက် ဒီလူထက် ကောင်းတဲ့သူတွေ ကိုယ့်ဘေးနားမှာရှိနေရင်တောင် မရွေးချယ်ရဲတော့ဘူး။

မရွေးချယ်တတ်တော့ဘူး ဒီလူ့ကို လွှတ်ချထားခဲ့ဖို့မရဲတော့ဘူး ဒီလူသာမရှိရင် ငါ့ဘဝကြီး မိုးမှောင်ကျသွားတော့မှာပဲဆိုပြီး အလျော့ပေး သည်းခံပေးရင်းနဲ့ နောက်ဆုံး ကိုယ်ဟာ victimဖြစ်မှန်မသိ ဖြစ်လာရတယ်။

Relationshipတွေမှာ Victim mindset ဝင်လာရင် အဲ့လူဟာ အလဲလဲ အပြိုပြိုနဲ့ရှုံးရတော့တာပဲ တစ်ဖက်က ဆိုးကွက်ကို ဆိုးကွက်လို့ မမြင်နိုင်သေးသ၍ ဘေးကလူတွေ ဘယ်လိုနားချချ အဲ့လူနားကနေ မခွာဘူး ဒုက္ခခံနေတာပဲ အရက်သမားမိန်းမတွေ အရက်သမားတွေကို ရှာလည်းကျွေးရသေး အရိုက်လည်းခံရသေး ဘာလို့ မကွာကြလဲဆိုရင် ဒီ victim mindset ကြောင့်ပဲ သူက မူးမှသာသွေးဆိုးတာပါဟယ်။

မမူးရင် ငါ့ကို ချစ်လိုက်တာမှ တုန်လို့ ဆဲဆိုရိုက်နှက်ဖို့မပြောနဲ့ စကားတောင် လေးလုံးကွဲတာမျိုးမဟုတ်ဘူးဆိုတဲ့
အရာတွေကြောင့် လင်ဆိုးမယားတဖားဖားဘဝမှာ ကျေနပ်ပြီး နေနေတဲ့ အမျိုးသမီးတွေရှိပါတယ်။

ငါ အရက်ဖိုးပေးလိုက်ရင် ပြီးနေတာပဲ သူ့ဟာသူ သောက်ပြီး မှောက်နေတာ ငါအရက်ဖိုးမပေးနိုင်မှ သူပြဿနာရှာနေတာ အဲ့တော့ အရက်ဖိုးပေးလိုက်မယ်။

အရက်ဖိုးမပေးနိုင်လို့ ရန်လုပ်ခံရရင်တာင် သူ့ကြောင့်လို့ မထင်တော့ဘူး ကိုယ်မပေးနိုင်လို့ ကိုယ်အသုံးမကျလို့ ရန်လုပ်ခံရတယ်လို့ ထင်လာတယ် ဒါဟာ Victim mindsetကြောင့်ပါ ကိုယ့်မှာရော victim mindsetရှိနေပြီလားဆိုတာ ပြန်checkလုပ်ကြည့်ပါ။

ကောင်းမွန်တဲ့ Relationship လေး ပိုင်ဆိုင်နိုင်ကြပါစေရှင်