Tag: ဟွန်းတယော

ဟွန်းတယော

မြန်မာနိုင်ငံထဲကို ဟွန်းတယောတွေ ရောက်မလာခင် ဗိုင်အိုလင် တယောပြားတွေက အရင်ဆုံး ရောက်ရှိလာခဲ့တယ်လို့ မှန်းဆရပါတယ်။ တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူးများပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်းအချိန်မှာတော့ ကမ္ဘာသုံး ဗိုင်အိုလင် တယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီးဖြစ်ပေလိမ့်မယ်။