ကျောက်ကပ်ကျောက်

ကျောက်ကပ်ကျောက်ကတော့ ကယ်လ်ဆီယမ်(Calcium)၊ အောက်ဇားလိတ်(Oxalate)၊ ယူရစ်အက်စစ်(Uric Acid) ပုံဆောင်ခဲတွေကြောင့် ဖြစ်လာတာပါ။သည်းခြေကျောက်က မာကြောပြီးခဲနေတဲ့ ကိုလက်စထရော (Cholesterol) အနှစ်တွေနဲ့ သည်းခြေမှာ ပုံနေတဲ့ရောင်ခြယ်ပစ္စည်းအနယ်တွေကြောင့် ဖြစ်လာတာပါ။

ကျောက်ကပ်ကျောက် တည်နိုင်ချေရှိသူများ

အလှုပ်အရှားနည်းသူတွေ၊ရေသောက်နည်းသူတွေ၊အသက် ၄၀ ကျော် အမျိုးသားတွေက အဖြစ်များပါတယ်။

သည်းခြေကျောက် တည်နိုင်ချေရှိသူများ

အဝလွန်သူတွေ၊အသက် ၄၀ ကျော် အမျိုးသမီးတွေ၊ဆီးချိုရောဂါသည်တွေ၊ရုတ်တရက်ကိုယ်အလေးချိန်လျှော့လိုက်သူတွေက သည်းခြေကျောက်တည်တာ အဖြစ်များပါတယ်။

ကျောက်ကပ်ကျောက် လက္ခဏာများ

ကျောက်ကပ်ကျောက်တည်ရင် ဖြစ်နိုင်မယ့်ရောဂါလက္ခဏာတွေက အစပိုင်းမှာ မသိသာပေမဲ့ ခါးနားတစ်ဝိုက်၊ ကျောဘက်အခြမ်း ကိုက်တာ၊ အောင့်တာကနေ စတတ်ပါတယ်။

သည်းခြေကျောက် လက္ခဏာများ

သည်းခြေကျောက်က အစောပိုင်းမှာ လက္ခဏာမပြတတ်ဘဲ သည်းခြေကျောက်ကြောင့် နာတဲ့အနာက ညာဘက်အပေါ်ပိုင်း ဗိုက်အခြမ်းမှာ နာပါတယ်။

ကျောက်ကပ်ကျောက်မတည်အောင် ဘယ်လိုနေထိုင်ရမလဲ

ရေများများသောက်ရပါမယ်။ကယ်လ်ဆီယမ်ဓာတ်ပါတဲ့ ကွမ်းစားတာ ရှောင်ရပါမယ်။ဆီးကို ပုံမှန်ပေါက်ရပါမယ်။ ဆီးအောင့်ထားတာမျိုး ရှောင်သင့်ပါတယ်။

သည်းခြေကျောက်မတည်အောင် ဘယ်လို နေထိုင်ရမလဲ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓာတ်မျှတတဲ့အစားအစာ စားခြင်းက သည်းခြေကျောက်မတည်အောင် ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။
အဆီများတဲ့ အစားအစာ လျှော့စားရပါမယ်။ကိုယ်အလေးချိန် ချမယ်ဆို ဖြည်းဖြည်းနဲ့ နည်းမှန်လမ်းမှန်ချရပါမယ်။အစာမစားပဲ မနေပါနဲ့။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ကျောက်တည်တာတွေ ကင်းဝေးပြီး အသက်ရှည် အနာကင်းကြပါစေ။
.
Credit. ကျန်းကျန်းမာမာ