အရသာလဲရှိ ရေငတ်လဲပြေစေတဲ့ လူတွေ ရွေးချယ်တဲ့ အကောင်းဆုံး ရာသီစာ ဖရဲသီး လေးကို မစားခင် ဒါလေးတွေ သိထားသင့်တယ်နော်
ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေက ခန္ဓာကိုယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပေးစွမ်းနိုင်ပါတယ်။
အရည်ရွှမ်းတဲ့အသီးအနှံတွေထဲ ဆရာတစ်ဆူဖြစ်တဲ့ ဖရဲသီးကတော့ ရေ ၉၂% ပါဝင်လို့ ပူအိုက်တဲ့ နွေရာသီမှာ နေ့စဉ်ရေဓာတ်ဖြည့်တင်းဖို့အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။
ရဲသီးက body function ကို အထောက်အကူပြုတယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ် မှာရှိတဲ့ ဘယ်အရာတွေအတွက် ကောင်းနိုင်မလဲ ?
ဖရဲသီးတစ်လုံးဟာ
– ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိခြင်း
– ပုံမှန်ကိုယ်တွင်းလုပ်ဆောင်မှုတွေ တိုးမြှင့်ပေးခြင်း နဲ့
– ဆဲလ်များကို အာဟာရပေးခြင်းနဲ့ နိုးကြားမှုပေးခြင်း
စတဲ့ လုံလောက်တဲ့ရေဓာတ်အပေါ် မှီခိုတဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကို တိုးမြှင့်ပေးပါတယ်။
သူ့ချည်းပဲလား?
အလေးချိန်အားဖြင့် စီးပိုင်နေတဲ့ ဖရဲသီးတစ်လုံး ရဲ့ 100 g မှာ 30 calories ပဲပါတာမို့ ကိုယ်အလေးချိန်ထိန်းဖို့အတွက် အထောက်အကူ ဖြစ်စေပြီး ရေဓာတ်ပေါများမှုကြောင့် တစ်စိတ်ဆို တစ်စိတ် ဗိုက်ပြည့်သလို ခံစားရမှာပါ။
အစာခြေဖို့အတွက် လုံလောက်တဲ့ အမျှင်ဓာတ်ပါတာကြောင့် ထမင်းစားပြီး စားရင် အသင့်တော်ဆုံးပါ။ ထမင်းမစားခင်တော့ ဖရဲသီး မစားပါနဲ့။ ဘာလို့လဲဆိုတော့ ဖရဲသီးက အစာအိမ်ကို အေးမြစေပြီး ဝမ်းမီးငြိမ်းစေတဲ့အတွက် ထမင်းစားတဲ့အခါ အစာမကြေဖြစ်တတ်လို့ပါပဲ။
ဒါပဲလားဆိုတော့ အသည်းကျန်းမာရေးကို ကောင်းမွန်စေတဲ့ Potassium, Magnesium အပြင် အရေးအကြောင်းနဲ့ အသားအရည် ခြောက်သွေ့ခြင်းကို ကာကွယ်ပေးတဲ့ vitamin C နဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ vitamin A ပါဝင်တာကြောင့် အသားအရည် ကျန်းမာရေးအတွက်လဲ အထောက်အကူပြု ပေးပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် လေ့ကျင့်ခန်း စွမ်းဆောင်ရည်မြင့်မားစေပြီး ကြွက်သားနာကျင်မှုကိုသက်သာ စေတဲ့ Amino Acid, Citrulline က healing process ကို တာဝန်ယူပေးပါလိမ့်မယ်။
အာဟာရဓာတ်တွေအပြင်ကိုမှ မေ့လို့မရတဲ့ lycopene လို့ခေါ်တဲ့ antioxidant တစ်မျိုးက cancer ဖြစ်နိုင်ချေကို နည်းပါးစေပြီး နှလုံးရောဂါ နဲ့ (Inflammation) ရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ နာတာရှည်ရောဂါ ဖြစ်နိုင်ချေကို လျော့ချတဲ့နေရာမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေပါသေးတယ်။
ကဲ ခုဆို ဖရဲသီးကို ရေငတ်လို့ စားတာထက် ကိုယ်စားတဲ့ထဲ ဘာတွေပါဝင်လဲ သိသွားလောက်ပြီ ထင်ပါတယ်။
