အချိန်ကိုအကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ

“တစ်နေ့တစ်နေ့ အချိန်တွေသာ ကုန်သွားတယ်။ ဘာအလုပ်မှလည်း မပြီးဘူး။”လို့ များသင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ငြီးငြူဖူးပါသလား။

“ဟုတ်ကဲ့”လို့စိတ်ထဲကများ ဖြေလိုက်တယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ဝန်မလေးပါနဲ့တော့။

ကုန်သွားတဲ့အချိန်တွေကို ပြန်လိုချင်လို့ မရသလို အလုပ်မပြီးလို့လည်း အချိန်ကို ရပ်ထားလိုက်လို့မရပါဘူး။ အချိန်ကုန်သွားတာနဲ့အမျှအလုပ်တွေ ပြီးမြောက် သွားဖို့ က ပိုပြီးအရေးကြီးပါတယ်။

ဒီလိုအချိန်ကုန်တာနဲ့အမျှ အလုပ်တွေပြီးမြောက်ဖို့အတွက်ဆိုရင်တော့…

၁။ ရှင်းလင်းပါ
သင့်ရဲ့အလုပ်စားပွဲ၊ အံဆွဲ၊ email inbox စတာတွေကို အစီအစဉ်တကျ၊နေရာတကျဖြစ်နေအောင် ရှင်းလင်းထားပါ။ ဖတ်ကြည့်လိုက်ရင်တော့ မခက်ပေမယ့် တကယ်လိုက်နာပြီး လိုက်လုပ်ဖို့လည်း မလွယ်ကူလှပါဘူး။ အခုကစပြီး ရှုပ်နေတာလေးတွေကိုအရင်စရှင်းလိုက်တော့နော်။

၂။ အစီအစဉ်ဆွဲပါ
သင့်ရဲ့တစ်နေ့တာ ၊ တစ်ပတ်တာ ၊ တစ်လတာလုပ်မယ့်အကြောင်းအရာ၊အလုပ်ကိစ္စတွေကို ကြိုတင်အစီအစဉ်ဆွဲပြီးြ ပင်ဆင်ထားပါ။ အစီအစဉ်ဆွဲလည်း လုပ်ဖြစ်တာမှမဟုတ်တာဆိုပြီး အစီအစဉ် မဆွဲထားတာထက် ကြိုတင် အစီအစဉ်ဆွဲထားခြင်းက သင့်ကိုထူးခြားတဲ့ အကျိူးရလဒ်တွေကို ရရှိစေပါတယ်။

အစီအစဉ်ဆွဲရာမှာလည်း အရေးကြီးခြင်းနဲ့ အလျင်လိုခြင်းဆိုတဲ့ အကြောင်းအရာ(၂)ခုပေါ် မူတည်ပြီးစဉ်းစားတတ်ဖို့ အရေးကြီးပါတယ်။ ပိုပြီးရှင်းလင်းသွားအောင်အောက်ဖော်ပြပါဇယားလေးအတိုင်း အစီအစဉ်ဆွဲကြည့်ခြင်းအားဖြင့် ဘယ်အလုပ်က အရေးကြီးတယ်၊ဘယ်အလုပ်က အလျင်လိုတယ်ဆိုတာကို မြင်သာစေပြီး အရေးကြီးပြီး အလျင်လိုတာကို အရင်ပြီးအောင်လုပ်ပြီး အရေးမကြီး၊ အလျင်မလိုတာတွေကို နောက်မှလုပ်ဆောင်လို့ရပါတယ်။
အခုလို လုပ်ဆောင်ခြင်းအားဖြင့် မည်သည့်အလုပ်ကိုပထမဦးစားပေး အနေနဲ့ လုပ်ဆောင်သင့်ပြီး မည်သည့်အလုပ်ကို နောက်ဆုံးမှလုပ်ဆောင်သင့်တယ်ဆိုတာကိုလည်း ရှင်းလင်းမြင်သာစေနိုင်ပါတယ်။

၃။ အာရုံစိုက်ပါ
အလုပ် ၂ ခု၊ ၃ ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခြင်းသည်ကောင်းသော်ငြားလည်း အထက်ဖော်ပြပါ ဇယားထဲမှာ အစီအစဉ်ချထားသည့်အတိုင်း အရေးကြီးပြီး အလျင်လိုသော အလုပ်ကိစ္စများကိုသာ အာရုံစိုက်ခြင်းက ပိုမိုများပြားပြီး ကြီးမားသောအလုပ်များကိုပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ထို့ကြောင့် အရေးကြီးပြီး အလျင်လိုသောအလုပ်ကိစ္စများကိုသာ အာရုံစိုက်ပြီး လုပ်ဆောင်ပါ။

၄။ အချိန်မဆွဲပါနဲ့
လူတော်တော်များများသည်လွယ်ကူသောအလုပ်များကိုသာ ပထမဦးစားပေးလုပ်ဆောင်တတ်ကြပြီး ခက်ခဲသောကိစ္စရပ်များကို မနက်ဖြန်မှလုပ်မည်၊ သန်ဘက်ခါမှလုပ်မည်ဟုဆို ကာ အချိန်ဆွဲတတ်ကြ ပါသည်။ အမှန် အားဖြင့် ခက်ခဲသော ကိစ္စရပ်များကိုအလျှင်လုပ် ဆောင်သင့်ပါတယ်။ ဒီလိုခက်ခဲတဲ့ကိစ္စတွေလုပ် ဆောင်ပြီးတိုင်း“ငါလုပ်နိုင်တယ်”“ငါလုပ်နိုင်ခဲ့ပါလား”ဟူ၍ မိမိကိုယ်ကိုယ်ယုံကြည်မှုကိုပါ တစ်ပါတည်း တိုးမြှင့်ပြီးသားဖြစ်စေနိုင်တဲ့အတွက် နောက်ပိုင်းတွင် ပိုမိုခက်ခဲသော အလုပ်ကိစ္စများကိုလည်း အချိန်တိုအတွင်းပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံသာမက လွယ်ကူသောကိစ္စရပ်များကိုလည်း ပိုမိုစိတ်လက်ပေါ့ပါး တက်ကြွစွာလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

၅။ လေ့ကျင့်ပျိူးထောင်ပါ
ပန်းကလေးများ စိုစိုပြည်ပြည်နဲ့ ပွင့်လန်းလှပစေနိုင်ဖို့ဥယျာဉ်မှူးများမှ အရိပ်တ ကြည့်ကြည့်နဲ့ ပြုစုပျိူးထောင်ရသကဲ့သို့ အထက်တွင် ဖော်ပြခဲ့သော ကောင်းမွန်သော အမူအကျင့်များမိမိတွင်ြ ဖစ်ပေါ်လာစေရန်အတွက်လည်း တစ်နေ့မပြတ် လေ့ကျင့်ပြီး ပြုစုပျိူးထောင်နေသင့်ပါသည်။သင်မနက်စာစားဖို့ အကြောင်းပြချက်မလိုသကဲ့သို့ ကောင်းမွန်သော အမူအကျင့်များ လေ့ကျင့်ပျိူးထောင်ရန်အတွက်လည်း အကြောင်းပြချက်မလိုပါ။