ဂဏန်းဟာ အရသာအရှိဆုံး ပင်လယ်စာတစ်မျိုးလို့ ဆိုရပါမယ်။ လူကြိုက်များလှတဲ့ ဂဏန်းဟာ ပရိုတင်းနဲ့ အိုမီဂါ၃ တို့ပါဝင်ပြီး အဆီပါဝင်မှု ပမာဏလည်း နည်းပါးလှပါတယ်။ ဂဏန်းကိုမှ ကြိုက်နှစ်သက်လှပါတယ်ဆိုတဲ့ အမျိုးသမီးတွေအနေနဲ့လည်း သူတို့ကိုယ်ဝန်ဆောင်ချိိန်မှာ ဂဏန်းကို စားသင့် ၊ မစားသင့်ဆိုတာ သိချင်ကြမှာပါ။

ဝမ်းသာစရာကောင်းပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA)က ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့ ဂဏန်းကို သင့်တင့်တဲ့ပမာဏလောက် စားသုံးပေးမယ်ဆိုရင် ဆိုးကျိုးမရှိသလောက် နည်းပါးမှာဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားခဲ့ပါတယ်။ ဒါ့ကြောင့် မိခင်လောင်းတေွဟာ ဂဏန်းကို သန့်ရှင်းစင်ကြယ်စွာချက်ပြုတ်ပြီး စားသောက်လို့ရပါတယ်။

ဂဏန်းကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး စားသုံးကြပါတယ်။ ဂဏန်းဟင်း ၊ ဂဏန်းကြော် ၊ ဂဏန်းပေါင်း အစရှိတဲ့ဟင်းလျာတေွအပြင် ဟော့ပေါ့ ၊ မာလာရှမ်းကော ၊ ဆူရှီ ၊ ဆာရှီမီ တို့မှာလည်း ထည့်သွင်းစားသောက်တာကို တေွ့ရပါတယ်။ ဂဏန်းစားသုံးရာမှာ ကျက်သည်အထိ စိတ်ရှည်လက်ရှည် ချက်ပြုတ်စားရပါမယ်။

ဂဏန်းအမျိုးပေါင်းများစွာရှိတဲ့အနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးကတော့ King Crab ပါပဲ။ အခြားဂဏန်းတွေဟာ မာကျူရီပါဝင်မှုပမာဏမြင့်မားတာကြောင့် King Crab ကိုပဲ စားသုံးဖို့ အကြံပြုလိုပါတယ်။ ဂဏန်းစားသုံးခြင်းဟာ သန္ဓေသားရဲ့ ‌အထွေထွေ ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်စေခြင်း ၊ ကယ်လ်စီယမ်ပါဝင်မှုများပြီး ကယ်လိုရီနဲ့ ကိုလက်စထရော ပါဝင်မှု မရှိသလောက် နည်းပါးခြင်း ၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးသင့်တော်တဲ့ အစားအစာဖြစ်ပါတယ်။

မလတ်ဆတ်တဲ့ဂဏန်းများ ၊ မချက်ပြုတ်ရသေးတဲ့ ဂဏန်းများ ၊ အချိန်အတော်ကြာ ရေခဲရိုက်ထားတဲ့ ဂဏန်းများ စားသုံးခြင်းကိုတော့ လုံးဝ ရှောင်ကြဉ်ပေးရမှာပါ။