Suncream လိမ်းဖို့ ပျင်းတဲ့ သူတွေ အတွက် Motivation တစ်ခုခု လိုနေပြီဆိုရင် ဒါလေးကို ဖတ်ပေးပါ။Sun cream ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်လေးတွေပါ။
Suncream အကြောင်း သိကောင်း စရာ အပိုင်း (၁)
အသက် ၆၉ နှစ်အရွယ် Truck ကားမောင်းသူ Kristen Johanssen ဟာ သူ ကားမောင်း သက်တမ်း ၂၈ နှစ်တစ်လျှောက် Selfie တစ်ပုံလောက် ဆွဲထားလိုက်ပါတယ်။အဲဒီပုံလေးဟာ မထင်မှတ်ဘဲ internet .social mediaမှာ အရမ်း နာမည်ကြီးသွားပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ပုံမှာ မြင်ရတဲ့ အတိုင်း သူ့ရဲ့ မျက်နှာ တစ်ဖက် ဟာ တခြား တစ်ဖက်ထက်ကို ပိုမို အိုမင်းရင့်ရောနေလို့ပါပဲ။ဒါကတော့ ကားမောင်းတဲ့သူတွေ အသိဆုံးပါ။ညာဘက်မှာ စတီယာရှိရင် ညာဘက်က ပို နေထိုးပြီး ဘယ်ဘက်မှာ စတီယာတိုင်ရှိရင် ဘယ်ဘက်က နေထိုးပြီး နေပိုလောင်တယ် ဆိုတာကိုပေါ့။ဒီဖြစ်စဉ်ကို ‘Photodamage Skin – Fabre-Racouchot system လို့ခေါ်ပါတယ်။
UVAနဲ့ UVB
UVA -ultra violet radiation (long wave)ကတော့ မျက်နှာကို အိုမင်းခြင်း(Aging)ကို ဖြစ်စေပါတယ်။UVB- ultra violet radiation (short wave) ကတော့ မျက်နှာအရေပြား နီမြန်း(Redness) တွေ ဖြစ်ပေါ်စေပါတယ်။ဒါအပြင် Skin cancer , တင်းတိတ်, skin aging တွေကိုပါ ဖြစ်စေပါတယ်။ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sun creamတွေကို UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်…
SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ။suncream က SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေ။<အကုန် မမှန်ပါဘူး> SPF 15 > 93%၊SPF 30> 97%၊SPF 50> 98% ကိုပဲ ကာကွယ်ပေးတာမလို့ SPF 15နဲ့ SPF 50က သိပ်မကွာပါဘူးနော် ၅%ဘဲ ကွာပါတယ်။(Higher SPF does not protect much Sunlight )
Sun cream တစ်မျိုးရဲ့ SPF (Sun protection factor)က Suncream က နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ။အကယ်၍ သင်ဟာ နေပူထဲထွက်ရင် ၁၀ မိနစ်ဆိုရင် နေလောင်ပြီဆိုရင်
- SpF15 ဆိုရင်> ၁၅*၁၀ မိနစ် ~ ၁၅၀ မိနစ် ကြာရှည်ပါတယ်
- Spf 30ဆိုရင် > ၃၀* ၁၀မိနစ် ~ ၃၀၀ မိနစ် ကြာရှာခံပါတယ်
- SPF 50ဆိုရင် > ၅၀*၁၀မိနစ် ~ ၅၀၀ မိနစ် ကြာရှည်ခံပါတယ်နော်
အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်။ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်တာကို ပြောတာပါနော်။ဒါဆိုရင် Sun cream နဲ့ ပက်သက်ပြီး မှားယွင်းစွာသိနေတဲ့ အချက်လေးတွေကို စုစည်းပြီး ဖော်ပြသွားပါမယ်။စျေးကြီးတဲ့ Suncream တွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား။ အဖြေ ~ နိုးပါ (စျေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)
Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား။ အဖြေ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)foundation /cushion / Base / Tone up cream/ သနပ်ခါးကို လိမ်းထားရင် Sun cream လိမ်းစရာ မလိုဘူးလား။ အဖြေ ~ နိုးပါ (Foundation မှာ Sun protection ပါပေမယ့် Suncreamမှာ ပါသလောက် မကာကွယ်နိုင်ပါဘူး) ဒါဆို Suncream အကြောင်း သိကောင်းစရာ ပထမ အပိုင်းတော့ ဒီမှာပဲ ရပ်နားလိုက်ပါမယ် နောက်တစ်ပိုင်းကိုတော့ နောက်မှ သပ်သပ် ထပ်ရေးပေးပါမယ်ရှင့်။
