vaccine_1

ld, Johnson & Johnson, Sinovac, Novavax တို့ကတော့ ရိုးရိုးအအေးခန်းနဲ့သယ်လို့ သိုလှောင်လို့ရပါတယ်။ ရုရှားဆေးဖြစ်တဲ့ Sputnik V ကလည်းအခြောက်ခံထားတဲ့အခြေအနေမှာ ရိုးရိုးအအေးခန်းနဲ့ သယ်လို့ရပါတယ်၊ အရည်ဆိုရင်တော့ ရေခဲမှတ်အောက် ၁၈.၅ ဒီဂရီစင်တီ

ဒီစာကို Corona Virus မျိုးကွဲတွေအကြောင်းနားလည်ပြီး ယထဘူတကျကျဘယ်ကာကွယ်ဆေးထိုးရမလဲကို စဥ်းစားဆင်ခြင်နိုင်အောင်ရေးရခြင်းဖြစ်ပါတယ်။

🧬 Variants ဆိုတာဘာလဲ။

ကိုရိုနာ Virus ဟာကူးစက်ပြီးသွားတဲ့လူတစ်ယောက်ရဲ့ကိုယ်ထဲမှာ ၁ဘီလီကျော်ခန့်ပွားတယ်ဆိုပါတယ်။ လူခုနှစ်ယောက်ဆိုရင်ဘဲ အဲ့ဒီလူခုနှစ်ယောက်မှာရှိတဲ့ ပိုးတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေအရေအတွက်နဲ့တူနေပါပြီ။ သဘာဝရဲ့ Evolution အတိုင်းပွားနေတဲ့ပိုးတွေဟာ တချိန်ချိန်မှာ မျိုးရိုးဗီဇပြောင်းသွားပါတယ်။ အင်္ဂလိပ်လို့ mutation ဖြစ်တယ်လို့ပြောပါတယ်။ ပြောင်းတဲ့အထဲမှာ လူတွေကိုဒုက္ခမပေးနိုင်ဘဲသေသွားတဲ့ပိုးတွေရှိသလို ကူးစက်အားလည်းကောင်းရောဂါလည်းပိုပြင်းထန်တဲ့ပိုးတွေလည်းထွက်လာတတ်ပါတယ်။ X-Men ရုပ်ရှင်ထဲက လူသာမန်မဟုတ်တဲ့ လူစွမ်းကောင်းတွေလိုပါဘဲ။ အဲ့လိုပြောင်းပြီးသိသိသာသာလူတွေအများကိုယ်စီမှာတွေ့ရတဲ့မျိုးကွဲတွေကို Variants လို့ခေါ်ပါတယ်။ WHO က Variants တွေကို သုံးမျိုးခွဲထားပါတယ်။

(1) VOI (Variant of Interest)

(2) VOC (Variant of Concern)

(3) Others ပါ။

⚠️ Variant of Interest (စောင့်ကြည့်ရမည့် မျိုးကွဲ)

ရောဂါကူးတဲ့လူတွေကို စစ်ဆေးပြီးရလာတဲ့ပိုးနမူနာတွေကို ဒြပ်ခွဲတဲ့အခါ မျိုးကွဲအသစ်တွေထွက်လာလားကြည့်ပါတယ်။ အသစ်လည်းဖြစ်တယ် လူအများစုမှာလည်းတွေတယ်ဆိုရင် VOI လို့သတ်မှတ်ပါတယ်။ လူတွေကို အရမ်းကူးပြီး ဆေးရုံတက်ရလောက်အောင်ရောဂါပြင်းထန်စေတဲ့မျိုးကွဲတွေကို VOC လို့ပြောင်းသတ်မှတ်ပါတယ်။

🆘 Variant of Concern (စိတ်ပူရမည့် မျိုးကွဲ)

အကျဥ်းပြောရရင် အရမ်းအကူးလွယ်တဲ့မျိုးကွဲတွေပါ။ ဘာလို့လဲဆို Virus ရဲ့ကိုယ်ပေါ်မှာရှိတဲ့ အချွန်လေးတွေက လူ့အဆုတ်ထဲက Cell တွေကိုချိတ်လို့ အရမ်းလွယ်လို့ပါ။ နောက်တစ်ချက်က လူတစ်ယောက်ကနေ တခြားနောက်တစ်ယောက်ကိုကူးလွယ်တယ်။ အဲ့ဒီတော့မြို့ရွာတိုင်းပြည်တစ်ပြည်လုံးကို ခဏလေးနဲ့ကူးပါတယ်။ VOC ကိုအောက်ပါအချက်များအရသုံးသပ်ပါတယ်

(1) အကူးနှုန်းမြန်တယ်၊

(2) ရောဂါပိုပြင်းထန်ပါတယ်၊

(3) အသေပျောက်များပါတယ်၊

(4) ကာကွယ်ဆေးထိုးထားလည်းကူးနိုင်တယ်၊

(5) Long COVID လို့ခေါ်တဲ့ပျောက်ပြီးတဲ့အခါမှာတောင် မကျန်းမမာဖြစ်ကျန်စေပါတယ်၊

(6) ဖြစ်ပြီးမကြာဘဲခဏခဏပြန်ကူးစေတတ်တယ်၊

(7) ကလေးတွေပါကူးနိုင်တယ် စသဖြင့်ရှိပါတယ်။

တခြားအချက်အလက်တွေရှိပေမယ့်ရှည်မှာစိုးလို့ထည့်မရေးတော့ပါဘူး။

အခုမြန်မာနိုင်ငံမှာတွေ့ရတယ်လို့ MRTV ကကြေညာထားတဲ့ Variant တွေအကြောင်းပြောပြချင်ပါတယ်။

🦠 Alpha Variant

ဒီမျိုးကွဲကို Sep-2020 မှာ UK မှာစတွေ့ပါတယ်။ VOC မှာပါပါတယ်။ ကြောက်ရပါတယ်။ ဒီမျိုးကွဲကို အမေရိကတိုက်နဲ့ ဥရောပတိုက်မှာ အများဆုံးတွေ့ရပါတယ်။ အမျိုးသမီးတွေမှာ ရောဂါပြင်းထန်ပြီး သေနှုန်းလည်းများတယ်ပြောပါတယ်။ ဒီမျိုးကွဲကူးသူများဟာ (၂၈)ရက်တွင်းသေဆုံးနှုန်း ၆၅% ရှိတယ်ဆိုပါတယ်။ (၄၀%)ကတော့ ဆေးရုံတက်ရဖို့များတယ်လို့ပြောပါတယ်။ မြန်မာပြည်လို ဆေးဝါး၊ စက်ပစ္စည်း၊ ပညာရှင် (Medical Facility) မပြည့်စုံတဲ့နေရာမျိုးနဲ့ ဆရာဝန်အရေအတွက်နည်းပါးတဲ့နေရာမှာတော့ ဆေးရုံတက်ရဖို့အခွင့်အရေးနဲ့ဆေးရုံးမှာ မှန်ကန်ထိရောက်တဲ့(Effective Treatment) ရဖို့ကမလွယ်တဲ့အတွက် ဆေးရုံတက်မယ့်အခြေအနေရောက်ရင်လည်း သေနိုင်တဲ့အခြေအနေလို့ပြောလို့ရပါတယ်။

🦠 Beta Variant

VOC ထဲပါပြီး တောင်အာဖရိကမှာ May-2020 ကစပြီး လျှင်မြန်စွာပြန့်ပွားခဲ့လို့အထိတ်တလန့်ဖြစ်ကြရပါတယ်။ Oxford-AstrZeneca ကာကွယ်ဆေးကဒီမျိုးကွဲကိုသိပ်မနိုင်ဘူးဆိုတာ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ Delta မျိုးကွဲကဒီမျိုးစိတ်ကိုကျော်ပြီး လူဦရေရဲ့ ၇၇.၆%ကူးစက်နေပြီဖြစ်လို့ Delta ကိုပိုအာရုံစိုက်နေကြပါပြီ။

🦠 Kappa Variant

ဒီမျိုးကွဲကတော့ VOI မှာဘဲပါလို့အရမ်းကြီး စိတ်ပူစရာမရှိဘူးလို့ပြောလို့ရပါတယ်။ အိန္ဒိယမှာအများဆုံးတွေ့ရပြီး မြန်မာနိုင်ငံမှာလည်း အခုတွေ့နေရပြီဖြစ်ပါတယ်။ ဒါပေမယ့် Delta မျိုးကွဲလောက်မပြင်းထန်တာတွေ့ရပါတယ်

🦠 Delta Variant 🚨🚨🚨

ဒီမျိုးကွဲကို India မှာစတွေပါတယ်။ VOC ပါဘဲ။ မြန်မာပြည်မှာလည်း အများဆုံးကူးနေတာ ဒီ Variant ဖြစ်မယ်လို့မှန်းရပါတယ်။ Alpha ထက် အဆ(၆၀%)ပိုပြီးကူးနိုင်ပါတယ်။ တခြားရောဂါလက္ခဏာတွေအပြင် နားကြားမှုအာရုံအနည်းငယ်ချို့ယွင်းသွားတာမျိုးကို အိန္ဒိယမှာတွေ့ရပါတယ်။ စကော့တလန်မှာ ဒီမျိုးကွဲကူးသူတွေဟာ ၁.၈ဆဆေးရုံတက်ရတာများပါတယ်။ တခြားမျိုးကွဲကူးပြီးရောဂါပျောက်ကင်းသွားရင်တောင် ဒီမျိုးကွဲဟာထပ်ပြီးကူးစက်နိုင်ပါတယ်။ အလွန်အန္တာရယ်များတဲ့မျိုးကွဲဖြစ်ပါတယ်။ အရှေ့တောင်အာရှိမှာလက်ရှိအချိန်မှာ အရမ်းပြန့်ပွားနေပြီ ဒီမျိုးကွဲကြောင့်လည်းအသေအပျောက်များနေပါတယ်။ အခုလောလောဆယ်မှာ Delta ကနေထပ်ကွဲထွက်လာတဲ့ Delta Plus ဆိုတာ အိန္ဒိယမှာစတွေ့နေရပေမယ့် WHO ကတော့ VOC ထဲမထည့်သေးပါဘူး။

မျိုးကွဲများအနှစ်ချုပ်

အနှစ်ချုပ်ကတော့ ကျွန်တော်တို့တကယ်ကြောက်ရမှာက Alpha နဲ့ Delta ပါဘဲ။ ဒါပေမယ့် ဘယ်မျိုးကွဲကဘယ်လောက်ပြန့်နေလဲဆိုတဲ့ အချက်အလက်ကတော့ မရှိသေးလို့အတိအကျမသိရပါ။ မြန်မာပြည်မှာအသေအပျောက်နှုန်းများနေတာ ဒီနှစ်ခုကြောင့်ပါ။

💉 ကာကွယ်ဆေးထိုးခြင်း

ကျွန်တော်တို့မြန်မာပြည်မှာ အခုအချိန် ကာကွယ်ဆေးထိုးပြီးတာ ၃.၃၆ သန်းရှိတယ်လို့ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရပြောရင်တော့ အရမ်းနည်းနေပါသေးတယ်။ ကာကွယ်ဆေးဘာ့ကြောင့်ထိုးရမှာလည်းဆိုရင် ဗိုင်းရပ်စ်ဟာ လျှပ်စစ်ဆိုရင် ကျွန်တော်တို့ဟာ ကြေးနန်းကြိုးဖြစ်ပြီး ကာကွယ်ဆေးဟာ ကြေးနန်းကြိုးကိုကာပေးတဲ့ ပလတ်စတစ်အခွံလေးပါ။ ကြေးနန်းကြိုးတွေကြားမှာ ပလတ်စတစ်လေးတွေကာထားရင် လျှစ်စစ်ဟာ တောက်လျှောက်မစီးနိုင်သလို လူတိုင်းကာကွယ်ဆေးထိုးထားရင် ဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးကိုမကူးနိုင်ပါဘူး။ ကွာရန်တင်းဝင်တာတွေလည်းလိုတာပေါ့နော်။မြန်မာပြည်အနေနဲ့ကံဆိုးတာက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ချိုင်းနား စတဲ့ ကမ္ဘာပေါ်မှာလူဦးရေ အထူထပ်ဆုံးနှစ်သုံးနိုင်ငံကြား ရောက်နေရောက်နေတာဖြစ်ပါတယ်။ ဒီသုံးနိုင်ပေါင်းလူဦးရေ (3,004 millions)ဟာ ကမ္ဘာလူဦးရေ(7,900 million) ရဲ့ ၃၈%၊ ၃ပုံ၁ပုံကျော်ပါတယ်။ ဒီနိုင်ငံတွေဟာ ကိုဗစ်မျိုးကွဲအသစ်အသစ်တွေ အဓိကမွေးထုတ်ပေးရာနေရာတွေ ဖြစ်နေပါတယ်။ ပြောရရင် မြန်မာပြည်ဟာ ကိုဗစ်အန္တရယ်တောထဲရောက်နေတာပါ။ အိန္ဒိယမှာမျိုးကွဲအသစ်ထွက်သလား ကျိန်းသေထဲမြန်မာပြည်ထဲရောက်ကိုရောက်တယ်။ ချိုင်းနား၊ ဘင်္ဂလားဒေ့ရှ်မှာထွက်လဲ ကျိန်းသေရောက်ပါတယ်။ တစ်နိုင်ငံလုံးကာကွယ်ဆေးထိုးပြီးမှသာလျှင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ချိုင်းနား၊ ထိုင်း၊ လာအို စတဲ့အိမ်နီးချင်းနိုင်ငံတွေက ရိုက်ခတ်လာတဲ့ ကိုဗစ်လှိုင်းတွေကို မြန်မာပြည်အတွင်းထဲထိဝင်မလာနိုင်အောင် ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အခုတတိယလှိုင်းဟာ အိန္ဒိယဘက်ကရိုက်ခတ်လာတယ်လို့ ယူဆရပါတယ်။ တတိယလှိုင်းပြီးရင်လည်း စတုတ္ထလှိုင်းအတွက်ကြိုတင်ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

မြန်မာပြည်မှာဘယ်ကာကွယ်ဆေးရွေးမလဲ

ကာကွယ်ဆေးတွေအများကြီးပါ။ ဒါပေမယ့်အဲ့ဒီဆေးတွေရနိုင်မရနိုင်ကပြောစရာဖြစ်လာပါတယ်။မြန်မာပြည်မှာရဖို့ဆိုရင် လုပ်ဖို့လိုအပ်လာတာက တင်သွင်းဖို့ပါ။ ဆေးတွေအားလုံးနီးပါးဟာ သာမန်ကာလျှံကာအိပ်ကပ်ထဲထည့်ပြီးသယ်လို့မရပါဘူး။ mRNA နည်းပညာနဲ့ထုတ်ထားတဲ့ဆေးတွေဖြစ်တဲ့ Pfizer-BioNTech နဲ့ Moderna ဆိုရင် အထူးနည်းပညာနဲ့ထုတ်ထားတဲ့အအေးခန်းထဲမှာ ရေခဲမှတ်အောက် ၈၀ ကနေ ၆၀ ဒီဂရီစင်တီဂရိတ် (-80 to -60C) နဲ့သယ်ရပါတယ်။ မြောက်နဲ့တောင်ဝင်ရိုးစွန်းတွေရဲ့အအေးဆုံးအပူချိန်ဟာ -70C ပါ။ ပြီးရင် ရေခဲမှတ်အောက် ၂၅ ကနေ ၁၅ ဒီဂရီစင်တီဂရိတ်လောက်ထိန်းပြီး ဆေးထိုးမယ်နေရာကိုပို့ရပါတယ်။ ဆေးမထိုးခင် ရေခဲမှတ်အောက် ၂ ကနေ ၈ ဒီဂရီစင်တီဂရိတ်ထိ အရင်အရည်ပျော်ခံပြီးကျဲသွားအောင် အရည်ရောပြီးဖျော်ရပါတယ်။ အဲ့ဒီတော့မှထိုးလို့ရပါတယ်။ အဲ့ဒါတွေကလူတစ်ဦးတစ်ယောက်အနေနဲ့ လုပ်လို့မရသလို ကုမ္ပဏီအကြီးကြီးတွေတောင် အမြတ်ကျန်အောင်လုပ်ဖို့မလွယ်ပါ။ အဲ့ဒီတော့ Pfizer-BioNTech နဲ့ Moderna မြန်မာပြည်မှာရဖို့ကနိုင်ငံတော်အဆင့်ကနေ ဝယ်ယူပြီးစီမံခန့်ခွဲမှရမှာပါ။ Oxford-AstraZeneca, CovidShield, Johnson & Johnson, Sinovac, Novavax တို့ကတော့ ရိုးရိုးအအေးခန်းနဲ့သယ်လို့ သိုလှောင်လို့ရပါတယ်။ ရုရှားဆေးဖြစ်တဲ့ Sputnik V ကလည်းအခြောက်ခံထားတဲ့အခြေအနေမှာ ရိုးရိုးအအေးခန်းနဲ့ သယ်လို့ရပါတယ်၊ အရည်ဆိုရင်တော့ ရေခဲမှတ်အောက် ၁၈.၅ ဒီဂရီစင်တီဂရိတ် နဲ့မှသယ်လို့ရပါတယ်။ Pfizer-BioNTech နဲ့ Moderna ရရင်တော့ကျွန်တော်လည်းထိုးချင်တာပေါ့။

ဒါပေမယ့် ယုတ္တိတန်အောင်စဥ်းစားမယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာပြည်မှာရှိနေတဲ့လူတွေအတွက် ရွေးချယ်စရာက ဒီဆေးတွေဘဲရှိပါ့မယ်။ အဲ့ဒီတွေထဲကမှ ထိုးမယ်ဆိုရင်တော့ စဥ်းစားရမှာကအခု ဒုက္ခအပေးဆုံး Alpha နဲ့ Delta မျိုးကွဲတွေကိုနိုင်တဲ့ဆေးဖြစ်ရမယ်။ ပြီးရင်အဲ့ဒီမျိုးကွဲတွေကနေထပ် မျိုးကွဲပြီးထွက်လာမယ့်မျိုးကွဲအသစ်တွေကို နိုင်မယ့်ဆေးဖြစ်ဖို့လိုပါမယ်။ ကာကွယ်နိုင်စွမ်းရေအချိန်ပိုကြာကြာခံတဲ့ဆေးဖြစ်ရပါမယ်။ အောက်မှာတော့ ကာကွယ်ဆေးတွေရဲ့ကာကွယ်နိုင်စွမ်းစွမ်းရည်အလိုက်စီထားပါတယ်။ ကျွန်တော်သာဆိုရင်တော့ Pfizer-BioNTech နဲ့ Moderna မရရင်တော့ Sputnik V ကိုဘဲရွေးပါမယ်၊ အဲ့တာမရရင်ကျန်တာ ရတာကိုအစဥ်လိုက်ရွေးပါမယ်။

(1) Sputnik V (91.5%),

(2) Novavax/Covavax (89.3%),

(3) Oxford-AstraZeneca/Covid Shield (82.4%),

(4) Johnson & Johnson (66.9%),

(5) Sinovac (50%)မှတ်ချက်။ ချိုင်းနားအစိုးရပိုင် Sinopharm နဲ့ အိန္ဒိယထုတ် COVAXIN ဆေးတွေကတော့ ဓာတ်ခွဲခန်းတွေ့ရဲ့စမ်းသပ်သုံးသပ်ချက်တွေ သေသေချာချာမရှိတာမို့ ထည့်မရေးထားပါ။

ရေးသူ။ မောင်မိုက်

ကိုးကား။https://www.who.int/…/act…/tracking-SARS-CoV-2-variants/https://www.nejm.org/doi/full/10.1056/NEJMoa2108891https://www.cidrap.umn.edu/…/death-rate-64-higher-b117…https://myacare.com/blog/comparison-of-covid-19-vaccines