ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေဓာတ် ၇၀ ရာနှုန်းနဲ့ ဖွဲ့စည်းထားတယ်။ water ကို ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး အတွက် secret weapon လျှို့ဝှက် လက်နက်လို့တောင် ခေါ်ဝေါ် သုံးစွဲလို့ ရပါတယ်။ ရေက ကျွန်တော်တို့ကို ကျန်းမာအောင် နဲ့ immunity တက်အောင် ဘယ်လို ကူညီနေလဲ?

❣️Energy ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အဟာရ ဓာတ်သတ္တု ပစ္စည်း များကို လိုအပ်တဲ့နေရာ ပို့ဆောင်ရမှာ အဓိက ကျတယ်။ အထူးသဖြင့် ရေဓာတ်ခန်းခြောက်ရင် ပိုပြီးလက္ခဏာ တွေ ပြတယ်။ နုန်းတာ၊ ပျို့ချင် အန်ချင်သလိုဖြစ်တာ၊ရေငတ်တာ။ ရေဓာတ် နည်းရင် ဖိစီးမူ့များတဲ့ ဟိုမုန်း (cortisol ) တွေ ထွက်စေလို့ ကိုယ်ခံအားကျစေပါတယ်။

❣️Heart ရေဓာတ်လျော့နည်းရင် သွေးပြစ်၊ သွေးပမာဏလျော့နည်းသွားတဲ့အတွက် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ သွေးပမာဏ နှလုံးက ညှစ်မပို့နိုင်ပါဘူး။ နှလုံးကျန်းမာရေး အတွက် လုံလုံလောက်လောက် ရေဓာတ်ရှိဖို့ လိုအပ်ပါတယ်။

❣️Weight ရေက zero calories weight ဝိတ် ထိန်းဖို့ အကောင်းဆုံး အစားအစာပါ။ ရေကို လုံလောက်စွာ သောက်ထားရင် အစာခံ တင်းတိမ်တယ်။ ပိုလျှံနေတဲ့ calories တွေ လောင်ကျွမ်းစေဖို့ ကိုယ်အလေးချိန်ထိန်းဖို့ အကောင်းဆုံးက ရေများများ သောက်တာပါ။

❣️Cleansing the body ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေက ထွက်လာတဲ့ အညစ်အကြေးတွေ အဆိပ်အတောက် toxin တွေရော ဥပမာ ( urea, CO2) တွေကို သယ်ဆောင် စွန့်ပစ်ပေးပါတယ်။ ချွေးအနေနဲ့ ၊ အသက်ရှူထုတ်ရင်း နဲ့ ဆီးအနေနဲ့ စွန့်ထုတ်တာရော။ ဒီလို ဆောင်ရွက်ရာမှာ ရေက အရေးပါပါတယ်။

❣️Mental health ရေဓာတ်က ဦးနှောက်ရဲ့ လုပ်ဆောင်မူ့တွေကို ပိုကောင်းစေတယ်။ စိတ်ကို လန်းဆန်းစေတယ် mood ပိုကောင်းစေတယ်ဆိုပါတယ်။ တချို့ စိတ်ကျန်းမာရေး သုသေသန တွေအရဆို စိတ်ဓာတ်ကျတာတောင် သက်သာစေတယ်ဆိုပါတယ်။

❣️ဒီလို ကိုဗစ်ပြန့်နှံ့နေတဲ့ အချိန်မှာလဲ တကိုယ်ရည် ကျန်းမာရေးအတွက် ရေကိုလုံလုံလောက်လောက် သောက်ဖို့ တိုက်တွန်းထားပါတယ်။ ရေရယ် herbal tea ( လက်ဖက်ရည်) ၊ အရည်ရွှမ်းတဲ့ အသီး၊ သစ်သီးဖျော်ရည်တွေသောက်ဖို့နဲ့ ကော်ဖီ အရက် ရှောင်ကြဉ်ဖို့ပါ။

❣️ရေတစ်နေ့ကို အမျိုးသားတွေ အတွက် ၃.၇ လီတာ နဲ့ အမျိုးသမီးတွေ အတွက် ၂.၇ လီတာ လောက် သောက်သင့်တယ်လို့ ဆိုပါတယ်။ အကြမ်းဖျဉ်း ၂ လီတာ အထက် သောက်လျင် အဆင်ပြေပါတယ်။ ပြင်ပ အပူချိန် ချွေးထွက်များတာ ချိန်ဆ သောက်ဖို့ လိုပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ၄ လီတာမှ ၆ လီတာ အထက် မသောက်သင့်ပါ။

❣️ရေရဲ့ တခြား အကျိုးကျေးဇူးများစွာကျန်ရှိပါသေးတယ်။ ဥပမာ ဝမ်းမချုပ်အောင်၊ ဆီးလမ်းကြောင်း ကျောက်မတည်အောင်၊ ကိုယ်အပူချိန် ထိန်းညှိပေးတာ စသဖြင့်ပါ။ 🍸စာကြွင်း ။ နှလုံးညှစ်အားနည်း၊ နာတာရှည် ကျောက်ကပ် ၊အသည်းဝေဒနာရှင်များက​တော့ သောက်သုံးရမယ့် ရေပမာဏကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာ ကိုဗစ်နဲ့ ကင်းဝေးကြပါစေ။

 Credit;ဒေါက်တာ သက်ဟိန်း