ဂေါ်ဖီထုပ်ဆိုတာ အသုပ်ထဲထည့်စားစား၊ အရွက်ကြော်ထဲပဲ ပါပါ၊ အိမ်တိုင်းလိုလို နေ့စဉ် စားသောက်ဝယ်ယူနေကျ သာမန်ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို သာမန်လို့ထင်ရတဲ့ ဂေါ်ဖီထုပ်လေးဟာ သင့်ရဲ့ အသားအရေကို ပိုမိုလှပကြည်လင်လာစေဖို့ ဖေးမကူညီပေးနိုင်တဲ့ သဘာဝရဲ့ အစွမ်းထက် အလှအပပစ္စည်းတစ်ခုဆိုတာကိုကော သိပြီးပြီလား။
ဂေါ်ဖီထုပ်မှာ ဘာတွေပါဝင်နေသလဲ?
ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) အပြင် အသားအရေလှပရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B6၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖောလိတ် (Folate) တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
ဂေါ်ဖီထုပ်က ပေးစွမ်းနိုင်တဲ့ အသားအရေ လှပမှု အကျိုးကျေးဇူးများ
၁။ ရောင်ရမ်းမှုများကို သက်သာစေခြင်း
ဂေါ်ဖီထုပ်တွင် ပါဝင်သော အမိုင်နိုအက်ဆစ်ဓာတ်များက အရေပြားရောင်ရမ်းခြင်း၊ နီမြန်းခြင်းနှင့် မအီမသာဖြစ်ခြင်းများကို ပြေလျော့စေပြီး သက်သာရာရစေပါသည်။
၂။ အသားအရေ ကြည်လင်၍ ဝက်ခြံအမာရွတ်များကို လျှော့ချပေးခြင်း
အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည့်အတွက် အရွယ်မတိုင်ခင် အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းမှ တားဆီးပေးကာ အသားအရောင် မညီညာခြင်းနှင့် ဝက်ခြံကြောင့် ကျန်ရစ်ခဲ့သော အမာရွတ်များကို လျင်မြန်စွာ သက်သာစေပါသည်။
၃။ အနာကျက်နှုန်းကို မြန်ဆန်စေခြင်း
သဘာဝ အနာကျက်အာနိသင် ပါဝင်သောကြောင့် အရေပြားပေါ်ရှိ ဝက်ခြံ အပါအဝင် အနာများကို လျင်မြန်စွာ အနာကျက်စေပြီး အရေပြားဆဲလ်များအတွက် လိုအပ်သော အာဟာရများကို ပြည့်ဝစွာ ဖြည့်တင်းပေးပါသည်။
၄။ ဆဲလ်များ အိုမင်းမှုကို တားဆီးပြီး အရွယ်တင်စေခြင်း
ဗီတာမင် C ကြွယ်ဝစွာ ပါဝင်သဖြင့် ဆဲလ်များ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေရုံမျှမက အသားအရေကို နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည် (UV) အန္တရာယ်မှ ကာကွယ်ပေးပါသည်။
၅။ သဘာဝ Natural Toner အဖြစ် အသုံးပြုနိုင်ခြင်း
မျက်နှာသစ်ပြီးချိန်တွင် ဂေါ်ဖီထုပ်မှ ရရှိသော အာဟာရများသည် ချွေးပေါက်အတွင်းမှ အညစ်အကြေးများကို စိမ့်ဝင်ဖယ်ရှားပေးပြီး အသားအရေကို တင်းရင်းလန်းဆန်းစေပါသည်။
၆။ ဝက်ခြံ၊ ဆားဝက်ခြံနှင့် အမည်းစက်များကို သက်သာစေခြင်း
ဂေါ်ဖီရွက်ကို အနှစ်ကြိတ်၍ မျက်နှာပေါ်တွင် ပေါင်းတင်/လိမ်းပေးခြင်း သို့မဟုတ် ပုံမှန် စားသုံးပေးခြင်းဖြင့် ဆားဝက်ခြံ၊ အမည်းစက်နှင့် အရေပြား ယားယံနီမြန်းခြင်းများကို သက်သာစေပါသည်။
၇။ အဆီပြန်ခြင်းကို ထိန်းညှိပေးခြင်း
ဂေါ်ဖီရွက်အနှစ်ထဲသို့ သံပုရာရည် အနည်းငယ် ရောစပ်၍ မျက်နှာပေါ်တွင် လိမ်းပေးကာ ခြောက်သွေ့ပါက ရေအေးဖြင့် ဆေးကြောပေးပါ။ တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါက မျက်နှာပေါ်မှ ပိုလျှံနေသော အဆီများကို ထိရောက်စွာ ထိန်းချုပ်ပေးပါသည်။
၈။ ခန္ဓာကိုယ်နှင့် အသားအရေကို ရေဓာတ်ပြည့်ဝစေခြင်း
ဂေါ်ဖီထုပ်တွင် ရေဓာတ် ၈၁% အထိ ပါဝင်သောကြောင့် ရေခဏခဏ သောက်ရန် ပျင်းသူများအတွက် အရေပြားဆဲလ်များ ရေဓာတ်ပြည့်ဝပြီး စိုပြည်စေရန် ကူညီပေးပါသည်။
💡 သတိပြုရန် အချက်များ –
-
ဂေါ်ဖီထုပ်ကို စားသုံးသည်ဖြစ်စေ၊ မျက်နှာတွင် သဘာဝပေါင်းတင်နည်းအဖြစ် လိမ်းပေးသည်ဖြစ်စေ အလွန်အကျွံ မပြုလုပ်ရန် လိုအပ်ပါသည်။
-
မျက်နှာတွင် လိမ်းပြီးနောက် စပ်ဖျင်းဖျင်းဖြစ်ခြင်း သို့မဟုတ် ယားယံလာပါက ရေအေးဖြင့် ချက်ချင်း ဆေးကြောပါ။
-
သဘာဝမှ ရရှိသော ပစ္စည်းဖြစ်သော်လည်း ပိုးသတ်ဆေးနှင့် သန့်ရှင်းရေး မစင်ကြယ်ပါက ဘေးထွက်ဆိုးကျိုး ရှိနိုင်သဖြင့် သေချာစွာ ဆေးကြောသန့်စင်ပြီးမှ သုံးစွဲ/စားသုံးပါ။
