It’s skin care time!!! 🤩
ဒီတစ်ပတ်တော့ Irene ရဲ့ Page မှာ အမေးများနေတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့
⁃ တင်းတိပ်တွေထွက်နေတယ်
⁃ ဝက်ခြံအမာရွတ်တွေရှိနေတယ်
⁃ အဆီဖုတွေ ဖြစ်နေတယ်
⁃ အမဲစက်တွေကြောင့် စိတ်ညစ်နေရတယ်
ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အကုန်အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ…. 🥰
ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ 🤗
ပါဝင်ပစ္စည်းက အာလူးတစ်မျိုးတည်းလား ? 🤔
Yes – အာလူးတစ်မျိုးတည်းပါပဲ 👆
ဒါပေမယ့်လည်း ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ 😍
Irene က ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင် 🤫
ပြုလုပ်ပုံ
__________
🔸အာလူးကို ရေစင်အောင်ဆေးပါ
🔸အခွံနွှာပါ
🔸သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ (Irene ကတော့ ရေပူနဲ့ ဆေးပါတယ် မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်)
🔸အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ်သွေးပါ
🔸ပြီးရင် အာလူးကိုယူပြီး မျက်နှာပေါ်လိမ်းပေးပါ
🔸အရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ
(သွေးထားတဲ့ အရည်ကို မလိမ်းပါဘူးနော်… သွေးထားတဲ့ အာလူးကို ကိုင်ပြီးလိမ်းတာပါ)
ဘာကြောင့် သွေးပေးတာလဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့် 🥰
🔸လိမ်းပြီးပြီဆိုရင် လုံးဝခြောက်ပြီး တင်းလာတဲ့အထိ မိနစ် ၂၀ ခန့်ထားပေးပါ
🔸ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ရပါပြီ 🤗
ဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ်အရမ်းများနေတဲ့သူများ၊ အမှန်တကယ် လိမ်းဖို့လိုအပ်နေတဲ့သူများနေ့တိုင်း လိမ်းပေးလို့ရပါတယ်နော် 😍😍😍
ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ်
တစ်ချို့က မသိဘူး
တစ်ချို့ကလည်း သိရက်နဲ့ မလုပ်ဘူး
Why? 🤔
ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက်ဆိုတာ မရှိပါဘူးနော်…. စိတ်ရှည်ရှည်လုပ်မှ result တစ်ခုကို ရတာပါနော်
Irene ရဲ့ ဒီတစ်ပတ် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်
Irene ကိုယ်တိုင်က အားလုံးကို လှစေချင်လို့ မေတ္တာဖြင့် sharing လုပ်ပေးခြင်းဖြစ်တာကြောင့်
ဒီနည်းလေးကို မသိသေးတဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း ထပ်ပြီး share ပေးလိုက်ကြဦးနော် 😍😍😍
credit-Let Me Share-‌Irene Pretty