တနေ့တာ အတွက်
ကယ်လိုရီ – ၂၀၀၀-၂၅၀၀
အသားဓါတ် – ၇၅-၁၀၀ ဂရမ်
ရေ – ၂-၃ လီတာ
တနေ့ ကို ၆ ကြိမ်လောက် စားပေးပါရန်
မနက်စာ (ကယ်လိုရီ ၃၅၀ – ၅၀၀)
1. ပေါင်မုန့် ၂-၃ ချပ်+ ကြက်ဥ ၁ လုံးကြော်
2. ပေါင်မုန့် ၂-၃ ချပ် + မြေပဲထောပတ် ၂ ဇွန်း (လက်ဖက်ဇွန်း)
3. အိမ်လုပ် ခေါက်ဆွဲကြော်/ ကြာဇံကြော် + ကြက်ဥ/ကြက်သား (အဆင်ပြေရင် ထည့်ပါ) – ၁၂-၁၅ ဇွန်း ခန့်
4. ပဲပြုတ် (၄ဇွန်း) + ထမင်း ၁၀-၁၅ ဇွန်း + ဆီ (၁ဇွန်း)
5. ပဲဟင်းချို (ခပ်ပျစ်ပျစ်) တရုတ်ပန်းကန်လုံး (၁) လုံး + ထမင်း ၁၀-၁၅ ဇွန်း
အဆာပြေ (ကယ်လိုရီ ၆၀-၁၀၀)- အသီး (နှစ်သက်ရာ) တစ်လုံး
နေ့လည်စာ (ကယ်လိုရီ ၆၀၀-၇၀၀)
1. ထမင်း ၁၀-၁၅ ဇွန်း
2. ပဲဟင်း တပါတ် ၄ ရက် အနည်းဆုံး ချက်ပါရန် / ချဉ်ရည်ဟင်း – ပန်းကန်လုံး တစ်လုံးစာ
3. အသား/ ငါး/ ပုဇွန်/ ငါးဖယ် – လက် ၂ လုံး အရွယ် ၂-၃ တုံး (သို့မဟုတ်) ကြက်ဥ တစ်လုံး (သို့မဟုတ်) ပဲပြုတ်/ ပဲကတ္တီပါပြုတ် ပန်းကန်လုံး တစ်လုံး
4. အရွက်ကြော် – အရမ်းအများကြီးစား စရာမလိုပါ။ အရွက်စားတာများပြီး တခြား လိုအပ်တာ တွေ မစားနိုင်မှာ စိုး၍ တော်သင့်ရုံ သာ စားပါရန်
အဆာပြေ (ကယ်လိုရီ ၃၀၀-၃၅၀)
– နွားနို့ (သို့မဟုတ်) ပဲနို့ (သို့မဟုတ်) အာဟာရမှုန့် – ၁ ခွက် (၂၅၀ ml) (ဖန်ခွက် တခွက်စာ) နှင့် ဘီစကွတ် အချို မများ တာ ၂-၃ ချပ်/ ပေါင်မုန့် တစ်ချပ်
– ပေါင်မုန့် ၂ ချပ် + မြေပဲ ထောပတ် ၂ ဇွန်း (လက်ဖက်ဇွန်း)
ညစာ (ကယ်လိုရီ ၆၀၀-၇၀၀)
1. ထမင်း ၁၀-၁၅ ဇွန်း
2. ပဲဟင်း တပါတ် ၄ ရက် အနည်းဆုံး ချက်ပါရန် / ချဉ်ရည်ဟင်း – ပန်းကန်လုံး တစ်လုံးစာ
3. အသား/ ငါး/ ပုဇွန်/ ငါးဖယ် – လက် ၂ လုံး အရွယ် ၂-၃ တုံး (သို့မဟုတ်) ကြက်ဥ တစ်လုံး (သို့မဟုတ်) ပဲပြုတ်/ ပဲကတ္တီပါပြုတ် ပန်းကန်လုံး တစ်လုံး
4. အရွက်ကြော် – အရမ်းအများကြီးစား စရာမလိုပါ။ အရွက်စားတာများပြီး တခြား လိုအပ်တာ တွေ မစားနိုင်မှာ စိုး၍ တော်သင့်ရုံ သာ စားပါရန်
အဆာပြေ (ကယ်လိုရီ ၁၀၀-၂၀၀)
– နို့ / ပဲနို့/ အာဟာရမှုန့် (အညွှန်းအတိုင်းသာ ဖျော်ရန်) – ၂၅၀ ml (ဖန်ခွက် တစ်ခွက်စာ)
ရေ ဓါတ် ဖြည့် တင်းဖို့ လိုသည့်အတွက် အရက်၊ ဘီယာ၊ vodka၊ gin တွေ မသောက်သင့်ပါ။ ဆေးလိပ် လုံးဝ မသောက်သင့်ပါ။
ရေးသားသူ ဒေါက်တာ ညီညီကျော်