ကျွန်မတို့ဟာ တခြားလူဆီက ပြစ်တင်ဝေဖန်စော်ကားခြင်း၊ ပြဿနာဖြစ်သွားစေခြင်း၊လူကြီးမိဘက verbal, emotional abuse လုပ်ခြင်းတွေ ကြုံရတဲ့အခါ ဒေါသတွေထွက်မယ်၊အတော်ကြာတဲ့အထိ မကျေမချမ်းဖြစ်မယ်၊ ကလဲ့စားချေလိုမယ် စတာတွေဖြစ်နိုင်ပါတယ်။
အဲ့အချိန်ကျရင် ကျွန်မတို့အနေနဲ့ forgiveness(ခွင့်လွှတ်ခြင်း)ဖြင့် အကျိုးရှိစေနိုင်ပါတယ်၊ ငြိမ်ခံတာမကောင်းဘူးလို့ ငြင်းစရာရှိပါတယ်၊ တကယ်တော့ မကျေမချမ်းမှူတွေ၊ ကလဲ့စားချေလိုစိတ်တွေဟာ ကိုယ့်ကိုယ်ကို အကျဥ်းချလိုက်သလိုပါပဲ၊ ဒိစိတ်နဲ့ပဲ ပိတ်​မိနေပါတယ်။
Forgivenessဆိုတာ အကျဥ်းကျနေတဲ့ ကိုယ့်ကိုယ်ကို လွှတ်ပေးခြင်းဖြစ်ပါတယ်၊ forgiveလုပ်လိုက်ခြင်းဖြင့် တခြားလူ​ရဲ့အပြစ်ကင်းလွတ်တယ်၊ မေ့လိုက်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ သူမကောင်းတာလည်း ဆက်ရှိနေပေမယ့်ကိုယ်က ပူ​မနေတော့ဘဲ peaceဖြစ်စွာ ဆက်နေခြင်းဖြစ်ပါတယ်။
ကိုယ်က forgive ဖြစ်ပေမယ့် တစ်ဖက်လူက မပြောင်းလဲဘူးဆိုလည်း သူ့ကိစ္စပါ၊ forgiveness ရဲ့ အဓိကက ကိုယ့်ကိုယ်ကို လွတ်မြောက်အေးချမ်းဖို့ဖြစ်ပါတယ်။
ခွင့်လွှတ်ရမယ့်ထဲမှာ ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်ဖို့လည်းပါပါတယ်။
Forgiveness ရဲ့ အကျိုးကျေးဇူးများ
  1. လူမှုဆက်ဆံရေးပိုအဆင်ပြေတယ်
  2. စိတ်ကျန်းမာရေးပိုကောင်းမယ်
  3. stress, anxiety ရော့ကျစေမယ်
  4. depressionဖြစ်နိုင်ချေနည်းမယ်
  5. blood pressure အရမ်းမတက်တော့ဘူး
  6. immune system ပိုကောင်းလာမယ်
  7. နှလုံးကျန်းမာရေးကောင်းမယ်
  8. self esteem ကောင်းမယ်
လူတိုင်း အမှားနဲ့မကင်းပါဘူး၊ ဒီတိုင်းငြိမ်နေလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဖြေရှင်းစရာရှိရင်တော့ ဖြေရှင်းရပါမယ်၊ ဒါပေမယ့် အငြိုးအတေးတွေ ဆက်မထားလို့ရပါတယ်။
အမှားလုပ်မိသူက ကိုယ်ဖြစ်လည်း ကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ လိုပါတယ်၊ အမှားကိုလက်ခံ ဘာလုပ်လို့ရလဲစဥ်းစားပြီး ကိုယ့်ကိုယ်ကို လွယ်လွယ်ကူကူအပြစ်မတင်ဖို့လိုပါတယ်။ ခွင့်လွှတ်တတ်ကြပါစေ။