တစ်ခါတစ်လေမှာ…….ကိုယ်ကစပြီး လူတွေကိုတောင်းပန်လိုက်ပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ လောကမှာ ကြောက်စရာအကောင်းဆုံးဟာလဲ လူတွေပဲ….ချစ်စရာ အကောင်းဆုံးကလဲ လူတွေပဲ… သူတို့ လိုအပ်တဲ့အချိန်နဲ့ မလိုအပ်တဲ့အချိန်လေးတော့ ကွာတာပေါ့…..
တစ်ခါတစ်လေမှာ….ကိုယ်ကစပြီး လူတွေကိုပြုံးပြလိုက်ပါ… သင့်ရဲ့ ဖော်ရွေစွာ ဆက်ဆံမူ့တွေကို မဲ့ပြုံး လောက်ဘဲ တုံ့ပြန်တယ်ဆိုရင်
နောက်တစ်ခါဆို ခပ်စိမ်းစိမ်းဘဲနေပါ… သူတို့ မလိုအပ်သေးတဲ့ အချိန်နဲ့ မလိုအပ်တော့တဲ့ အချိန်မှာ သူတို့အတွက် သင်ကဘာကောင်မှမဟုတ်လို့ပါ…
ငယ်ငယ်က လူကြီးတွေက ပြောတယ် ပန်းသီးစားချင်ရင် ပန်းသီးပင်ပေါ်ကမျောက်ကို ကျောက်ခဲနဲ့ပစ်ပါတဲ့ မျောက်က ပန်းသီးနဲ့ပြန်ပစ်ပါလိမ့်မယ်တဲ့…. ငယ်ငယ်ကတော့ အများနီးသူဘဲ ပုံပြင်ထဲကလူက တော်တော် ညဏ်ကောင်တယ်ပေါ့ တကယ်လဲ ညဏ်ကောင်းပါတယ်
ဒါပေမဲ့… တစ်ဖတ်ကပြန်ကြည့်ရင် ကျနော် တို့လူသား တော်တော် များများဟာ ကိုယ်ကသာ သူများကို မကောင်းတာတွေ ပေးချင်တာကိုယ်ကျတော့ အကောင်းဆုံး ကိုမှလိုချင်ကြတယ် ကိုယ်ကသာ သူများဘဝကို မကောင်းတဲ့ ကံတွေ ကျရောက်စေချင်တာ…ကိုယ်ကျတော့ ချက်ခြင်း သိန်းတစ်သောင်းခွဲဆုကြီး ထပေါက်ချင်ကြတယ်
လူလူခြင်း တိုက်ခိုက်လာကြတယ်၊ လူလူခြင်း စာနာစိတ်မဲ့လာတယ်၊ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ စိတ်တွေ ပပြောက်လာကြတယ် လူ တစ်ယောက်ရဲ့အားနည်းချက်ကို အခွန့်ရေးယူလာကြတယ်။ လူတစ်ယောက် အောင်မြင်လို့ ဝိုင်းတီးတဲ့ လက်ခုပ်တွေထက် လူတစ်ယောက် ကျရှုံး လို့ ဝိုင်းထိုးတဲ့ လက်ညိုးတွေ က များလာကြတယ်
ဘာပဲဖြစ်ဖြစ်… ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်ဘာနဲ့ ကိုယ့်ဘဝကိုယ် ကိုယ်ကိုယ်တိုင်ဘဲ ပြောင်းလဲနိင်တာပါ ၊ လက်ရှိနေရာကောင်းမှာမနေရလဲ စိတ်ကောင်းလေးတော့ထားပါ ကိုယ့်ခန္ဒာကိုယ် ကိုယ်မပိုင်ဘူး။ တစ်နေ့သေရမှာ မှန်ပေမဲ့ မသေခင်အချိန်မှာသင်လုပ်သမျှက သင့်ဘဝဖြစ်တည်ရာဆိုတာ မမေ့ပါနဲ့
ထို့ကြောင့်…………………..ကောင်းသော အလုပ်ကိုလုပ်ပါ ၊ မှန်သောစကား ကိုပြောပါ၊ အမှားနည်းအောင်နေပါ၊ ဘယ်သူကိုမှ မမုန်းပါနဲ့၊
”စိတ်ကောင်းလေးတော့ထားပါ”
