Surveying အကြောင်းလေးပြောရအောင်အခုခေတ်မှာ အသုံးများနေတဲ့Total station အကြောင်းလေးပေါ့Total station မှာ distance တိုင်းတာတာကEDM လို့ခေါ်တဲ့ Electronic Distance MeasuringMethod နဲ့ပါ။အဲဒါက ဘယ်လို အလုပ်လုပ်လဲဆိုတော့……….


Instrument က နေ laser အလင်းကို ထုတ်လွင့်ပေးတယ်ပြီးရင် prism ထိပြီး ပြန်လာတဲ့အလင်း reflect light ရဲ့Sensor ဆီရောက်ပြန်ရောက်တဲ့ အချိန်နဲ့ တွက်ချက်တာပါ။Distance = Velocity × Timeအလင်းရဲ့ velocity က constant ဆိုတော့ကြာချိန်ကို တိုင်းတာပြီး တွက်ချက်တာပေါ့။အဲဒီမှာ prism ရဲ့ အခန်းကဏ္ဍ ကအရေးကြီးပါတယ်။

Prism တွေဟာ reflector တွေဖြစ်ပြီးတော့မည်သည့်အရပ်က လာတဲ့ အလင်းကိုမဆိုPrism ရဲ့ ဧရိယာထဲ ရောက်တာနဲ့ တူညီတဲ့ directionအတိုင်း ပြန်လည်ထုတ်လွတ်ပေးပါတယ်။Total station နဲ့ တွဲဖက်အသုံးပြုတဲ့ prism တွေမှာprism constant တွေရှိကြပါတယ်။

အများသောအားဖြင့် -30mm offsets တွေဖြစ်ကြပြီး -17-5mm,-30mm, -34.4mm,-40mm စသည်တို့ပါကြပါတယ်။mini prism တွေမှာဆိုရင် -17.5mm ရှိတာများပါတယ်။ဒါကြောင့် instrument မှာ prism constant တန်ဖိုး သေချာပေးဖို့လိုပါတယ်။

Prism Constant (offsets) ဆိုတာကPrismရဲ့ ထောင်တိုင် axis နဲ့ focus တို့ အကွာအဝေးပါ။EDM က focus နဲ့ Instrument ရဲ့အကွာအဝေးကိုပဲတိုင်းတာပေးတာဖြစ်လို့ Prism Constant တန်ဖိုး ပေါင်းနုတ်ပေးဖို့ လိုပါတယ်။Prism ကို ပြောင်းပြန်ထားရင် prism constantတန်ဖိုး 0 mm ဖြစ်ပါတယ်။

Prism မပါပဲ Non-Prism method နဲ့လဲ တိုင်းတာလို့ရပါတယ်။ Non prism ကတော့ instrument ကလွတ်ပေးလိုက်တဲ့ laser ရဲ့ အရာဝတ္ထုတစ်ခုနဲ့ထိ​ပြီး colour ပြောင်းသွားတဲ့ အချိန်နဲ့တွက်ထုတ်တာပါ။100 m အတွင်းမှာပဲ အသုံးပြုလို့ အဆင်ပြေပါတယ်။Error တွေရှိတတ်လို့ အများအားဖြင့် အသုံးပြုလို့ အဆင်မပြေပါဘူး။ အကွာအဝေး အကြမ်းဖျင်း အမြန်သိချင်တာမျိုးမှာပဲ သုံးပါတယ်။

Credit;