မိဘနဲ့သားသမီးကြားမှာ နားလည်မှုလွဲတာ သဘာဝဆိုပေမယ့် အခုလိုကာလမှာ နားလည်မှုလွဲလို့ ကတောက်ကဆဖြစ်လာတာတွေ ပိုတိုးလာနေတယ်လို့ တွေ့ရှိချက်တွေ ရှိလာပါတယ်။
လက်ရှိ crisis တွေကြောင့် အိမ်မှာနေရတဲ့ကာလများလာမှု၊ အလုပ်လက်မဲ့ဖြစ်မှု​​၊ ဝင်ငွေလျော့နည်းမှုစတာတွေဟာ မိသားစုဆက်ဆံရေးအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
မိဘဘက်ကလည်း ဝင်ငွေနဲ့ပတ်သက်လို့ စိတ်ဖိစီးမှု၊ ရောဂါဖြစ်မှာစိုးတဲ့ ဖိအားတွေကြောင့် သားသမီးတွေအပေါ် အရင်ကထက် ပိုပြောမိတာတွေရှိတတ်ပါတယ်။
သားသမီးဘက်ကလည်း ကျောင်းမသွားရ၊ ဘယ်ပညာ၊အလုပ်ရှာရမှန်းမသိ၊ တက်လမ်းမရေရာတာမို့ hopeless feeling နဲ့ ဖိစီးမှုဒဏ်ကိုလည်း ခံစားနေရပြန်တယ်။
အဲ့လိုနဲ့ အပြန်အလှန် အပူတွေပြောမိဆိုမိနဲ့ ကတောက်ကဆဖြစ်ကြပါတယ်။
အဲ့လို ကိုယ့်ဖိစီးမှုကို တစ်ယောက်နဲ့တစ်ယောက် မပုံချဘဲ မိမိရဲ့ emotion တွေကို ထိန်းညှိတာ၊ relax ဖြစ်စရာနည်းတွေ လုပ်တာ၊ counsellor တွေနဲ့ တွေ့တာတို့ကို လုပ်ခြင်းအားဖြင့် မိဘနဲ့သားသမီးကြားဆက်ဆံရေး အဆင်မပြေမှုတွေ လျော့ကျလာမှာဖြစ်ပါတယ်။
မိဘတွေ ထင်လေ့ရှိတာက လူငယ်ဆိုတာ stress မရှိဘူး၊ အားနေတယ်၊ ​တစ်ခုခုအလုပ်မရှာနိုင်ဘူးလား၊ သူများတွေ ဘာလုပ်နေပြီ စသဖြင့် မြင်တတ်ကြတယ်။
လူငယ်လည်း stress ရှိပါတယ်။ နဂို hopeless ဖြစ်နေတာမို့ အလုပ်တစ်ခုခုမရှာနိုင်ဘူးလားဟု ဆူပူခြင်းဟာ အနာကိုတုတ်နဲ့ ထိုးသလိုပါပဲ။
ဒီကာလမှာ အတွေ့အကြုံရှိတဲ့ လူကြီးတွေတောင် အလုပ်ခက်တာမို့၊ လူငယ်တွေအနေနဲ့ အလုပ်ရဖို့ ခက်တာကိုလည်း မိဘတွေအနေနဲ့ နားလည်ပေးသင့်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် တခြားလူများ အလုပ်​အဆင်ပြေနေသော်လည်း ကိုယ့်သားသမီးမပြေသေးခြင်းမှာ အပြစ်ဟုတ်မနေပါဘူး​နော်။
သားသမီးဘက်ကလည်း မိဘတွေဟာ ဝင်ငွေ tension ကို ထမ်းထားတာမို့ အမြဲကလန်ကဆန်ပြောတာမျိုး မလုပ်ကြဘဲ အပြန်အလှန် နားလည်မှုယူ၊ ရှင်းပြဆွေးနွေးခြင်း၊ တတ်နိုင်သလောက်အိမ်မှာကူညီခြင်း၊ အထက်ကပြောသလို ၂ဖက်လုံး မိမိစိတ်ကို အရင်ထိန်းညှိခြင်းတို့ကို သတိထားပြုမူတဲ့အခါ မိဘနဲ့သားသမီးကြား positive relationship တွေ ဖြစ်နေမှာ အသေအချာပါပဲ။