ကျနော်တို ဒီကာလမှာ မျက်လုံးနဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတွေနဲ့ မိုးလင်းကနေ မိုးချုပ်အထိ ထိတွေ့နေရတဲ့အခါမျက်လုံး ညောင်းတာတွေ၊ မျက်လုံးအောင့်တာတွေ၊ မျက်စိ ကျိန်းတာတွေ၊ အမြင်မကြည်တာ ဘာညာ ဖြစ်တတ်ပါတယ်။
ဆိုတော့ ကျနော်တို မျက်လုံး ကို သေချာဂရုစိုက်ဖိုလိုပါတယ်။ အထူးသဖြင့် ကျနော့်လို Nautical Science major ယူထားတဲ့ ညီအစ်ကိုတွေဆို ပိုဂရုစိုက်ဖိုလိုပါတယ်ဗျ။
ဘယ်လို ဂရုစိုက်ကြမလဲ?
🔸ပထမဆုံး ကျနော်တို ဖုန်းကြည့်တာ ၁ နာရီလောက်ရှိသွားပြီဆိုရင် ဘေးပတ်ဝန်းကျင်ကို ၅ မိနစ်လောက် ဟိုကြည့်ဒီကြည့် လိုက်လုပ်ပေးပါ။ ဆက်တိုက် ဖုန်းကြည့်တာမျိုး ရှောင်ပါ။
🔸ဖန်းရဲ့ Brightness Level ကို အရမ်းမတင်ထားပါနဲ့။
🔸မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ။
မျက်လုံးထဲမှာ ခိုးလိုးခုလု ဖြစ်နေတယ်လို ခံစားနေရပြီး ကျိန်းစပ်သလို၊ အောင့်သလို ခံစားနေရရင် မျက်လုံး အဖွင့်အပိတ် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိ အကြောပြေပြီး နေရသက်သာပါလိမ့်မယ်။
ဒီနည်းက မျက်ရည်ခန်းခြင်းကို သက်သာစေပြီး အမှုန် ဝင်နေရင်လည်း သူ့အလိုလို ဖယ်ရှားပြီးသား ဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှု ကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။
- မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။
- မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံပြီး ၂ စက္ကန့်နေပါ။
- ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၂ စက္ကန့်နေပါ။
ဒီအတိုင်း အစက ပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။
🔸အေးတဲ့အရာ တစ်ခုခု ကပ်ပေးပါ။
မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေ တောင် သက်သာစေနိုင်ပါတယ်။
ရေခဲရေ ဆွတ်ထားတဲ့ အဝတ်လေး (wet tissue အေးအေးလေး ဆိုလည်း ရပါတယ်) ကို မျက်ခွံပေါ်မှာ ကပ်ပြီး ၅ မိနစ် ထားပါ။
ဒါမှမဟုတ် ရေခဲတုံးလေး တွေကို ပုဝါလေး နဲ့ ပတ်ပြီး မျက်ခွံမှာ ကပ်ပါ။ ၅ မိနစ်၊ ၁၀ မိနစ် ထားပါ။ ၂ ကြိမ် မှ ၃ ကြိမ် လုပ်ပေးနိုင်ပါတယ်။
🔸ခပ်ဖွဖွ နှိပ်နယ်ပေးပါ။
လက်ဖဝါးမှာ သံလွင်ဆီလေး နည်းနည်း ပွတ်ပါ။ လက်ချောင်းလေးတွေ သုံးပြီး မျက်ခုံးအပေါ်က ကြွက်သားတွေနဲ့ မျက်ခွံကို ၁၀ စက္ကန့်လောက် ဖွဖွ နှိပ်နယ်ပေးပါ။
အောက်မျက်ခမ်း၊ အောက်မျက်ရိုးနားကို ၁၀ စက္ကန့်လောက် နှိပ်ပေးပါ။
နားထင် နဲ့ ပါးရိုး အပေါ်ပိုင်းကို နှိပ်ပေးပါ။
တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ် လုပ်ပေးနိုင်ပါတယ်။
🔸လက်ဖဝါး အနွေးဓာတ် ပေးပါ။
သက်တောင့်သက်သာ ဖြစ်မယ့် အနေအထား နဲ့ ထိုင်ပါ။ လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာတဲ့ အထိ ပွတ်ပါ။ မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက်နဲ့ အုပ်ထားပါ။ မဖိရပါ။
ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီ ကြည့်ပါ။ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။
🔸မျက်လုံးအားကောင်းစေမယ့် မုန်လာဥနီတို၊ မြင်းခွာရွက်တို၊ ဟင်းသီးဟင်းရွက်တွေပါ စားပေးပါ။
🔸အပ်ရေးဝဝ အိပ်ဖိုလည်းလိုပါတယ်။ အိပ်ရေးမဝရင် မျက်လုံးက ပူစပ်ပူစပ်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။
ဆိုတော့ အားလုံးပဲ ဂရုစိုက်ကြပါ။
Credit:-
