care

Self-care is never a selfish act—it is simply good stewardship of the only gift I have, the gift I was put on earth to offer to others.

Parker Palmer

လက်ရှိ ကျနော်တို့တင်မကပါဘူး။ တကမ္ဘာလုံး ဒီရောဂါဆိုးအပါအဝင် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတာပါ။

အဲ့ဒီထဲမှာ အရေးကြီးဆုံးကတော့ စိတ်ပါပဲ။ စိတ်ဓာတ်မကျပါနဲ့။

ဖျားနေတာကလည်း လက်ရှိလူအများစု ဖြစ်နေတာမလို့ ငါတစ်ယောက်တည်း မဟုတ်ဘူးလို့တွေးပါ။

မိမိကနေ သူများကိုမကူးရအောင်ရယ်၊ ကိုကိုယ်တိုင်ကလည်း ကျန်းမာအောင်ပြန်ကြိုးစားမယ်ဆိုတဲ့ စိတ်လေးကို မွေးပါ။

နီးစပ်ရာ Tele Consultant သို့မဟုတ် မိသားစုကို ကျန်းမာရေးပြဿနာတွေပြောပါ။ ရင်ဖွင့်ပါ။

အရေးကြီးဆုံးကတေ့

  • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
  • စာဖတ်ပါ။
  • သီချင်း နားထောင်ပါ။
  • ချစ်တဲ့သူတွေနဲ့ စကားပြောပါ။
  • အနုပညာတစ်ခုခု လုပ်ပါ။
  • လေကောင်းလေသန့်ရှူပါ။
  • အိပ်ရေးဝဝ အိပ်ပါ။
  • လက်ဆေးပါ။ Mask တပ်ပါ။
self care quote