၁။ Oxygen Myanmar
https://oxygen.neptunemm.com
ဒီ Website က အောက်ဆီဂျင် ရနိုင်တဲ့နေရာတွေကို Website ထဲမှာ စုထားပေးတာပါ။ အချိန်နဲ့အမျှ သိရသမျှလည်း ဖြည့်ပေးပါတယ်။ ကိုယ်သိတဲ့ အောက်ဆီဂျင် ရရှိနိုင်တဲ့ နေရာတွေရှိရင်လည်း ကူညီဖြည့်သွင်းပေးနိုင်ပါတယ်။
၂။ Oxygen Tracker MM Telegram channel
https://t.me/OxygenMM
အောက်ဆီဂျင် ရနိုင်မဲ့နေရာတွေကို နေ့စဉ် ဝေမျှပေးလို့ရတဲ့ တယ်လီဂရမ်ချန်နယ်ပါ။ အောက်ဆီဂျင်လိုအပ်တာရှိရင်လည်း အဖွဲ့ဝင်အချင်းချင်း အကူအညီတောင်းလို့ရနိုင်ပါတယ်။
၃။ Get O2 MM
Website: https://geto2mm.org/
Facebook: https://facebook.com/geto2mm
နေ့စဉ် အောက်ဆီဂျင်ရနိုင်မဲ့နေရာတွေကို လွယ်တကူ သိရှိနိုင်ရန် Volunteer အင်အားနဲ့ ကူညီပေးနေပါတယ်။ အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက် မှန်မှန်ပေးပို့နိုင်ဖို့အတွက် လူငယ် Volunteer အင်အား အများအပြားနဲ့ အခမဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။
