ဒီနေ့ ကျွန်တော်တင်ပြမဲ့ အကြောင်းအရာလေးက ခွေးလေးတွေ ၊ကြောင်လေးတွေ ၊ရုတ်တစ်ရက် ဝမ်းလျှောတာတို့ ဝမ်းပျက်တာတို့ဖြစ်ရင် အလွယ်တကူ အသုံးပြုနိုင်မဲ့ ဆေးလေးတွေဖြစ်ပါတယ် ။
Petme -Lyte
အလွယ်တစ်ကူပြောကြရင် ခွေးဓာတ်ဆားပေါ့ ။
သူ့ကဝမ်းပျော့နေတဲ့ ကလေးတွေ ဝမ်းလျှောနေတဲ့ ခွေးလေးတွေအတွက် အရမ်းသင့်တော်တဲ့ ဆေးပါ ။ အသဲ အရသာနှင့်ထုတ်လုပ်ထားပြီး သူ့မှာ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့
Glucose
Sodium
Potassium
Vitamin B (1,2,6,12)
Taurine
Lysime အပြင် Prebioticလို့ခေါ်တဲ့ အူနံရံမှာရှိတဲ့ အစာခြေအမျှင်လေးတွေ အလုပ်ပိုလုပ်လာနိုင်လုပ်ပေးတဲ့ ပစ္စည်းတွေလည်းပါဝင်ပါသေးတယ် ။
ဒါကြောင့်မို့ ရေဓာတ်ခမ်းခြောက်နေတဲ့ ကလေးတွေ ၊ ခရီးပန်းနေတဲ့ကလေးတွေ ၊နေမကောင်းဖြစ်ပြီး နလံမထူနိုင်တဲ့ကလေးတွေ အစာစားချင်စိတ်မရှိတဲ့ ကလေးတွေအတွက်ပါသုံးနိုင်ပါတယ် ။ သူရဲ့အားသာချက်က ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ electrolye, amino acid နှင့် vitaminတွေပါဝင်တာကြောင့် ကလေးတွေကို သယ်ယူပို့ဆောင်တဲ့ အချိန်မျိုးမှာတိုက်ပေးရင် စိတ်ဖီစီးမူ ဒဏ်ကိုလျော့ကျစေနိုင်ပါတယ် ။
ဆေးအညွှန်းအနေနှင့်
ခန္ဓာကိုယ် အလေးချိန် ၅ – ၁၀ ကီလိုရှိရင် တစ်နေ့ ၂ ထုတ်
ခန္ဓာကိုယ်အလေးချိန် ၁၀ – ၃၀ ကီလိုရှိရင် တစ်မေ့ ၂ထုတ်မှ ၄ထုတ်အထိ ခွေးလေးတွေမှာ တိုက်လို့ရပါတယ် ။
ကြောင်လေးတွေမှာတော့ တစ်နေ့ တစ်ထုတ်နှုန်း တိုက်ရပါမယ် ။
ဆေးဖျော်ရန်အညွှန်း
ဆေးတစ်ထုတ်ကို ရေ ၂၀၀ စီစီ နှင့်ဖျော်ပါ ။
အကောင်းဆုံးကတော့ ဖျော်ပြီးရင် ၂၄ နာရီနောက်ပိုင်းထပ်မတိုက်ပါပဲ ။ အရည်တိုက်ရတာ အခက်အခဲရှိရင် အစာထဲထည့်ကျွေးလို့ရပါသေးတယ် ။
Guardizen
ဒါကတော့ ကျွန်တော်ပြောနေကျ Probioticဆိုတာပါပဲ ။ Probiotic ကိုအလွယ်ပြောရင် ကောင်းကျိုးပြုတဲ့ ပိုးတွေလို့ပြောရမှာပါပဲ ။
ဝမ်းလျှောတယ်ဆိုတာ ခန္ဓာကိုယ် ထဲမှာ Pathogenic bacteria လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ ပိုးတွေရှိနေလို့ ဆိုပြီးယေဘူယပြောလို့ရပါတယ် ။
တစ်ခါတစ်ရံ ပိုးသတ်ဆေးတွေ အကြာကြီးသုံးစွဲမိရင်လည်း ပိုးသတ်ဆေးတွေက ခန္ဓာကိုယ်ထဲက ကောင်းတဲ့ပိုးရော မကောင်းတဲ့ပိုးပါ သတ်ပြစ်လိုက်တာမို့လို့ ဝမ်းလျှောတတ်ပါတယ် ။
ဒီ Probioticကို တိုက်ရတဲ့ ရည်ရွယ်ချက်က ဥပမာ ၊ ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ပိုးတွေများများရှိနေရင် ဝမ်းလျှောမယ် ၊ဒါကြောင့် မကောင်းတာတွေမရှိရအောင် သူတို့နေရာမှာ ကောင်းကျိုးပေးတဲ့ ပိုးတွေထည့်ပေးလိုက်တဲ့သဘောပါ ။
Probiotic တွေထည့်ပေးလိုက်တဲ့အခါ အစာချေရတာပိုလွယ်မယ် ၊စားသမျှအဟာရကို စုပ်ယူနိုင်တယ် ဒါကြောင့် ခန္ဓာကိုယ် ခုခံအား စနစ်လည်းပိုပြီးမြင့်လာပါတယ် ။
ထူးခြားချက်က Guardizen မှာပါတဲ့ဟာကို Pet meမှာ မပါဘူး ၊ ဒါကြောင့် Guardizian ရော pet meကိုပါ တိုက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ ။
ဆေးအညွှန်းအနေနှင့်
တစ်နေ့ တစ်ကောင် တစ်ထုပ်ပါ ။
အကောင်ကြီးလို့ တိုးတိုက်စရာမလိုအပ်ပါ ။
ဖျော်စပ်ရန်အညွှန်းမရေးထားပါ အဆင်ပြေသလို ရည်ဖျော်၍ဖြစ်ဖြစ် အမှုန့်လိုက်လျက်ခိုင်းတာဖြစ်ဖြစ် တိုက်ကျွေးလို့ရပာတယ် ။ခွေးလေးတွေ တော်တော်များများလည်းကြိုက်ကြပါတယ် ။
Biolac
အထူးညွှန်းစရာမလိုပါဘူး သူကလည်း Guardizianလိုပဲ Probioticအမျိုးအစားပါ ။ သူရဲ့အားသာချက်က ဈေးသက်သာတယ် ၊ရေထဲမှာအလွယ်တစ်ကူ ပျော်ဝင်နိုင်တယ် ။ စာရေးသူအနေနှင့် Guardizen နှင့် Biolac နှစ်ခုထဲ တစ်ခုရွေးရမယ်ဆိုရင် Biolac ကိုရွေးမှာပါ ။ကုသတဲ့နေရာမှာ ပိုပြီးထိရောက်မူရှိတယ် ။ ပုံမှန် ဝမ်းအနေအထားရောက်တာ ပိုမြန်လို့ပါပဲ ။ Guarizian က ရေနှင့်ဖျော်တဲ့အခါ အနည်ကျပြီး ရေနှင့်တစ်သားတည်းမဖြစ်သွားပါ ။
ဆေးအညွှန်း
တစ်ထုတ်မှာ ၁၀ gramပါပါတယ် ။
ရေသန့် တစ်လီတာ တစ်ဘူးကို ၁၅ ဂရမ် နှုန်းနှင့်ဖျော်ပါ ။
ဆေး ၁ ဂရမ်ကို ခန္ဓာကိုယ် အလေးချိန် ၇- ၁၀ ဂရမ်နှုန်းဖြင့် တိုက်ကျွေးနိုင်ပါတယ် ။

credit-ဒေါက်တာဇီဝက